ဆွစ်ဇာလန်အခြေဆိုက် ကွန်ပျူတာ အပိုပစ္စည်းထုတ်လုပ်ရေး ကုမ္မဏီ Logitech မှ ရေစိမ်ဆေးလို့ ရမယ့် ကီးဘုတ် ထုတ်လုပ်လိုက်ပါပြီ။
ကီဘုတ်နောက်ကျောဘက်မှာလည်း ရေတွေ ပြန်စစ်ထုတ်ဖို့အတွက် အပေါက်ပါနေပါသေးတယ်။ ကီးတွေကို လေဆာ Printed လုပ်ထားပြီး နေပူဆာလှမ်းတဲ့အခါ chipများ ပျက်ဆီးမသွားအောင် UV Protect layer လည်း ပါဝင်ပါသေးတယ်။ အလွယ်တကူ အသုံးပြုလို့ရမယ့် Short cut ( Hot Key) ၁၂ မျိုးပါရှိပါတယ်။ ဥပမာ- အင်တာနက်၊ အီးမေးလ်၊ Play, အသံနိမ့်မြင့် အစရှိသဖြင့်။ Window XP, Window Vista, Window 7 တို့နဲ့ Compact ဖြစ်တဲ့ Keyboard ဖြစ်ပြီး ဈေးနှုန်းကတော့ ဗြိတိန်ပေါင် ၃၄.၉၉ တန်ဖိုးရှိပါတယ်။ လာမယ့် အောက်တိုဘာမှ ဥရောပအနှံ့ ဖြန့်ချိမှာ ဖြစ်ပါတယ်။
ဒါကြောင့် K310 ဟာ ကွန်ပျူတာရှေ့ထိုင်ပြီး အအေးသောက်သူများ၊ ခေါက်ဆွဲစားသူများအတွက် အထူးသင့်တော်မယ့် ကီးဘုတ်လေး ဖြစ်ပါတယ်။
----
Ref:www.logitech.com
Photo courtesy of Logitech. All Rights Reserved.
Ref:www.logitech.com
Photo courtesy of Logitech. All Rights Reserved.
No comments: