17 December, 2012
ဘားကုဒ်တွေကို ဘယ်လို ဖတ်ကြမလဲ
13 October, 2012
Wireless ခရီးဆောင် လက်ဆွဲအိတ်
Hop Suitcase ဆိုတာ လေဆိပ်မှာ သင်သွားရာ နောက်ကို လက်နဲ့ဆွဲစရာ မလိုပဲ တကောက်ကောက် လိုက်မယ့် ခရီး ဆောင် လက်ဆွဲအိတ် တစ်မျိုးဖြစ်ပါတယ်။



03 October, 2012
Anyway - What Mother Teresa has to say...
Forgive them anyway.
If you are kind, people may accuse you of selfish, ulterior motives;
Be kind anyway.
If you are successful, you will win some false friends and some true enemies;
Succeed anyway.
If you are honest and frank, people may cheat you;
Be honest and frank anyway.
What you spend years building, someone could destroy overnight;
Build anyway
If you find serenity and happiness, they may be jealous;
Be happy anyway.
The good you do today, people will often forget tomorrow;
Do good anyway.
Give the world the best you have, and it may never be enough;
Give the world the best you've got anyway.
You see in the final analysis, it is between you and God;
It was never between you and them anyway.
----------------------------------------------------
by Mother Theresa and/or Dr Kent Keith (*)
04 September, 2012
Woman Marries Herself

Uninspired by the men she’s met but facing social pressure to get married, the 30-year-old Taipei office worker will hold the reception next month in honor of just one person.
“Age thirty is a prime period for me. My work and experience are in good shape, but I haven’t found a partner, so what can I do?” Chen said. ”It’s not that I’m anti-marriage. I just hope that I can express a different idea within the bounds of a tradition.”
Her $5,675 wedding comes after online publicity that has netted 1,800 largely sympathetic comments.
“I think there will be more and more girls like this,” said “divagirl,” who did not elaborate.
Taiwanese women are marrying later and less often as their economic status advances, fuelling government concerns about a drop in the birth rate and its impact on productivity.
Only 40 percent of women surveyed earlier this year by the education ministry said they imagined married people could live better than singles, local media said.
“I was just hoping that more people would love themselves,” said Chen, who will go on a solo honeymoon to Australia.
Chen said her mother had insisted on a groom at first but later jumped aboard the solo marriage plan.
“If I had a steady boyfriend, I wouldn’t do this,” Chen said. “it would be offensive to him, anyway.”
Source: Reuters link
စကားပုံ အသစ်ကလေးများ
everytime making beauty.
03 September, 2012
ညစ်ပတ်လာရင် ရေစိမ်ဆေးလို့ရမယ့် ကီးဘုတ်တစ်မျိုး Logitech မှထုတ်လုပ်
Ref:www.logitech.com
Photo courtesy of Logitech. All Rights Reserved.
iPad လက်နှိပ်စက် သို့မဟုတ် iTypewriter
ခလုပ်များအလိုအလျောက်ကြွတက်လာမည့် Touch Screen နည်းပညာသစ်
user interface အနေနဲ့ ထိတွေ့ဖန်သားမျက်နှာပြင်အသုံးပြုမှုဟာ အရင်လို မဟုတ်တော့ပဲ ခလုပ်တစ်ခုခုကို နှိပ်တော့မယ်ဆို မျက်နှာပြင်ကနေ ခလုပ်များ အလိုအလျောက် ကြွတက်လာတာမျိုး ဖြစ်ပါတယ်။
အသုံးမပြုတော့ဘူးဆိုရင်လည်း ယင်း ခလုပ်များဟာ အလိုအလျောက် ပြန် နိမ့်ကျပြီး မြေပြင်ညီ ဖန်သားအဖြစ် ပြန်လည်တွေ့မြင် ရမျာ ဖြစ်ပါတယ်။
ယင်းနည်းပညာကို haptics technology /microfluid technologyလို အမည်ပေးထားပြီး သတ္တုများဟာ ယခင် Touch screen ဖန်သားမျက်နှာပြင်လို မာကျောနေမှာ မဟုတ်ပဲ ပျော့ပျော့ ပြောင်းပြောင်း ရှိစေမှာ ဖြစ်ပါတယ်။ အသုံးလိုတဲ့အခါ မျက်နှာပြင်ဟာ Physically ပြောင်း လဲပြီး Button များအလိုလျောက် ခုံးထွက်လာစေ မှာ ဖြစ်ပါတယ်။
မိုဘိုင်းဖုန်း၊ Tablet, Notebook, PC အစရှိသဖြင့် မော်ဒန် နည်းပညာ ပစ္စည်းများမှာ အစားထိုး အသုံးပြုစေမှာ ဖြစ်ပါတယ်။
တီထွင်သူ ကုမ္ပဏီကတော့ Tactic Technology ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရုံးဆိုက်ပါတယ်။ ယင်းနည်းပညာကို သတင်းစာရှင်းလင်းပွဲတွေမှာ မိတ်ဆက်ပြသပြီးနောက် မိုဘိုင်းဖုန်း ကုမ္ပဏီကြီးများက စိတ်ဝင်စားလျက်ပါတယ်။
http://vimeo.com/43431035
မိုဘိုင်း ဟန်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ
ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-
skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။
ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်
မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။
အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း
အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။
မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်
မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။
မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်
ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ
မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။
ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။
အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။
19 August, 2012
Why do we need to practice English language?
English is not our mother language but it is so useful. When I read a paragraph in English, it is not interested because it is not my mother language. But I try to read it. It can give so many practice and skill to learn English language. I want to be a professional in English. When I am so fluently in English I can go around the world. One day if I have a change to tour Europe, at that time it is useful and when I go out to the world it can be useful and benefit for me.
What should I do to improve my English? Whenever I asked myself, I have to practice more and more not lazy. There is twenty- four hours for a day we get. But a clever man is using them beneficially for their life. Whatever I will be I am going to try hard. I want to be a professional at my work and also in English.
I am mid-twenty now. There are a lot of time I wasted and lazy. As a lazy man, there is no time to practice, to read, and to learn. If I really have that desire, I should have time for learn and study for that.
13 May, 2012
Charge iPhone with Water
မယုံမရှိပါနဲ့ လက်တွေ့ ဖြစ်နိုင်နေပါပြီ... Swedish Company တစ်ခုက ရေကို အသုံးပြုပြီး စွမ်းအင် ထုတ်ပေးနိုင်တဲ့ PowerTrekk အမည်ရတဲ့ Charger ကို တီထွင်ထုတ်လုပ် လိုက်ပါပြီ။ တစ်ကယ်တော့ PowerTrekk ကို မနှစ်က ဘာစီလိုနာ မှာ ကျင်းပပြုလုပ်တဲ့ Mobile World Congress မှာထဲက မိတ်ဆက်ခဲ့ပြီးသားပါ။
Charger မှာ မှန်သားအိမ် နဲ့ ရေထည့်ဖို့ခွက် အဓိကပါရှိပါတယ်။ အလွယ်တစ်ကူ နေရာတစ်ကာ သယ်သွားနိုင်အောင် ပေါ့ပေါ့ပါးပါး သေးသေး သွယ်သွယ်ပဲ ပြုလုပ်ထားပါတယ်။ ရေကိုသာ Fuel Cell အဖြစ် အသုံးပြုပြီး စွမ်းအားထုတ်ပေးခြင်း ဖြစ်လို့ iPhone မှတင် မဟုတ်ပါဘူး USB နဲ့ အားဖြည့်သွင်းတဲ့ မည်သည် Digital ပစ္စည်းမဆို ဒီ Charger နဲ့ အားပြန်သွင်းနိုင်ပါတယ်။
အံ့သြဖွယ်ရာ တီထွင်မှုဖြစ်ပြီး ရေခံခွက်ငယ်လေးထဲကို ရေအနည်းငယ်ထည့်၊ USB ကြိုးနဲ့ iPhone ကိုသွယ်ပေးလိုက်ရုံဖြင့် အားသွင်းနေပါပြီ။ အားသာချက် အရှိဆုံးကတော့ USB ကြိုးသုံးသော ကြိုက်တဲ့ Device ကို အားသွင်းလို့ရပါတယ်။
Powerpukk လို့အမည်ရတဲ့ အောက်ခံခွက်မှာ Sodium Silicide ထည်သွင်းထားပြီး ရေနှင့် ထိတွေ့သောအခါ ဓါတ်ပြုပြီး Hydrogen gas ထုတ်ပေးပါတယ်။ ထိုမှတစ်ဆင့် စွမ်းအင် အဖြစ် ပြောင်းလဲပြီး အားသွင်းယူနိုင်ပါတယ်။
PowerTrekk ကို မေလ (သို့) ဇွန်လ တွင် ဈေးကွက်တွင်း ရောက်လာနိုင်မှာ ဖြစ်ပြီး ရောင်းဈေးမှာ $200 နှင့် $250 ကြားဖြစ်ပါလိမ့်မယ်။ အောက်ခံခွက်ကိုလဲ $4 ဖြင့် အသစ်လဲလှယ်နိုင်ပါတယ်။
အသေးစိတ်သိလိုပါက Official Website တွင် ကိုယ်တိုင် ဝင်ရောက် လေ့လာနိုင်ပါသည်။
Link........... http://www.moethagyar.info
14 April, 2012
Project Glass (Google)


အသုံးပြုသူအနေနဲ့ အင်တာနက်နဲ့ ဆက်သွယ်ထားတဲ့ ခေတ်လွန်ပုံစံ မျက်မှန်သစ် တမျိုးကို နယူးယောက်မြို့မှာ ထုတ်ပြလိုက်တာပါ။
မျက်မှန်တပ်ထားသူဟာ လမ်းလျှောက်ရင်း အင်တာနက်ပေါ်မှာ Chatting စကားပြောလို့ ရမှာဖြစ်သလို.. မြေပုံလမ်းညွှန်တွေ၊ ကိုယ် သွားမယ့် မြေအောက်ရထားဘူတာ ပိတ်ထားသလား ဆိုတာကိုတောင် သိနိုင်မှာဖြစ်ပါတယ်။
မျက်မှန်နဲ့ ဓာတ်ပုံရိုက်ယူလို့ ရသလို အနီးအနားမှာ မိတ်ဆွေ သူငယ်ချင်းတွေ ရှိနေသလား ဆိုတာကိုလည်း ရှာဖွေပေးမှာပါ။
ကော်ဖီသောက်ချင်တယ်ဆိုရင်လည်း အနီးဆုံးဘယ်နေရာမှာရှိမလဲ ဆိုတာကို သိနိုင်ပါလိမ့်မယ်။
ဒါပေမဲ့လည်း မျက်မှန်သစ်ဟာ လတ်တလော စမ်းသပ်တဲ့ အဆင့်မှာပဲ ရှိနေသေးပြီး ဆိုင်တွေမှာ ၀ယ်လို့တော့ မရသေးဘူးလို့ Google ကပြောပါတယ်။
ဒီမျက်မှန်ကို တခြား ဘယ်နေရာတွေမှာ သုံးလို့ ရဦးမလဲဆိုတာ လူတွေရဲ့ အကြံပေးချက်တွေကို လိုချင်တယ်လို့လည်း ပြောပါတယ်။
ဒီလိုပဲ လူတဦးချင်း လွတ်လပ်ခွင့် ထိခိုက်နိုင်တဲ့ အပိုင်းတွေ ရှိမရှိ၊ နည်းပညာကျွမ်းကျင်သူတွေရဲ့အမြင်တွေနဲ့ ပါဝါမျက်မှန် တပ်ဆင်ရသူတွေအတွက် မျက်မှန်သစ်ကို ဘယ်လိုသုံးလို့ ရနိုင်မလဲဆိုတာတွေကိုလည်း စဉ်းစားမယ်လို့ Google ကုမ္ပဏီက ပြောပါတယ်။
ဗီဒီယို လေးပါ ကြည့်ချင်တယ်ဆိုရင် http://www.youtube.com/watch?v=9c6W4CCU9M4 မှာ ကြည့်ရှုနိုင်ပါတယ်။
23 March, 2012
အလုပ်လုပ်ချိန်မှာ အစဉ်လိုက်သိသင့်သောအရာ ၁ဝခု
(၁) အလုပ်အကိုင်
အရင်တန်ဖိုးထား၊ အသိအမှတ်ပြုပါ။ ပြီးမှ ရာထူးတိုးအောင်လုပ်ပါ။
(၂) ပြောဆိုဆက်ဆံရေး
တူညီမှုအရင်ရယူပါ။ ပြီးမှ ကွဲလွဲတာကို ဆွေးနွေးပါ။
(၃) အကောင်အထည်ဖော်မှု
ဖြစ်မြောက်အောင်အရင်လုပ်ပါ။ ပြီးမှ အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းပါ။
(၄) သင်ယူမှု
အရင်ဆုံးမှတ်သားပါ။ ပြီးမှ မှတ်ဉာဏ်ထဲထည့်ပါ။
(၅) ပြုလုပ်ဖန်ဆင်းမှု
အရင်ဆုံး အတုယူပါ။ ပြီးမှ ဆန်းသစ်တီထွင်ပါ။
(၆) စီးပွားရေးလုပ်ငန်း
အရင်ဆုံးဖြစ်ထွန်းအောင်ပျိုးထောင်ပါ။ ပြီးမှ အောင်မြင်မှုကိုရယူပါ။
(၇) ဖွံ့ဖြိုးတိုးတက်မှု
အရင်ဆုံး မတ်မတ်ရပ်နိုင်အောင်လုပ်ပါ။ ပြီးမှ မြင့်မားအောင်လုပ်ပါ။
(၈) လူလူချင်းဆက်ဆံရေး
လဲလှယ်ပြောဆိုပါ။ ပြီးမှ စိတ်အချင်းချင်း ဖလှယ်ပါ။
(၉) ကိုယ့်ကိုယ်ကို ကောင်းအောင်အရင်လုပ်ပါ။ ပြီးမှ တခြားလူကို တောင်းဆိုပါ။
(၁ဝ) စိတ်ခံစားချက်ကို အရင်ဖြေရှင်းပါ။ ပြီးမှ ကိစ္စရပ်ကို ဖြေရှင်းပါ။
(၄) သင်ယူမှု
အရင်ဆုံးမှတ်သားပါ။ ပြီးမှ မှတ်ဉာဏ်ထဲထည့်ပါ။
(၅) ပြုလုပ်ဖန်ဆင်းမှု
အရင်ဆုံး အတုယူပါ။ ပြီးမှ ဆန်းသစ်တီထွင်ပါ။
(၆) စီးပွားရေးလုပ်ငန်း
အရင်ဆုံးဖြစ်ထွန်းအောင်ပျိုးထော
(၇) ဖွံ့ဖြိုးတိုးတက်မှု
အရင်ဆုံး မတ်မတ်ရပ်နိုင်အောင်လုပ်ပါ။ ပြီးမှ မြင့်မားအောင်လုပ်ပါ။
(၈) လူလူချင်းဆက်ဆံရေး
လဲလှယ်ပြောဆိုပါ။ ပြီးမှ စိတ်အချင်းချင်း ဖလှယ်ပါ။
(၉) ကိုယ့်ကိုယ်ကို ကောင်းအောင်အရင်လုပ်ပါ။ ပြီးမှ တခြားလူကို တောင်းဆိုပါ။
(၁ဝ) စိတ်ခံစားချက်ကို အရင်ဖြေရှင်းပါ။ ပြီးမှ ကိစ္စရပ်ကို ဖြေရှင်းပါ။
လည်နေတဲ့ တိုက်

ပုံမှာမြင်တွေ့ရတာကတော့ ဘရာဇီးနိုင်ငံမှာရှိတဲ့ Suite Vollard ကုမ္ပဏီမှ တည်ဆောက်ခဲ့တဲ့ တိုက်ဖြစ်ပါတယ်။
ယင်းတိုက်ဟာ ၁၁ ထပ်ရှိပြီး တစ်ထပ်စီ တစ်ထပ်စီဟာ ၃၆၀ ဒီဂရီ လည်ပတ်လို့ရပါတယ်။ အဲဒီလိုလည်ပတ်နိုင်အောင် စက်ခန်းတစ်ခုမှ ထိမ်းချုပ်ပေးထားမှာ ဖြစ်ပြီး တစ်ပတ်အပြည့် လည်ဖို့အတွက် တစ်နာရီတိတိ ကြာမြင့်မှာ ဖြစ်ပါတယ်။ တိုက်ကို ဖန်သုံးမျိုးနဲ့ အသုံးပြု အလှဆင် ထားပြီး လည်နေတဲ့အခါမှာ အင်မတန်လှပတဲ့ Effect တွေပေးစွမ်းမှာ ဖြစ်ပါတယ်။
တစ်ထပ်ထစ်ထပ်စီရဲ့ ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ သုံးသိန်းရှိတယ်လို့ သိရပါတယ်။
ကားလမ်းမပေါ်ဖြတ်၍ တည်ဆောက်ထားသော လေဆိပ်

ကားလမ်းမပေါ် ဖြတ်၍တည်ဆောက်ထားသော လေဆိပ် အမှန်တကယ်ရှိပါတယ်။ တည်နေရာကတော့ လစ်ဘရိန်းပင်နီဆူလ ကျွန်းရဲ့ တောင်ဘက်စွန်းမှာ ရှိသော ဗြိတိန်ပိုင် ကျွမ်းမြို့ တစ်ခုဖြစ်တဲ့ Gibraltar ကျွမ်းမှာ ဖြစ်ပါတယ်။ Gibraltar လို့ အမည်ရတဲ့ ယင်းလေဆိပ်ဟာ Gibraltar ကနေ စပိန်နိုင်ငံသို့ ဖောက်လုပ်ထားတဲ့ အဝေးပြေး လမ်းမပေါ် ဖြတ်ပြီး တည်ဆောက်ထားပါတယ်။
လေယာဉ်ပြေးလမ်း အသုံးပြုတော့မယ် (တစ်နည်း) လေယာဉ်ပျံ မိုးပေါ်ပျံ တက်တော့ မယ်ဆိုရင် ကားလမ်းမကြီးကို ယာယီပိတ်ထားရပါတယ်။ ယင်းလေဆိပ်ကို ဒုတိယ ကမ္ဘာစစ်ကာလ ၁၉၃၉ ခုနှစ်က ဗြိတိန်တော်ဝင်လေတပ်တို့ ကိုယ်တိုင်တည်ဆောက်ပြီး စတင်အသုံးပြုခဲ့ပါ တယ်။
ယခုချိန်အထိလည်း ဗြိတိန်တော်ဝင်လေတပ်မှ အသုံးပြုဆဲဖြစ်ပြီး ခရီးသည်ပို့ဆောင်ရေး အတွက်လည်း အသုံးပြုပါတယ်။
Gibraltar Airport ဟာ ကမ္ဘာပေါ်မှာ အဝေးပြေးလမ်းမပေါ်ဖြတ်ပြီး တည်ဆောက်တဲ့ တစ်ခုတည်းသော လေယာဉ်ကွင်း ဖြစ်ပါတယ်။
လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့
၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။
၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။
၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။
၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။
၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။
၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။
၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။
၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။
၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။
၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။
၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။
၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။
၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏ
၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။
၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။
၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။
၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။
၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။
Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)
အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။
စာဖတ်သူတို့ Folder တစ်ခုကို con လို့အမည်ပေးပြီး ဖန်တီးကြည့်ပါ။ ယင်းကဲ့သို့ အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။
Sony ၏ လက်ပတ် ကွန်ပျူတာ










Sony မှ ၂၀၂၀ ခုနှစ်မှာ ထုတ်လုပ်ုဖြန့််ချိမဲ့ လက်ပတ် ကွန်ပျူတာဖြစ်ပါတယ်။
ပျော့ပြောင်းတဲ့ OLED touchscreen အမျိုးအစား ဖြစ်မဲ့ ယင်းဖန်သားပြင်မျိုးကို လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကလည်းက Sony တင်မကပဲ အခြား နည်းပညာကုမ္ပဏီကြီးတွေပါ ပွဲထုတ်ပြသခဲ့ ဖူးပါတယ်။
သို့ပေမဲ့ ယင်းသို့ ပွဲထုတ်ချိန်မှာ မိုဘိုင်းဖုန်းဖြစ်လာမယ်လို
မိုဘိုင်းဖုန်းတင်မကပဲ ကွန်ပျူတာ အဖြစ်ပါဖန်တီးမဲ့ ပျော့ပျောင်း သတ္တုသုံး နည်းပညာပစ္စည်းများကို Sony မှ နောင် ၆ နှစ်၊ ၇ နှစ်မှာ အပြီးသတ်ထုတ်လုပ်မှာ ဖြစ်ပါတယ်။
သယ်ဆောင်ရလွယ်ကူပြီး လက်မှာ ပတ်ထားလို့ရမဲ့ ကွန်ပျူတာကို ပုံမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
19 March, 2012
စကားပုံ အသစ်ကလေးများ
(၁) အပြောယဉ်လျှင် ချစ်စရာ၊ သဘောစင်လျှင် မပစ်သာ။
Nice talks make love; Perfect attitude holds hands.
(၂) သင်တိုင်းလည်း မပေါက်ပါ၊ ခင်တိုင်းလည်း မထောက်ညှာ။
Teaching is not in touch for all; Every liking is not sympathy.
(၃) သွေးတိုင်းလည်း မထက်ပါ၊ ပေးတိုင်းလည်း မသက်ညှာ။
Sharping always-never be; paying always are not a good wish.
(၄) ဟောင်းတိုင်းလည်း မဆွေးပါ၊ တောင်းတိုင်းလည်း မပေးရာ။
Every old thing is not damaged; Give not the asking (need) often.
(၅) ကျွေးတိုင်းလည်း မခင်ပါ၊ သေးတိုင်းလည်း မယဉ် ပါ။
Serving can not be liked; Every small thing is not attractive.
(၆) သည်းခံလျှင် မမှားပါ။ အကျည်းတန်လျှင်လည်း မစားသာ။
It is right to be patient; Ugly face is to be avoided.
(၇) ဆေးတိုင်းလည်း မစင်ပါ၊ ပေးတိုင်းလည်း မကြင် နာပါ။
Every washing is not clean; Every giving is not for kindness.
(၈) ပြောတိုင်းလည်း မမှန်ပါ၊ ချောတိုင်းလည်း မဟန်ပါ။
Usually talk is not truth; Beauty is only for the skin mark.
(၉) မေးတိုင်းလည်း မဖြေရာ၊ ဆွေးတိုင်းလည်း မပြေပါ။
Don't be ready for any question; Sometimes regret never dies.
(၁၀) တွေးလို့လဲ မရေရာ၊ ဝေးလို့လဲ မနေသာ။
Unsettled thoughts! Getting away is impossible.
(၁၁) မေးတိုင်းလဲ မရပါ၊ ဖွေးတိုင်းလည်း မလှပါ။
Inquiries won't be favoured always; Even-white is not a beauty.
(၁၂) မ,တိုင်းလည်း မကြွပါ၊ သ,တိုင်းလည်း မလှပါ။
It is not a move trying to pick; Not lovely
everytime making beauty.
(၁၃) ပွဲတိုင်းလည်း မကပါ၊ တွဲတိုင်းလည်း မရပါ။
Not to dance ever; Go together; stay closely, but not in married life.
(၁၄) သစ်တိုင်းလည်း မကောင်းရာ၊ ချစ်တိုင်းလည်း မပေါင်းပါ။
Every thing's new, but not good quality; Love but not to be getting married.
(၁၅) လူတိုင်းလည်း မအပါ၊ ချူတိုင်းလည်း မရပါ။
Every body is not foolish; persuading is not the winning.
(၁၆) ရစ်တိုင်း မယိုင်ပါ၊ ချစ်တိုင်းလည်း မပိုင်ပါ။
Not slant by winding; Possess not love.(Making love, but agree not)
(၁၇) နောက်ကျန်လျှင် မထောင်းသာ၊ ဖောက်ပြန်လျှင် မကောင်းပါ။
It is not negligible being left; Not good changing for the worse.
(၁၈) ဖြစ်လျှင် ပျက်တတ်သည်၊ သစ်လျှင် မက်တတ် သည်။
Occuring follows by raining; The new one is to be mostly fond of.
မူရင်းလင့်-http://www.knowledgebridge.net/index.php?option=com_content&view=article&id=253:2010-01-08-04-31-03&catid=51:english&Itemid=117
02 March, 2012
ပျော်ရွှင်စေသောစကားတစ်ခွန်း
ကျင်းပခဲ့တယ်။ အဲဒီအစီအစဉ်က အမျိုးသမီး ပရိသတ်တွေဆီကနေ
"အပျော်ရွှင်စေဆုံးစကားတစ်ခွန်း" တောင်းဆိုတဲ့ အစီအစဉ်ဖြစ်တယ်။
ကြေညာချက်ထုတ်ပြန်ပြီးနောက် အနယ်နယ်အရပ်ရပ်က ပရိသတ်ရဲ့စာတွေ အသံလွှင့်ဌာနဆီ
ပလူပျံခဲ့တယ်။
စာတွေအများကြီးထဲမှာ နောက်ဆုံး *"နင်အိပ်နေ.. ငါထမယ်"* ဆိုတဲ့ စကားတစ်ခွန်းက
ပထမရသွားခဲ့တယ်။
"နင်အိပ်နေ.. ငါထမယ်" ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ဒီလို
ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့တယ်။
ငယ်ရွယ်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ မင်္ဂလာဆောင်ပြီး သိပ်မကြာခင်မှာပဲ
ကလေးရလိုက်တယ်။ ကလေးထိန်းခေါ်ဖို့ အပိုဝင်ငွေမရှိတာကြောင့်
မိန်းမဖြစ်သူက အိမ်မူကိစ္စနဲ့ ကလေးထိန်းတာဝန်ကိုယူပြီး ယောက်ျားဖြစ်သူက
စားဝတ်နေရေးအတွက်
အလုပ်ထွက်လုပ်ခဲ့တယ်။
ဒါပေမယ့် ကလေးငယ်က မိဘတွေ မျှော်လင့်ထားသလို မကျန်းမာခဲ့ဘူး။
အသားဝါရောဂါဖြစ်လိုက် အဆုတ်ရောင်ရောဂါဖြစ်လိုက်နဲ့ ချူချာခဲ့တယ်။
ကလေးရောဂါကုဖို့ ယောက်ျားအလုပ်ပိုကြိုးစားခဲ့သလို မိန်းမကလည်း နေ့မအား ညမအား
ကလေးငယ်ကို
ပြုစုစောင့်ရှောက်ခဲ့တယ်။
ကလေးငယ် အသက်ရှင်ကျန်းမာဖို့ မျှော်လင့်ရင်း ဇနီးမောင်နှံနှစ်ဦးဟာ
တစ်ဦးကိုတစ်ဦး ယုံကြည်မှုတွေ၊ ရဲစွမ်းသတ္တိတွေ ဖြည့်ခဲ့ကြတယ်။
အလုပ်ကပြန်လာတိုင်း ယောက်ျားဖြစ်သူဟာ အိမ်ထဲမဝင်ခင် ရှုပ်ပွနေတဲ့ဆံပင်၊
အင်္ကျီတွေကို
သပ်သပ်ရပ်ရပ်ပြုပြင်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာကို လန်းဆန်းတက်ကြွတဲ့
အသွင်ဆောင်ပြီးမှ
တံခါးခေါက်လေ့ရှိတယ်။ မိန်းမဖြစ်သူကလည်း ယောက်ျားရဲ့
အိမ်အပြန်ခြေသံကိုကြားတာနဲ့
ညှိုးနွမ်းနေတဲ့ မျက်နှာထားကိုပြင်၊ ဖရိုဖရဲ ဆံပင်၊ အင်္ကျီတွေကိုပြင်ပြီးမှ
တက်ကြွတဲ့အပြုံးနဲ့ ယောက်ျားကို
တံခါးဖွင့်ကြိုဆိုလေ့ရှိတယ်။
တစ်နေ့မှာ တံခါးအပြင်က ယောက်ျားဖြစ်သူရဲ့ လျှို့ဝှက်ချက်ကို
မိန်းမသိသွားခဲ့တယ်။ ဒါပေမယ့်လည်း မျက်ရည်စီးကြောင်းတွေကို
အမြန်ဖျက်ပြီး အပြုံးနဲ့ ယောက်ျားကို တံခါးဖွင့် သူကြိုခဲ့ပါတယ်။
လင်ယောက်ျားကို ပိုသနားကြင်နာမိတဲ့ မိန်းမဟာ ညအခါ
ကလေးငိုချိန် သူဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်နေပါစေ ယောက်ျားကို မနှိုးရက်ဘဲ
တစ်ယောက်ထဲ
တိတ်တိတ်ဆိတ်ဆိတ်ထပြီး ကလေးကိုချော့မြူခဲ့တယ်။
မိန်းမရဲ့လျှို့ဝှက်ချက်ကို ယောက်ျားသိသွားပြီးတဲ့နောက် မိန်းမကို
ပိုဂရုစိုက်ကြင်နာခဲ့တယ်။ ညမှာ ကလေးလေးငိုတာနဲ့ သူချက်ချင်းထတတ်ပြီး
မိန်းမကို "နင်အိပ်နေ.. ငါထမယ်" ဆိုပြီး ပြန်အိပ်ခိုင်းစေခဲ့တယ်။
ကျန်းမာရေးမကောင်းတဲ့ ကလေးငယ်က ညတိုင်းလိုလို
ဂျီကျငိုယိုတော့ လင်ယောက်ျားရဲ့ အဲဒီစကားတစ်ခွန်းကိုလည်း ညတိုင်းလိုလို
မိန်းမကြားခဲ့ရတယ်။
ဇာတ်လမ်းကို အစီအစဉ်တင်ဆက်သူ ပြောအပြီးမှာ ပရိသတ်ကြားကနေ တစ်ခေါင်းလုံး
ဆံပင်ဆွတ်ဆွတ်ဖြူနေတဲ့ လင်မယားနှစ်ဦး တစ်ယောက်လက်ကို
တစ်ယောက်တွဲပြီး ထရပ်တယ်။ မိန်းမဖြစ်သူက ရစ်ဝဲနေတဲ့မျက်ရည်နဲ့
ပရိသတ်ဖက်လှည့်ပြီး
"ဇာတ်လမ်းထဲက ယောက်ျားဟာ သူပါ။ ကျွန်မတို့ အိမ်ထောင်သက် ၅၈နှစ်ရှိပါပြီ။
အဲဒီစကားတစ်ခွန်းက
ကျွန်မရင်ကို ခုထက်ထိ နွေးထွေးစေပါတယ်"
လို့ပြောတယ်။
မိန်းမရဲ့စကားကိုကြားတော့ ယောက်ျားက သွားမရှိတော့တဲ့ ပါးစပ်ကိုဟပြီး ရယ်တယ်။
ပရိသတ်အများရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်ဥလေးတွေ
တွဲခိုနေခဲ့တယ်။
*"အပျော်ရွှင်စေဆုံး စကားတစ်ခွန်း"က တကယ်တော့ ကျွန်တော်တို့ရင်ဘတ်ထဲကနေ
ထွက်လာတဲ့ စစ်မှန်တဲ့ အပြုအမူလေးတစ်ခုဖြစ်တယ်။
အဲဒီအပြုအမူလေးတစ်ခုက ချစ်ခြင်းမေတ္တာကို နှိုးဆွနိုင်ခဲ့တယ်။ လောကကြီးကို
ချစ်ခြင်းရနံ့တွေ ဖြန့်လွှင့်ပြီး
မွှေးကြိုင်စေခဲ့ပါတယ်။*
သင့်ရဲ့အပျော်ရွှင်စေဆုံး စကားတစ်ခွန်းက ဘာလဲ? (ချရေးကြည့်ပါ)
သူ့အတွက် အပျော်ရွှင်စေဆုံး စကားတစ်ခွန်း သင်ပြောခဲ့ပြီးပြီလား?
28 February, 2012
ဧချင်း
အဝေးမပြေးရင် ဖြေသာပါတယ်။
အရိပ်ကလေး မြင်ရရုံနဲ့
စိတ်အဆွေး ရွှင်ပျသူပါ။
စွဲလမ်းတယ် ဆိုတာထက်
အမြဲတမ်းအတွက် ရည်ရွယ်သူပါ။
ပြန်မချစ်ရင် နေပါ
ကျန်ရစ်သူရဲ့
ဘ၀အရှုံး တစ်သက်လုံးအတွက်
ပြုံးပြရင်းလည်း ကျေနပ်မယ်။
အမုန်းမဲ့ ထုဆစ်ထားတဲ့
အပြုံးတုပဲ ဆိုပါတော့။
ခြောက် သွေ့ ပဲ့ ကြေ
နွေကမ်းခြေမှာ
စမ်းရေအဖြစ် သိမ်းထားမယ်။
မောင်လှမျိုး {ချင်းချောင်းခြံ}
25 February, 2012
02 January, 2012
မြန်မာစာလုံးပေါင်းသတ်ပုံများ
စကားပြောတဲ့အခါ သတ်ပုံ၊ သတ်ညွှန်းမလိုအပ်ပေမယ့် စာရေးသားတဲ့အခါလိုအပ်ပါတယ်။ စာရေးသားတဲ့အခါ အသံထွက်အတိုင်း ရေးတဲ့အတွက်မှားနိုင်ပါတယ်။ ဥပမာ - ဂွေးတောက်ရွက်၊ ဂျင်းတက်၊ ဂတိ၊ ဂုတ်ဆက်၊ ဂျီးများ၊ ဒညင်းသီး၊ ဖြေးဖြေး၊ မျှားဆိပ်၊ လျှင်မြန်၊ လျှက်ဆား၊ မွှေ့ယာ၊ မွှေးညင်း၊ လေးဘက်နာ၊ ဟင်းနုနွယ်၊ အသဲလို့ရေးတာမျိုးပေါ့။ အဲတာတွေဟာ အမှားတွေပဲ ဖြစ်ပါတယ်။ သတ်ပုံအမှန်က - ခွေးတောက်ရွက်၊ ချင်းတက်၊ ကတိ၊ ကုပ်ဆက်၊ ချေးများ၊ တညင်းသီး၊ ဖြည်းဖြည်း၊ မြားဆိပ်၊ လျင်မြန်၊ လျက်ဆား၊ မွှေ့ရာ၊ မွေးညင်း၊ လေးဖက်နာ၊ ဟင်းနုနယ်၊ အသည်းတို့ပါပဲ။ တစ်ခါ က နဲ့ ခ မှားတာမျိုးပါ။ ကလေးလို့ ရေးရမှာကို ခလေးလို့ ရေးတာမျိုး။ ခုတင်လို့ ရေးရမှာကို ကုတင်လို့ ရေးတာမျိုးပါ။ နောက်တစ်ခါြေ- နဲ့ြ- ည်မှားတာမျိုးပါ။ ဥပမာ စိုပြေဆိုရင်မှားပါတယ်။ စိုပြည်မှ မှန်မှာပါ။ ဖြေးဖြေးဆိုရင် မှားပါတယ်။ ဖြည်းဖြည်းဆိုမှ မှန်မှာပါ။
နောက်ပြီး လက်ဖက်ရည် ဆိုင်တချို့နဲ့ အသုပ်စုံ ဆိုင်တချို့မှာ လဘက်ရည်၊ လက်ဘက်သုပ်၊ ဂျင်းသုပ်၊ အသုတ်စုံဆိုပြီး ရေးချင်သလို ရေးနေတာမျိုး ရှိနေပါတယ်။ မရေးသင့်ပါဘူး။ အမှန်က လက်ဖက်ရည်၊ လက်ဖက်သုပ်၊ ချင်းသုပ်၊ အသုပ်စုံလို့ ရေးမှ မှန်မှာပါ။
တစ်ခါတလေ ယပင့်၊ ယရစ်ကလည်း မှားတတ်ပါသေးရဲ့။ ချောက်ချား၊ ကတ်ကြေး၊ ကျာပွတ်၊ ချစ်ချစ်တောက်ပူ၊ ခွက်ချင်းပြီး၊ ရင်ကျပ်၊ ခြွင်းချက်၊ နားကြပ်၊ မြောက်မြား၊ အလိုကျ စတဲ့ ဝေါဟာရ တို့က မကြာခဏ မှားတတ်ပါတယ်။ တချို့ကျတော့ ရောင်ရမ်းနာကျင်တာကို ယောင်ယမ်းနာကျဉ်လို့ မှားရေးကြပါတယ်။ အများစု မှားတတ်တာက ပသတ်နဲ့ တသတ်ပါ။ ရေငုပ်၊ အသုပ်၊ အပုပ်၊ လည်ကုပ်၊ ကြပ်ထုပ်၊ တစ်ဖက်ကမ်းခပ်၊ ထုတ်လုပ်၊ ကြွေပုပ်၊ ချွေးငုပ်၊ ဆားပုပ်၊ တုပ်ကွေး၊ ပုစွန်တုပ်၊ ရှားစောင်းလက်ပပ်၊ မုန့်ကြွပ်၊ ပရုတ်၊ ပလုတ်ကျင်း၊ လက်ထုတ်ပင်၊ သခွတ်ပင် တို့လိုသတ်ပုံတွေပါ။ နောက်တစ်ခါ ရေးချမလိုအပ်ဘဲ ထည့်တဲ့ ကိစ္စ။ ရက်တစ်ပတ်၊ ဒဏ်ရာ၊ မန္တန်၊ ဟေမန်တို့လို ဝေါဟာရမျိုးမှာ ရေးချမလိုအပ်ပါဘူး။ ကသတ်၊ ငသတ်၊ နသတ် စတဲ့ အသတ်မှားတဲ့ ကိစ္စလည်းရှိသေးပါတယ်။ အမှန်ကို ရေးပြရရင် ကတ်ကြေး၊ ကုန်ခန်း၊ ကျဉ်ထုံ၊ ခြေသည်း၊ ဂမုန်း၊ ငရုတ်၊ ဆူးပုပ်၊ နေ့လယ်၊ ထိပ်ကပ်၊ ပုရပိုက်၊ ဖုံမသိန်၊ မရန်းပင်၊ မုန်ညင်း၊ မုန့်ကြွပ်၊ နေလှန်း၊ သတ္ထုရည်၊ အဆုတ်၊ ဥပုသ်၊ အပိမ့် တို့လို ဝေါဟာရတွေပါ။
အများမှားတတ်လေ့ရှိတဲ့ ဝေါဟာရလေးတွေကို အမှန်မြင်နိုင်၊ ရေးနိုင်ကြစေဖို့ အမှန်ကို မှတ်သားပြီး ဘာပဲရေးရေး အရေးမှန်အောင် ဂရုစိုက်ကြပါစို့။ ။
01 January, 2012
အတိတ်ကို ပြန်ပို့ပေးနိုင်မည်လား
အလင်းအလျဉ်ထက် ပိုမိုလျင်မြန်စွာ ပြေးလွှားနေတဲ့ အက်တမ်အောက် သေးငယ်တဲ့ အမှုန်တွေကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က ထုတ်ဖော် ကြေညာခဲ့တယ်။ ၂၀ ရာစုရဲ့ အကျော်ကြားဆုံး သိပ္ပံပညာရှင်ကြီး အဲလဘတ်အိုင်းစတိုင်းရဲ့ စကြဝဠာဆိုင်ရာ အခြေခံ နိယာမတွေထဲက တစ်စုံသော နိယာမကို စိန်ခေါ်မှုဖြစ်တယ်။ အိုင်းစတိုင်းက စကြဝဠာ၌ အလင်းအလျဉ်သာ အမြန်ဆုံးလို့ ယူဆခဲ့တယ်။ ဂျီနီဗာမြို့အနီးရှိ (CERN) မှ အီတလီနိုင်ငံ ဂရန်ဆက်ဆို မြို့အထိ မြေအောက် လိုဏ်ခေါင်းထဲ၌ နျူထရီနို အမှုန်များကို ပစ်လွှတ်ပြီး ၃ နှစ်ကြာ စမ်းသပ်ခဲ့ခြင်း ဖြစ်တယ်။ သိပ္ပံပညာရှင်တွေက အဆိုပါ စမ်းသပ်ချက်တွေမှ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို ယုံကြည်ကြောင်း ပြောကြားခဲ့တယ်။ အဖြေ ရလဒ်တွေကို အထပ်ထပ် အခါခါ စစ်ဆေးခဲ့ပေမယ့် မှားယွင်းမှု တစ်စုံတစ်ရာ မတွေ့ရှိဘူးလို့ ဆိုတယ်။
အဲလ်ဘတ်အိုင်းစတိုင်းရဲ့ ၁၉၀၅ ခုနှစ်၌ ထုတ်ဖော် တင်ပြခဲ့တဲ့ အထူးရက်လတီဗတီ (Special Relativity) သီအိုရီတွင် အလင်းအလျဉ်ကို စကြဝဠာဆိုင်ရာ ကိန်းသေ အလျဉ်အဖြစ် သတ်မှတ်ခဲ့တယ်။ ရာစုနှစ် တစ်ခုကြာမျှအထိ စိန်ခေါ် စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိခဲ့တဲ့ တစ်လောကလုံးဆိုင်ရာ နိယာမအဖြစ် ရပ်တည်ခဲ့တယ်။ စကြဝဠာနဲ့ စကြဝဠာအတွင်းရှိ ဖြစ်ပျက်မှု အရာရာအတွက် ရူပဗေဒဆိုင်ရာ စံနှုန်း သတ်မှတ်ချက် တစ်ခုအဖြစ် တည်ရှိခဲ့တယ်။ အမှုန် အရှိန်ပေးစက်ကြီး တည်ရှိရာ ဂျီနီဗာမြို့မှ ဂရန်ဆက်ဆို မြို့အထိ မိုင် ၅၀၀ ရှည်လျားတဲ့ မြေအောက် လိုဏ်ခေါင်းထဲမှာ နူထရီနို ရောင်စဉ်တန်း ၁၅,၀၀၀ ကိုပစ်လွှတ်ပြီး ၃ နှစ် စမ်းသပ်ခဲ့ခြင်း ဖြစ်တယ်။ အလင်းအလျဉ်က တစ်စက္ကန့်ကို ၂၄၀,၀၀၀ မိုင်ဝန်းကျင် လျင်မြန်စွာ ပြေးလွှားနိုင်တယ်။
ယခု နျူထရီနို အမှုန်တွေက အလင်းအလျဉ်ထက် နုန်နိုစက္ကန့် ၆၀ မျှ ပိုမိုလျင်မြန်စွာ ပြေးလွှားနိုင်ကြောင်း တွေ့ရှိရတယ်။ တစ်စက္ကန့်ကို ၁ ဘီလျံပုံရင် အပုံ ၆၀ မျှ ပိုမို လျင်မြန်တယ်လို့ ဆိုရမယ်။ ဒါဟာ အလွန်သေးငယ်တဲ့ ကွာခြားချက်ပမာဏ ဖြစ်ပေမယ့် ရူပဗေဒ ပညာရပ်အတွက် အလွန် အရေးပါတယ်။ ယခု ရှာဖွေတွေ့ရှိချက်ဟာ ရူပဗေဒနယ်ပယ်မှာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းတာကြောင့် လူတိုင်းက စေဒကတက် ငြင်းခုံဆွေးနွေးမှုတွေ စတင် ထွက်ပေါ်လာပါတယ်။ နေမင်းကြီးမှာ ဖြစ်ပေါ်နေတဲ့ ပေါက်ကွဲမှုတွေ ကဲ့သို့သော နျူးကလီးယား ဓာတ်ပြုမှုဖြစ်စဉ် (သို့မဟုတ်) ရေဒီယိုသတ္တိ ဖြစ်စဉ်တွေကြောင့် ထွက်ပေါ်လာတဲ့ ဒြပ်ထုပမာဏ အနည်းငယ်နဲ့အတူ နျူထရီနိုတွေ တည်ရှိနေကြောင်း ၁၉၃၄ ခုနှစ်၌ အတည်ပြုခဲ့ပေမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ ပဟေဠိ ဖြစ်နေခဲ့တယ်။
ရောမမြို့တော် တောင်ဘက်အထိ ရောက်ရှိတဲ့ အီတလီနိုင်ငံရဲ့ ၇၅ မိုင်ရှည်လျားတဲ့ မြေအောက်လိုဏ်ခေါင်း ဓာတ်ခွဲခန်းကြီးဟာ အမှုန်ရူပဗေဒနဲ့ ကော့စမစ် ရောင်ခြည် သုတေသန လုပ်ငန်းဆိုင်ရာ အကြီးဆုံး သုတေသနကြီး ဖြစ်တယ်။ ၂၂ နိုင်ငံမှ သိပ္ပံပညာရှင်ပေါင်း ၇၅၀ ခန့် ပူးပေါင်း လုပ်ကိုင်နေတယ်။ လိုဏ်ဂူရဲ့ အပေါ်ဘက် မြေသားအထူက ပေ ၄၂၀၀ ခန့်ရှိတယ်။ အဲလ်ဘတ်အိုင်းစတိုင်း၏ E = mc2 ဖော်မြူလာမှာ ရိုးရှင်းပေမယ့် အလွန် နက်နဲတဲ့ အတွေးအခေါ်ကြီး ဖြစ်တယ်။ (ဒြပ်ထု) တွေကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ကြောင်း အခိုင်အမာ ဖော်ပြထားတယ်။ ဒြပ်ထုက သေးငယ်ပေမယ့် အလင်းအလျဉ်ရဲ့ မြန်ဆန်ခြင်းကြောင့် အံ့သြဖွယ် စွမ်းအင်တွေ ထွက်ပေါ်လာတယ်။ အရာဝတ္ထု တစ်ခုက အလင်းအလျဉ်နီးပါး မြန်ဆန်လာချိန်မှာ ဒြပ်ထုက နောက်ထပ် ဖြစ်ပေါ်လာသည့် အရှိန် ကာကွယ်နိုင်စွမ်း ပိုမိုမြင့်မားလာတယ်။ အဆိုပါ တွေးခေါ် ယူဆချက်ဟာ အခုရှာဖွေ တွေ့ရှိချက်ကြောင့် မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ အိန်းစတိန်း တင်ပြစဉ်က ယုံကြည်ရန် ခက်ခဲပြီး ထူးခြားဆန်းကြယ်တဲ့ တင်ပြချက်အပြင် တုံ့ပြန်မှုမျိုး ယခုထပ်မံ ပေါ်ထွန်းလာခဲ့ပြီ ဖြစ်တယ်။ အလင်းအလျဉ်နှုန်းဖြင့် ခရီးသွားရင် အာကာသကို ကျုံ့ပစ်ပြီး အချိန်ကို တိုတောင်း သွားစေတာကြောင့် သမားရိုးကျ ယုံကြည်လက်ခံနိုင်တဲ့ ဘောင်အပြင်ဘက် ကျော်လွန်တဲ့ အဖြစ်အပျက်တွေ ပေါ်ထွက်လာလိမ့်မယ်။ အလင်းအလျဉ်နှုန်း လျင်မြန်တဲ့ အာကာသယာဉ်ဖြင့် ခရီးထွက်သွားတဲ့လူ ပြန်ရောက်လာရင် သူ့ညီဟာ သူ့ထက်ပိုပြီး အသက်ကြီးနေမယ်။ အိုကြီး အိုမင်း ရင့်ရော်နေမယ်။ ဒါဟာ အိုင်းစတိုင်း သီအိုရီကို အခြေခံပြီး ပုံဖော်တဲ့ ပြယုဂ်တစ်ခုပါပဲ။
ဒါပေမဲ့ ဒြပ်ထု၊ အာကာသနဲ့ အချိန်တို့ဟာ အကြွင်းမဲ့ အမှန်တရား (ပရမတ္တသစ္စာ) မဟုတ်ဘဲ ပြောင်းလဲနိုင်ကြောင်း အိုင်းစတိုင်းက တင်ပြခဲ့တယ်။ အလင်းအလျဉ် အမြန်နှုန်းဖြင့် ခရီးသွားရင် အချိန်ကို ချုံ့ပစ်နိုင်တယ်။ အလင်းအလျဉ်ထက် မြန်တဲ့ အမြန်နှုန်းဖြင့် ခရီးသွားရင်တော့ အတိတ်ကို ပြန်ရောက်သွားလိမ့်မယ်။ တစ်စက္ကန့်ကို ၂၉၉,၇၉၂ ကီလိုမီတာနှုန်း လျင်မြန်တဲ့ အလင်းအလျဉ်ထက် ယခု နျူထရီနိုအမှုန်တွေက တစ်စက္ကန့်ကို ၃၀၀,၀၀၆ ကီလိုမီတာနှုန်းဖြင့် အသာစီး ရထားတယ်။ အိုင်းစတိုင်းဟာ သူ့ရဲ့ နောင်တော် သိပ္ပံပညာရှင်ကြီးတွေဖြစ်တဲ့ ဂလီလီယိုနဲ့ နယူတန်တို့ရဲ့ ရူပဗေဒ အခြေခံ အတွေးအခေါ် စိတ်ကူးတွေထံမှ သူ့ရဲ့ သီအိုရီကို တိုးချဲ့စဉ်းစား အဖြေထုတ်ခဲ့ခြင်း ဖြစ်တယ်။ နယူတန်ရဲ့ ဖော်မြူလာက F = ma အားဟာ ဒြပ်ထုနဲ့အရှိန် မြှောက်လဒ်နဲ့ ညီမျှတယ်။
အိုင်းစတိုင်းရဲ့ E=mc2 က စွမ်းအင်ဟာ ဒြပ်ထုနဲ့ အလင်းအလျဉ် ၂- ဆ မြှောက်လဒ်နဲ့ ညီမျှတယ်။ အိုင်းစတိုင်းရဲ့ ဖော်မြူလာထဲမှ ပထမဆုံးဖြစ်တဲ့ ဒြပ်ထုနဲ့ ပတ်သက်ပြီး စမ်းသပ်မှုတွေနဲ့ ရှာဖွေ တွေ့ရှိချက်တွေ ထွက်ပေါ်လာတယ်။ အလင်းအလျဉ်ထက်ပိုပြီး လျင်မြန်တဲ့အရာ မရှိသေးတာကြောင့် အိုင်းစတိုင်းရဲ့ အလင်းအလျဉ်ဟာ စံနှုန်းတစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်တယ်။ ဒါပေမဲ့ အိန်းစတိန်းရဲ့ သီအိုရီ မှားယွင်းကြောင်း မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယခု ရှာဖွေတွေ့ရှိချက် အသစ်ကို စစ်ဆေးနေဆဲ ဖြစ်လို့ပါပဲ။ သိပ္ပံပညာရှင်တွေဟာ သဘာဝရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိပြီး လူသားရဲ့ အတွေးအမြင်ကို ထပ်မံ ဆန့်ထုတ်နိုင်ခဲ့တယ်။ သိပ္ပံပညာရှင်တွေဟာ OPERA သုတေသန စခန်းမှ သုတေသနပြု စမ်းသပ်မှုတွေကို ၃ နှစ်ကြာ ဆောင်ရွက်ခဲ့ကြတယ်။
ယခု ရှာဖွေတွေ့ရှိချက် အပေါ် သိပ္ပံပညာရပ်နယ်မှ ထောက်ခံသူတွေ ရှိသလို ဆန့်ကျင် ကန့်ကွက်သူတွေလည်း ရှိတယ်။ ဒါဟာ သဘာဝလွန် ထုတ်ဖော် ကြေညာချက် ဖြစ်တာကြောင့် သဘာဝလွန် ထုတ်ဖော်ကြေညာချက်တွေဟာ သဘာဝလွန် သက်သေပြချက် လိုအပ်ကြောင်း အာကာသနဲ့ နက္ခတ္တဗေဒပညာရှင် မာတင်ရီးစ်က ပြောကြားခဲ့တယ်။ ဒါပေမဲ့ သြစတြေးလျမှ ရူပဗေဒပညာရှင် ဒေါက်တာ “ဂျွန်ကော့စတဲလာ” ကတော့ စိတ်လှုပ်ရှားဖွယ် တွေ့ရှိချက်လို့ ဆိုတယ်။ ယခု ရှာဖွေတွေ့ရှိချက်ဟာ မြေစမ်းခရမ်းပျိုးရုံ အဆင့်မျှသာ ရှိသေးတာကြောင့် နောက်ထပ် စမ်းသပ်မှုတွေနဲ့ ပိုမိုခိုင်မာတဲ့ ရှင်းလင်း တင်ပြချက်တွေ လိုအပ်နေကြောင်း အကျော်အမော် ရူပဗေဒပညာရှင် ပါမောက္ခ စတီဖင်ဟော့ကင်းက ပြောကြားခဲ့တယ်။
တယောပြားလေး တစ်လက်၊ ခဲတံတစ်ချောင်းနဲ့ ဗလာစာရွက်တွေကို အသုံးပြုပြီး နှိုင်းရဓမ္မတရားကို သိပ္ပံနည်းကျ ဖော်ထုတ်ခဲ့သူ ငြိမ်းချမ်းရေး သမားကြီး အဲလ်ဘတ်အိုင်းစတိုင်းဟာ အထူးရက်လတီဗီတီ သီအိုရီကြောင့် ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခံရတယ်။ သူဟာ သဘာဝဓမ္မကို နက်ရှိုင်းစွာ တွေးခေါ် မြော်မြင်ပြီး သိပ္ပံပညာရပ် မိုးကုပ်စက်ဝိုင်းကို တိုးချဲ့ခဲ့တယ်။ သိပ္ပံပညာဟာ ဒဿနပညာရဲ့ လက်အောက်ခံပဲ။ ဒါကြောင့် ယခုခေတ်ကဲ့သို့သော အဆင့်မြင့် ဓာတ်ခွဲခန်းကြီးတွေကို အသုံးပြုခွင့်မရှိဘဲ နှိုင်းရဓမ္မ အခြေခံဖြင့် E = mc2 ကို ထုတ်ဖော်တင်ပြ နိုင်ခဲ့တယ်။ ယခုတွေ့ရှိတဲ့ နျူထရီနိုဟာ အလွန် သေးငယ်တဲ့အမှုန် ဖြစ်ပေမယ့် ဒြပ်ထုလုံးဝ ကင်းမဲ့တာတော့ မဟုတ်ဘူး။ အလွန် အင်အားနည်းစွာ တုံ့ပြန်ဓာတ်ပြုတဲ့ အက်တမ်အောက် အမှုန်တစ်ခုဖြစ်ပြီး လျှပ်စစ်ဓာတ်မ ဆောင်တာကြောင့် သာမန် အရာဝတ္ထုတွေကို ဖြတ်သန်းနိုင်စွမ်း ရှိတယ်။
ဒါကြောင့် အီလက်ထရွန်နစ်တွေ အပေါ် သက်ရောက်တဲ့ လျှပ်စစ် သံလိုက်စက်ကွင်းအား သက်ရောက်နိုင်ခြင်း မရှိဘူး။ အလွန်အားနည်းတဲ့ အက်တမ်အောက် သေးငယ်တဲ့ အမှုန်တွေရဲ့ အားသက်ရောက်မှုကို ခံယူရရှိတဲ့ အမှုန်ဖြစ်တယ်။ နေမင်းကြီးမှာ ဓာတ်ပြုနေကြ သကဲ့သို့သော နူကလီယား တုံ့ပြန်ဓာတ်ပြုခြင်း (သို့မဟုတ်) ရေဒီယို သတ္တိကြွခြင်းတို့ကြောင့် နျူထရီနိုတွေ ဖြစ်ပေါ်လာတယ်။ ၁၉၇၀၊ နိုဝင်ဘာ ၁၃ ရက်နေ့မှာ Hydrogenကို အသုံးပြုပြီး နျူထရီနိုတွေကို ပထမဆုံး စူးစမ်း လေ့လာခဲ့တယ်။ နျူထရီနို အမှုန်တစ်ခုကို Hydrogen အက်တမ်မှ ပရိုတွန်တစ်ခုကို တိုက်ခိုက်စေပြီး သုတေသန ပြုခဲ့တယ်။ နျူထရီနိုတွေကို အစဉ်တစိုက် စမ်းသပ်ခဲ့တဲ့ ရလဒ်တွေအရ အလွန်ပေါ့ပါးတဲ့ အမှုန်ဖြစ်ကြောင်း တွေ့ရှိရတယ်။ အလင်းအလျဉ်နီးပါး မြန်လိမ့်မယ်လို့ ယူဆခဲ့တယ်။ ကမ္ဘာပ်ါရှိ နျူထရီနို အများစုဟာ နေမင်းကြီးမှတစ်ဆင့် ရောက်ရှိလာကြပါတယ်။
ကမ္ဘာပ်ါရှိ ၁ စတုရန်း စင်တီမီတာ ဧရိယာတိုင်းဆီသို့ တစ်စက္ကန့်တိုင်းမှာ နေမင်းကြီးမှ ရောက်ရှိလာတဲ့ နျူထရီနိုပေါင်း ၆၃ ဘီလျံခန့်ရှိကြောင်း သိပ္ပံပညာရှင်တွေက တင်ပြခဲ့တယ်။ အိန်းစတိန်းရဲ့ E = mc2 ဖော်မြူလာ ပေါ်ထွက်လာပြီး နောက်မှာလည်း နယူတန်ရဲ့ စွမ်းအင်တည်မြဲမှု နိယာမကို လက်ကိုင် ပြုနေရဆဲပါပဲ။ ဘာပဲဖြစ်ဖြစ် အလင်းအလျဉ်ထက် မြန်ကြောင်း မှန်ကန်ခဲ့မယ်ဆိုရင် လူသားတွေဟာ အတိတ်ကို ပြန်သွားနိုင်ဖွယ် ရှိလာမှာ မလွဲပေဘူး။