>

13 October, 2012

Wireless ခရီးဆောင် လက်ဆွဲအိတ်


Hop Suitcase ဆိုတာ လေဆိပ်မှာ သင်သွားရာ နောက်ကို လက်နဲ့ဆွဲစရာ မလိုပဲ တကောက်ကောက် လိုက်မယ့် ခရီး ဆောင် လက်ဆွဲအိတ် တစ်မျိုးဖြစ်ပါတယ်။

သာမန် ခရီးဆောင် လက်ဆွဲ အိတ်တွေကို ဘီးပါပြီး သယ်လို့ အဆင်ပြေတဲ့ အိတ်တွေ ဖြစ်အောင် အစားထိုး တီထွင် အသုံးပြု လာခဲ့ ကြာပါပြီ။ အခု အဲဒီထက် အဆင်ပြေတာ လာပါတော့မယ်။ ဒီတစ်ခါ မှာတော့ သင့်ရဲ့ ခရီးဆောင် လက်ဆွဲ သေတ္တာဟာ wireless ကြိုးမဲ့ ဆက်သွယ်ရေး စနစ်နဲ့ ရွေ့လျား ပါတော့မယ်။

၂

Hop Suitcase ဆိုတာ လေဆိပ်မှာ သင်သွားရာ နောက်ကို လက်နဲ့ ဆွဲစရာ မလိုပဲ တကောက်ကောက် လိုက်မယ့် ခရီးဆောင် လက်ဆွဲအိတ် တစ်မျိုး ဖြစ်ပါတယ်။ ဟိုတယ်တွေမှာ သင့်အိတ်တွေကို လိုက်ဆွဲ ပေးတဲ့သူ 'bellhops' ဆိုတဲ့ စကားလုံးကို အစွဲပြုပြီး အခုဖော်ပြမယ့် ခရီးဆောင် လက်ဆွဲ သေတ္တာကို Hop Suitcase လို့နာမည်ပေး ထားတာ ဖြစ်ပါတယ်။

၁

ဒီ suitcase မှာပိုင်ရှင်ရဲ့ cell phone ကလာတဲ့ singnal တွေကို လက်ခံပေး၊ ထပ်တူကျအောင် လုပ်ပေးပြီး signal ပြန်ထုတ် ပေးမယ့် receiver သုံးခုပါပါတယ်။ ပြီးတော့ အဲဒီ singnals တွေကို ဘာသာပြန်ပြီး ဖုန်းရဲ့ တည်နေရာကို ခန့်မှန်း တွက်ချက် ပေးမယ့် micro controller တစ်ခုလဲ ပါရှိ ပါတယ်။ အဲဒီ microcontroller ဟာလေထု ဖိနှိပ် အားကို အခြေခံ တွက်ချက်ပြီး အသုံးပြု သူနောက်ကို ပုံသေ အကွာအဝေး တစ်ခုကနေ လိုက်နေခြင်း အားဖြင့် မောင်းနှင် လှုပ်ရှား ဖြစ်ပါတယ်။ signal ပျောက်သွား တာနဲ့ အသုံးပြုသူ အိတ်ပိုင်ရှင်ရဲ့ ဖုန်းမှာ တုန်ခါမှုနဲ့ အချက် ပေးမှာဖြစ်ပြီး အိတ်ကိုလဲ အလိုအလျောက် lock ချလိုက်မှာ ဖြစ်ပါတယ်။

1

ဘူတာတွေ လေဆိပ်တွေမှာ အိတ်တွေ တန်းစီပြီး သွားတဲ့အခါ Hop Suitcase ကို တခြားအိတ်တွေ နောက်ကနေ လိုက်အောင် ပြီးတော့ အိတ်တွေကို စစ်ဆေးတဲ့ ၀န်ထမ်းကနေလဲ   Hop Suitcase ကိုထိန်းချုပ် လို့ရအောင် အစီအစဉ် ဆွဲပေးထားပါတယ်။ ခရီးဆောင် လက်ဆွဲ သေတ္တာ တစ်လုံးဟာ သူ့ဘာသာ သူရွေ့လျား နိုင်တဲ့အခါ အဲဒါဟာ ခရီးသွား သူတွေ  မသန်မစွမ်းတဲ့ သူတွေရဲ့ ဘ၀ကို အဆင်ပြေ ချောမွေ့အောင် လုပ်ဆောင်နိုင် ခြင်းအပြင် အိတ်ကို အပြင်ကနေ ရွေ့ပေးမယ့် ရွေ့လျားစက် ခါးပတ်တို့ တွန်းလှည်း တို့ကိုပါ ခြွေတာ ရာရာက် ပါတယ်လို့ Hop Suitcase တီထွင်သူ များက သူတို့ရဲ့ website မှာ ပြောထား ပါတယ်။

No comments:

:a   :b   :c   :d   :e   :f   :g   :h   :i   :j   :k   :l   :m   :n   :o   :p   :q   :r   :s   :t

Blogger Tricks And TipsComment here