လက်နှိပ်စက်သုံးတဲ့ခေတ် ကုန်သွားပေမယ့် ရှေးနောက်မှီ စာရေးဆရာများကတော့ လက်နှိပ်စက်ကို ကြိုက်နှစ်သက်နေဆဲ ဖြစ်ပါတယ်။ အမေရိကန်က ကမ္ဘာကျော် စာရေးဆရာအချို့ တောင် လက်နှိပ်စက် (Typewriter) နဲ့ စာတွေရေးသားနေဆဲ ဖြစ်ပါတယ်။
အဲဒီလို အကျင့်မပြတ်နိုင်သေးသူ၊ ရှေးဆန်ဆန် အရသာကို ခံစားချင်တဲ့သူများအတွက် စကော့တလန်ရောက် အင်ဂျင်နေယာ ကျောင်းသားလူငယ် Austin Yang မှ တီထွင်လိုက်ခြင်း ဖြစ်ပါတယ်။ Apple iPad ကို လက်နှိပ်စက်နဲ့ တွဲလိုက်ပြီး Screen က စာရွက်အနေနဲ့ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
လက်နှိပ်ဘုသီးတွေကို ရာဘာတွေနဲ့ ပြုလုပ်ထားပြီး အသုံးပြုဖို့ အဆင်ပြေပါတယ်။ အော်ဒါမှာသူများအတွက်သာ သီးသန့်ပြုလုပ်ပေးနေတဲ့ Austin ရဲ့  Type writer ကို သူ့ရဲ့  မူရင်း ဝဘ်ဆိုဒ်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
http://www.austin-yang.com






No comments: