>

03 September, 2012

ခလုပ်များအလိုအလျောက်ကြွတက်လာမည့် Touch Screen နည်းပညာသစ်


ယင်းနည်းပညာကို ပြီးခဲ့တဲ့ ဇွန်လဆန်းကတည်းက ထုတ်ဖော်ပြသခဲ့ တာ ဖြစ်ပါတယ်။


user interface အနေနဲ့ ထိတွေ့ဖန်သားမျက်နှာပြင်အသုံးပြုမှုဟာ အရင်လို မဟုတ်တော့ပဲ ခလုပ်တစ်ခုခုကို နှိပ်တော့မယ်ဆို မျက်နှာပြင်ကနေ ခလုပ်များ အလိုအလျောက် ကြွတက်လာတာမျိုး ဖြစ်ပါတယ်။

အသုံးမပြုတော့ဘူးဆိုရင်လည်း ယင်း ခလုပ်များဟာ အလိုအလျောက် ပြန် နိမ့်ကျပြီး မြေပြင်ညီ ဖန်သားအဖြစ် ပြန်လည်တွေ့မြင် ရမျာ ဖြစ်ပါတယ်။

ယင်းနည်းပညာကို haptics technology /microfluid technologyလို အမည်ပေးထားပြီး  သတ္တုများဟာ ယခင် Touch screen ဖန်သားမျက်နှာပြင်လို မာကျောနေမှာ မဟုတ်ပဲ ပျော့ပျော့ ပြောင်းပြောင်း ရှိစေမှာ ဖြစ်ပါတယ်။ အသုံးလိုတဲ့အခါ မျက်နှာပြင်ဟာ Physically ပြောင်း လဲပြီး Button များအလိုလျောက် ခုံးထွက်လာစေ မှာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်း၊ Tablet, Notebook, PC အစရှိသဖြင့် မော်ဒန် နည်းပညာ ပစ္စည်းများမှာ အစားထိုး အသုံးပြုစေမှာ ဖြစ်ပါတယ်။

တီထွင်သူ ကုမ္ပဏီကတော့ Tactic Technology ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရုံးဆိုက်ပါတယ်။ ယင်းနည်းပညာကို သတင်းစာရှင်းလင်းပွဲတွေမှာ မိတ်ဆက်ပြသပြီးနောက် မိုဘိုင်းဖုန်း ကုမ္ပဏီကြီးများက စိတ်ဝင်စားလျက်ပါတယ်။

http://vimeo.com/43431035

No comments:

:a   :b   :c   :d   :e   :f   :g   :h   :i   :j   :k   :l   :m   :n   :o   :p   :q   :r   :s   :t

Blogger Tricks And TipsComment here