
အကောင်းဆုံးခရီးသွားလမ်းညွှန်တစ်ခုဖြစ်ဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်ကတော့ ကာလနဲ့လျော်ညီပြီး အချိန်နှင့် တပြေးညီအသိပေးနိုင် ဖို့ဖြစ်ပါတယ်။ ဒါကြောင့် Wiki Travel ဟာ ခရီးသွားတွေအတွက် အလွန်ကိုအသုံးတည့်တဲ့ အရာတစ်ခု ဖြစ်လာပါတယ်။ ၀က်ဘ်ပေါ်ကနေ အရင်းအမြစ်တွေကို ပေါပေါလေးမှာနိုင်ပေမဲ့ မေးချင်တာလေးတွေကိုဖြေမည့်နေ ရာကတော့ ရှားပါတယ်။ ဒါကြောင့်လည်း WikiTravel ကပိုမိုနာမည် ကျော်တာပါ။ Wiki Travel။ မှာ Trip Advisor ဆိုတဲ့ ခရီးသွားအကြံ ပေးအဖွဲ့ကို ဆိုက်တွေနဲ့ချိတ်ဆက်ထားတဲ့အတွက် ဓါတ်ပုံတွေကိုပါကြည့် နိုင်ပြီး အကြံဉာဏ်တွေကိုပါရယူနိုင်မှာဖြစ်ပါတယ်။ WikiTravel ရဲ့ Directory မှာတော့ ယခုလက်ရှိနေရာပေါင်းနှစ်သောင်းကျော်အတွက် စာရင်းပြုစုဖော်ပြပေးထားပါတယ်။
http://wikitravel.org

လူအများစုဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုကို ပြောဆိုဖို့ဝန်လေးကြပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်ကနေပေးတဲ့ ၀န်ဆောင်မှုတွေ က ရေပန်းစားလာပါတယ်။ ဘာကြောင့်လဲဆိုတော့ လူကိုယ်တိုင်မတွေ့ ရဘဲ တစ်ကိုယ်တည်းပြောနေသလိုခံစားရလို့ ပွင့်ပွင့် လင်းလင်းပြောနိုင်လို့ဘဲဖြစ်ပါတယ်။ အဲဒီဝန်ဆောင်မှုတွေထဲမှာ Psyeh Central ကလည်း ကောင်းတယ်လို့ပြောနိုင်တဲ့တစ်ခုပါ။
Click ခေါက်ပြီးတော့ ကိုယ်မေးချင်တဲ့ခေါင်းစဉ်ကိုရှာဖွေပြီး တော့ မေးလိုက်ရုံပါဘဲ။ ပြီးတော့အဖွဲ့ဝင်တွေဆိုလျှင်ကိုယ့်ရဲ့အတွေ့အကြုံ တွေကိုလည်းမျှဝေပေးနိုင်အောင်စီမံပေးထားပါတယ်။
http://psychcentral.com

ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ်ဆိုက် တစ်ခုကတော့ နည်းပညာဆိုင်ရာ ဗဟုသုတတွေ ရရှိစေနိုင်မယ့် ၀က်ဘ်ဆိုက်တွေကို ဖော်ပြ ချိတ်ဆက်ပေးထားပြီး ကွန်ပျူတာနည်းပညာသတင်း အတိုအထွာလေးတွေကို ပေါ့ပေါ့ပါးပါး ဖတ်ရှုနိုင်မယ့် ၀က်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။
http://my-it.co.cc ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ နည်းပညာ သတင်းလေးတွေအနေနဲ့ ဗိုင်းရပ်စ် တိုက်ခိုက်မှုတွေ၊ ဆော့ဖ်ဝဲအသစ်ထွက်ရှိတဲ့ သတင်းတွေနဲ့ နည်းပညာနဲ့ပတ်သက်ပြီး သိရှိထားတဲ့ ဗဟုသုတရဖွယ်ရာ အချက်အလက်တွေကို ပေါ့ပေါ့ပါးပါး ဖတ်ရှုနိုင်အောင် ဖော်ပြ ပေးထားပါတယ်။ ဒီဝက်ဘ်ဆိုက် ကနေတစ်ဆင့် အခြားဝက်ဘ်ဆိုက်တွေကို ဖော်ပြ ချိတ်ဆက် ပေးထားရာမှာလည်း ပထမဆုံးသော မြန်မာဝက်ဘ်ဆိုက်ဖြစ်တဲ့ www.planet.com.mm ၀က်ဘ်ဆိုက်ကစပြီး မြန်မာဝီကီပီဒီးယား ၀က်ဘ်ဆိုက်အထိ လက်လှမ်းမီသမျှ ၀က်ဘ်ဆိုက်တွေ၊ ၀က်ဘ်လော့ဂ်တွေကို စုစည်း ပေးထားပါတယ်။
ဒီဝက်ဘ်ဆိုက်ရဲ့ Categories တွေအနေနဲ့ နည်းပညာကဏ္ဍ၊ ပေါ့ပေါ့ပါးပါး သတင်း အတိုအထွာကဏ္ဍနဲ့ Uncategorized ကဏ္ဍတွေဆိုပြီး ခွဲခြားထားတဲ့အတွက် ၀င်ရောက်လေ့လာရာမှာ လွယ်ကူစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာဆိုင်ရာ ဗဟုသုတတွေနဲ့ ၀က်ဘ်ဆိုက် တွေကို လေ့လာချင်တဲ့ သူတွေအနေနဲ့ ၀င်ရောက်ကြည့်ရှုသင့်တဲ့ ဆိုက်ပဲဖြစ်ပါတယ်။
http://my-it.co.cc

ပရိသတ်ကြီးအတွက် လူနေမှု အဖွဲ့အစည်းထဲမှာ လူသား အချင်းချင်း ဆက်သွယ်ရေး ကွန်ရက်ဖြစ်စေမယ့် "Myanmar Community Site" ဆိုတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို အင်တာနက် မြန်မာဝက်ဘ်ဆိုက် အညွှန်းကဏ္ဍမှာ မိတ်ဆက် ဖော်ပြလိုက်ပါတယ်။
www.myanmarspace.com ဆိုတဲ့ ၀က်ဘ်ဆိုက်ဟာ လူမှုဆက်သွယ်ရေး ကွန်ရက်တစ်ခု အနေနဲ့ အသုံးပြုနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်တာကြောင့် ဒီဝက်ဘ်ဆိုက်မှာ ဘလော့ဂ်တွေ၊ ဖိုရမ်တွေပါဝင်ပြီး အဖွဲ့လိုက် စိတ်အားထက်သန်ရာ စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ ဘလော့ဂ်မှာတော့ ရင်ဖွင့် ခံစားချက်တွေကို ရေးသား ဖတ်ရှုနိုင်မှာဖြစ်ပြီး ဖိုရမ်မှာတော့ နည်းပညာ သတင်းတွေ အပါအ၀င် ဘာသာ သာသနာအကြောင်း၊ ရုပ်ရှင်နဲ့ ဂီတအကြောင်း စသည်ဖြင့် ဆွေးနွေးချက်တွေမှာ ၀င်ရောက် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
ဒီဝက်ဘ်ဆိုက်မှာ နောက်ထပ် ပါဝင်တဲ့ ကဏ္ဍတစ်ခုကတော့ ဗီဒီယို ကဏ္ဍလေးပဲဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေ၊ သီချင်းတွေ စတာတွေကို ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကို ပြည့်ပြည့်၀၀ အသုံးပြုချင်တယ် ဆိုရင်တော့ ၀က်ဘ်ဆိုက်ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ အင်တာနက်ကို လူမှုဆက်သွယ်ရေးအတွက် အသုံးပြုလိုရင်တော့ ဒီဝက်ဘ်ဆိုက်ဟာ ၀င်ရောက်လေ့လာ ကြည့်သင့်တယ်လို့ ဆိုပါရစေ။
www.myanmarspace.com

ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက် ကတော့ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေ ဖလှယ်နိုင်ဖို့အတွက် ရည်ရွယ်ထားတဲ့ ၀က်ဘ်ဆိုက် တစ်ခုပဲ ဖြစ်ပါတယ်။
www.mshare.org ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေ ဖလှယ်နိုင်အောင် Categories တွေ ခွဲပေးထားပြီး ဘလော့ဂ်နဲ့ ဖိုရမ်တွေမှာ ၀င်ရောက် ဆွေးနွေး ဖလှယ်နိုင်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ နည်းပညာဆိုင်ရာ အချို့ဆော့ဖ်ဝဲတွေကို Download ပေးထားပြီး မိမိဖတ်ရှု လေ့လာချင်တဲ့ အပိုင်းကိုလည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
ဒီဝက်ဘ်ဆိုက်မှာ နည်းပညာ ဗဟုသုတတွေ ဆွေးနွေး ဖလှယ်လိုတယ် ဆိုရင်တော့ ၀က်ဘ်ဆိုက် အဖွဲ့ဝင်အဖြစ် စာရင်း ပေးရမှာဖြစ်ပြီး အဖွဲ့ဝင် ဖြစ်သွားပြီ ဆိုရင်တော့ ဖိုရမ်တွေ၊ ဘလော့ဂ်တွေမှာရှိတဲ့ ဆွေးနွေး ဖလှယ်ထားတဲ့ အကြောင်းအရာတွေမှာ ၀င်ရောက်ဆွေးနွေးပြီး မိမိသိရှိတဲ့ ဗဟုသုတတွေကိုလည်း ရေးသားမျှဝေလို့ ရပါတယ်။
လက်ရှိမှာတော့ ၀က်ဘ်ဆိုက်ဟာ စတည်ခါစ ဖြစ်တဲ့အတွက် အကြောင်းအရာတွေ အများကြီး မရှိသေးပေမယ့် ဗဟုသုတ ဖလှယ်မှုတွေ များလာ ရင်တော့ နည်းပညာ စိတ်ဝင်စားတဲ့ သူတွေအတွက် အထောက်အပံ့တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဝက်ဘ်ဆိုက်ကို ၀င်ရောက် လေ့လာရင်းနဲ့ ဗဟုသုတတွေ မျှဝေနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
www.mshare.org

ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက် ကတော့ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေ ဖလှယ်နိုင်ဖို့အတွက် ရည်ရွယ်ထားတဲ့ ၀က်ဘ်ဆိုက် တစ်ခုပဲ ဖြစ်ပါတယ်။
www.mmcyber.net

အွန်လိုင်းမှာသုံးစွဲနိုင်မည့် ဓာတ်ပုံတည်းဖြတ်ဖို့နဲ့ ၀က်ဘ်ဒီဇိုင်းပြုလုပ် ဖို့အတွက် အခမဲ့ tool တွေကိုဖော်ပြပေးထားတဲ့ ဆိုက်ဖြစ်ပါ တယ်။Website templates, Online Image Editing Tools, Online Webmaster Tools။ အစရှိသဖြင့် တွေ့ရမှာဖြစ်ပြီး အချို့ အရာတွေက တော့ ၀န်ဆောင် ခပေးရမှာဖြစ်ပါတယ်။ သာမန်ဝက်ဘ်ဆိုက် template တွေနဲ့ ၀က်ဘ်ဒီ ဇိုင်းလေးတွေကို မိမိဘာသာ ဖန်တီးပြုလုပ်နိုင်အောင် စီမံပေးထားပါတယ်။ ပြီးတော့ ပြုလုပ်ပြီးသား template တွေ၊ 3D Textmaker တွေ၊ button တွေ အစရှိ သဖြင့် အခမဲ့ရယူနိုင်အောင် စီမံပေးထားတာတွေလည်း အများအပြားရှိပါတယ်။
www.creatingonline.com

ဒီဆိုက်ကတော့ အွန်လိုင်းကနေ အခမဲ့လေ့လာနိုင်တဲ့ ဆိုက်တစ်ခုဖြစ် ပါတယ်။ The Open University ဆိုတဲ့ တက္ကသိုလ်ကနေ ပေးတာဖြစ် ပြီး လေ့လာနိုင်မည့်သင်ခန်းစာတွေကို အပြည့်အ၀ပေးထားတာဖြစ်ပါတယ်။ Registration လုပ်ပြီးတော့ သုံးစွဲလျှင်တော့ topic တွေအကြောင်းကို ဖိုရမ်မှာဆွေးနွေးခွင့်၊ ဂျာနယ်ရေးသားခွင့်တွေရမှာဖြစ်ပြီး လေ့လာချင်တဲ့ အကြောင်းအရာတွေကို ကျောင်းသားတစ်ဦးအနေနဲ့ အပြည့်အ၀လေ့ လာခွင့်ရမှာဖြစ်ပါတယ်။
openlearn.open.ac.uk

ဒီဆိုက်ကတော့ သစ်ခွတွေအကြောင်းကိုပဲ သီးခြားဖော်ပြပေးမည့် ဆိုက်ဖြစ်ပါတယ်။ သစ်ခွတွေအကြောင်းကို ဓာတ်ပုံတွေနှင့်တကွ အသေ အချာဖော်ပြပေးထားပြီး အုပ်စုတွေကို အက္ခရာအစဉ်လိုက်ဖော်ပြပေး ထားပါတယ်။ သစ်ခွရဲ့ အမျိုးအစား၊ တွေ့ရှိရာဒေသ၊ ပန်းပွင့်တဲ့ရာသီအစ ရှိသည်ဖြင့် အပြည့်အစုံကို ဖော်ပြပေးထားတဲ့အတွက် သစ်ခွပန်းပင်တွေ နှစ်သက်မြတ်နိုးသူတွေ စိတ်ဝင်စား နိုင်မည့် ဆိုက်တစ်ခုဖြစ်ပါတယ်။
www.orchidworks2.com/default2.asp

webdevelopersnotes.com က ၀က်ဘ်နှင့် ပတ်သက်တဲ့ Programming tutorials, web master resource တွေ၊ tips နဲ့ HTML ပေါ်က trick တွေ၊ Java Script, Web Promotion နဲ့ အင်တာနက် စသည်ဖြင့် ကဏ္ဍတွေခွဲပြီးတော့ ဖေါ်ပြပေးထားပါတယ်။ အဓိကအခန်းက နှစ်ခုပါဝင်ပြီး Internet နဲ့ Web Basics, Web Programming Tutorials, Web Templates, Web Graphic Design, Web Page Design နဲ့ Web Resource နှင့် Tips and Tricks ရှိပြီး အချို့သော ခေါင်းစဉ်ကြီးများမှာ ခေါင်းစဉ်ခွဲများကိုလည်း တွေ့နိုင်ပါတယ်။
www.webdevelopersnotes.com

Open Source Web Design ကတော့ Web design template တွေကို အခမဲ့ download ရယူနိုင်တဲ့ ဆိုက်ဖြစ်ပါတယ်။ ပြီးတော့ဒီ template တွေကို အခြားသူတွေနဲ့ပါမျှပြီး သုံးစွဲခွင့်ပြုထားပါတယ်။ ဒီဆိုက်မှာပေးထားတဲ့ template လေးတွေက ရိုးရှင်းပြီးအမြင်ရှင်းတဲ့ template လေးတွေဖြစ်ပါတယ်။ လေ့လာကစ လူငယ်တွေအတွက် အကြံဉာဏ်အချို့ ရနိုင်မယ်လို့ ထင်ပါတယ်။
www.oswd.org

ဥယျာဉ်ခြံဝန်းထဲမှာ ပန်းပင်တွေကိုအလှဆင်တာ၊ အိမ်တွင်းမှာ အလှဆင်တာနဲ့ သစ်ပင်၊ ပန်းပင်တွေအကြောင်း စိတ်ဝင်စားသူတွေအတွက်ပါ။ သဘာဝပစ္စည်းတွေနဲ့ ဘယ်လိုမျိုးလှပပြီးတော့၊ စိတ်ကူးယဉ်ဆန်ဆန် နေထိုင်ရမလဲလို့ စိတ်ဝင်စားသူမျိုးတွေအတွက် ကြိုးပမ်းပြီး ဖော်ပြပေးထားပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မြတ်နိုးသူတွေနဲ့ သဘာဝတရားကို နှစ်သက်သူတွေ စိတ်ဝင်စားနိုင်တဲ့ ဆိုက်ပါ။
www.garden.com

ဒီတစ်ခါ် အင်တာနက်ရဲ့ မြန်မာ ၀က်ဘ်ဆိုက် အညွှန်းကဏ္ဍမှာ အင်တာနက် ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက်ကတော့ ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတတွေကို ဖြန့်ဝေပေးထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။
www.myanmarmedicine.com ဆိုတဲ့ ဒီဝက်ဘ်ဆိုက်မှာ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေအနေနဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ ဆေးပညာရပ်တွေနဲ့ ဆေးဝါးနဲ့ ပတ်သက်တဲ့ အသိပညာတွေကို ဖော်ပြပေးထားပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ အဓိကပါရှိတဲ့ ကဏ္ဍတွေ အနေနဲ့ ဆေးပညာနဲ့ ဆေးဝါး အကြောင်းအရာတွေ ဖော်ပြပေးထားတဲ့ ကဏ္ဍတွေအပြင် အွန်လိုင်း ကျန်းမာရေး ဗဟုသုတကဏ္ဍ၊ ဆေးရုံနဲ့ ဆေးပေးအခန်းတွေရဲ့ကဏ္ဍ၊ အလှအပနဲ့ ကျန်းမာရေး ကဏ္ဍတွေနဲ့ ဆေးပညာ မဂ္ဂဇင်း ဂျာနယ်ကဏ္ဍ စတာတွေပါရှိတဲ့အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး သိဖွယ်မှတ်ဖွယ် ဗဟုသုတတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ဒီဝက်ဘ်ဆိုက်မှာပါရှိတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းတွေ အနေနဲ့ ပြည်တွင်း ကျန်းမာရေး လှုပ်ရှားမှု သတင်းတွေ၊ ဆွေးနွေးပွဲတွေအပြင် နိုင်ငံတကာမှ ကျန်းမာရေးဆိုင်ရာ သတင်းအချက် အလက်တွေကို စုစည်းဖော်ပြ ပေးထားပါတယ်။ ကျန်းမာရေးဆိုင်ရာသတင်း ဗဟုသုတတွေအနေနဲ့ ကလေးကျန်းမာရေးမှအစ သွား ဘက်ဆိုင်ရာ၊ မျက်စိ၊ နား၊ အဆုတ် စသည်ဖြင့် ရောဂါအကြောင်းနဲ့ ကျန်းမာရေး ဗဟုသုတတွေ လေ့ လာဖတ်ရှုနိုင်မှာ ဖြစ်တဲ့အတွက် ၀င်ရောက် လေ့လာကြည့်ရှုသင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။
www.myanmarmedicine.com

ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက်ကတော့ မြန်မာနိုင်ငံ ကွန်ပျူတာလောကမှာ ထင်ရှားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းရဲ့ ၀က်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။
www.mcpa.org.mm ဆိုတဲ့ ၀က်ဘ်ဆိုက်ဟာ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြပေးလျက်ရှိတဲ့ ၀က်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ အတွက် အသင်းရဲ့ ဆောင်ရွက်မှုတွေ၊ သတင်းအချက် အလက်တွေကို ၀င်ရောက်ဖတ်ရှု သိနိုင်မှာ ဖြစ်ပါ တယ်။ ဒီဝက်ဘ်ဆိုက်မှာ အဓိက ပါဝင်တဲ့ ကဏ္ဍတွေ အနေနဲ့ သတင်းကဏ္ဍ၊ အသင်းအဖွဲ့ကဏ္ဍ၊ လှုပ်ရှားဆောင်ရွက်ချက် ကဏ္ဍတွေနဲ့ အခြားအကျိုးရှိစွာအသုံးပြုနိုင်မယ့် ကဏ္ဍလေးတွေ ပါရှိပါတယ်။
ဒီဝက်ဘ်ဆိုက်ရဲ့ Home Page မှာဆိုရင် အသင်းရဲ့ လက်ရှိ ဆောင်ရွက်လှုပ်ရှားမှု သတင်းတွေကို ဖော်ပြပေးထားပြီး ယခင်လှုပ်ရှားမှု သတင်း အချက်အလက်တွေကို သတင်းကဏ္ဍမှာ ရှာဖွေဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၀က်ဘ်ဆိုက်ရဲ့ Download ကဏ္ဍမှာ အသင်းမှ ကြီးမှူးကျင်းပပေးခဲ့တဲ့ Seminars တွေ၊ Workshops တွေရဲ့ Presentations ဖိုင်တွေကို Download ရယူနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကွန်ပျူတာနည်းပညာ တိုးတက်ပြန့်ပွားရေးအတွက် အလေးထားဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေ၊ သတင်း အချက်အလက်တွေကို ဖတ်ရှုချင်တယ် ဆိုရင်တော့ ဒီဝက်ဘ်ဆိုက်ကို ၀င်ရောက် လေ့လာသင့်တယ်လို့ ဆိုချင်ပါတယ်။
www.mcpa.org.mm

ဒီတခါ ဖော်ပြမိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ်ဆိုက်ကတော့ ကျန်းမာရေး၊ ပညာရေးမှအစ နည်းပညာ၊ အနုပညာနဲ့ ဖျော်ဖြေရေးဆိုင်ရာ ဗဟုသုတတွေကို မျှဝေပေးထားတဲ့ ဖိုရမ်ဝက်ဘ်ဆိုက်လေးတစ်ခု ပဲဖြစ်ပါတယ်။
www.nativemyanmar.net ဆိုတဲ့ ဒီဝက်ဘ်ဆိုက်မှာပါဝင်တဲ့ ကဏ္ဍတွေအနေနဲ့ သတင်းအချက် အလက်တွေအပါအ၀င် အတွေးအခေါ်တွေ၊ Love & Romance၊ စတာတွေ ပါဝင်တဲ့ General ကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်စတာတွေ ဆွေးနွေးဖော်ပြထားတဲ့ Society ကဏ္ဍ၊ စာပေ၊ အနုပညာ၊ ရုပ်ရှင်၊ ဂိမ်းနဲ့ အားကစား စတာတွေ ဆွေးနွေးထားတဲ့ Arts & Entertainment ကဏ္ဍနဲ့ ကွန်ပျူတာနဲ့ အင်ဂျင်နီယာနည်းပညာတွေ မျှဝေထားတဲ့ Science & Technology ကဏ္ဍ စ သည်ဖြင့် ပါဝင်ပြီး Topicsး ပေါင်း ၂၄၈၀ကျော်နဲ့ Posts ပေါင်း ၂၅၉၉၀၀ ခုကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ဆွေးနွေးကြ တဲ့ အကြောင်းအရာတွေ အနေနဲ့ ဗဟုသုတရရှိစေနိုင်မယ့်အပြင် အဖွဲ့ဝင်အနေနဲ့ မိမိသိရှိလိုတဲ့ အကြောင်းအရာကိုလည်း တင်ပြဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ဟာ အထွေထွေ ဗဟုသုတတွေအပြင် ကျန်းမာရေး၊ ပညာရေး၊ ကွန်ပျူတာနဲ့ အင်ဂျင်နီယာနည်းပညာဆိုင်ရာ ဗဟုသုတတွေကိုပါ ရရှိစေနိုင် မှာဖြစ်ပြီး ဖျော်ဖြေရေးအတွက် ရုပ်ရှင်တွေ၊ သီချင်းတွေနဲ့ ဂိမ်းတွေကိုပါ လေ့လာအသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ဒီဝက်ဘ်ဆိုက်ဟာ ၀င်ရောက်လေ့လာသင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုလို့ ပြောနိုင်ပါတယ်။
www.nativemyanmar.net

PBSkids.org ကလေးငယ်တွေအတွက် အတော့်ကို သင့်တော်တဲ့ ဆိုက်ပါ။ ဒီဆိုက်ထဲမှာ ဂိမ်းတွေ၊ ပုံပြင်တွေ၊ သီချင်းတွေနဲ့ ကလေးငယ်တွေအတွက် အခြားသောအရာတွေ ထည့်ပေးထားပါတယ်။ ကလေးငယ်တွေအတွက် သင့်လျော်တဲ့ဂိမ်းတွေကို link လုပ်ပေးထားတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

ကားဝါသနာအိုးတွေအတွက် နှစ်သက်မည့်ဆိုက် ဖြစ်ပါတယ်။ ဈေးကြီးတဲ့ကားတွေကို လေ့လာသုံးသပ်တင်ပြထားပြီး ရေးသားတင်ပြထားသူ က ကားဝယ်တဲ့အခါမှာ လိုချင်တဲ့ကားတွေကို မှန်ကန်စွာ လေ့လာသုံးသပ်ပြီး ၀ယ်ယူနိုင်ဖို့ ရည်ရွယ်ရေးသားထားတာ ဖြစ်ပါတယ်။ အချို့သော သုံး သပ် တင်ပြထားမှုတွေကတော့ ရင်းနှီးသိရှိပြီးသား ဖြစ်ပါလိမ့်မယ်။

ဒီဆိုက်ကတော့ နှင်းဆီပန်းတွေကို နှစ်သက်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ နှင်းဆီပန်းတွေကို စိုက်ပျိုးပုံတွေနဲ့ နှင်းဆီပန်းတွေရဲ့ အမျိုးမျိုးသော မျိုးရင်းတွေကို တွေ့ရှိ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ နှင်းဆီပန်းတွေကို ရောင်းချတဲ့သူတွေအတွက်ပါ ပါသလို လိုတဲ့ သတင်းအချက်အလက်တွေကို ဒီ ဆိုက်ထဲမှာ ရယူနိုင်မှာ ဖြစ်ပါတယ်။
http://www.heirloomroses.com

ဒီတခါ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက်ကတော့ မြန်မာနိုင်ငံ ကွန်ပျူတာလောကမှာ ထင်ရှားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းရဲ့ ၀က်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။

ပြည်တွင်းမှထုတ်လုပ်သော မော်တော်ကားများကို လေ့လာဝယ်ယူလိုသူများအတွက် Super Seven Star မော်တော်ယာဉ်ထုတ် လုပ်ရေးမှနေ၍ မိမိတို့စက်ရုံမှ ထုတ်လုပ်သော မော်တော်ကား များကို လေ့လာကြည့်ရှုနိုင်ရန့် http://www.supersevenstars.com website ကို လွှင့်တင်ပေးထားကြောင်း သိရှိရသည်။ ၎င်း website တွင် super seven star မော်တော်ယာဉ်ထုတ်လုပ်ရေးမှ ထုတ်လုပ်သောကားအမျိုးအစား၊ အခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ ကားများ၏ဓာတ်ပုံများနှင့် ၎င်းတို့ အလုပ်ရုံမှပေးသော ၀န်ဆောင်မှု များကိုပါ ဖော်ပြပေးထားကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းများမှ ယခုလို မိမိတို့စက်ရုံများမှ ထုတ် လုပ်သော မော်တော်ကားများကို website တင်ပေးခြင်းဖြင့် ၀ယ်ယူ လေ့လာချင်သူများအနေဖြင့် အချိန်ကုန်သက်သာစေပြီး နေရာ ဒေသမရွေးဘဲ ကြည့်ရှုနိုင်တော့ မည်ဖြစ်သည်။

ဒီတခါ မြန်မာဝက်ဘ်ဆိုက်အညွှန်းကဏ္ဍမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို လေ့လာဖတ်ရှုနိုင်မယ့် ကျန်းမာရေးဆိုင်ရာ မြန်မာဝက်ဘ်ဆိုက်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ www.myanmarhealthcare.com ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ စာစဉ်တွေကို ဖော်ပြပေးထားပြီး ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ ရရှိနိုင်မယ့် အလှအပနှင့် ကျန်းမာရေး၊ အစားအသောက်အနေအထိုင်၊ လူနေမှု ဘ၀ပုံစံတွေကို ကဏ္ဍအလိုက် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးအတွက် သိသင့်သိထိုက်တဲ့ အစားအသောက်အညွှန်း၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေကိုလည်း လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ဗဟုသုတတွေကို ဖတ်ရှုလေ့လာနိုင်တဲ့အပြင် ပါဝင်တဲ့ကဏ္ဍတွေကို အီးမေးလ်ကနေ Newsletter အနေနဲ့ ရယူလို့ ရနိုင်ပါတယ်။ ဒီ ၀က်ဘ်ဆိုက်မှာ ဖော်ပြပေးခဲ့ဖူးတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို ပြန်ပြီးဖတ်ရှုနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ဒါကြောင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ၊ အသိပညာတွေကို အွန်လိုင်းပေါ်မှာ လေ့လာဖတ်ရှုချင်တဲ့သူတွေအတွက် ဒီဝက်ဘ်ဆိုက်ဟာ ၀င်ရောက်လေ့လာ သင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။

တိရိစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အများအပြား ဖော်ပြပေးထားပြီး ဒီဝက်ဘ်ဆိုက်ဟာ ကလေးတွေအတွက် ရည်ရွယ်ထားတာ ဖြစ်တယ်လို့ဖော်ပြပေးထားပါတယ်။ တိရိစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အတော်ပြည့်စုံအောင် တင်ပြပေးထားပါတယ်။
www.animalcorner.co.uk

Webmaster-Directory ကတော့ webmaster တစ်ဦးဖြစ်ချင်သူ တွေအတွက် လိုအပ်တဲ့ လေ့လာမှုတွေကို ဖော်ပြပေးထားတဲ့ဆိုက် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုမဲ့သူတွေအတွက် လိုအပ်တဲ့ အကူအညီတွေကို ပေးထားပါတယ်။ ကောင်းမွန်တဲ့ link တွေကို ထည့်ပေးထားပါတယ်။ ဒီအရင်းအမြစ်ဟာ ဗဟုသုတနဲ့ ဉာဏ်ပညာအရွယ် အတွက်လို့ ပြောဆိုပါတယ်။
ww.webmaster-directory.net

ဒီဆိုက်ကတော့ ကမ္ဘာ့သမိုင်းအကြောင်းကို လေ့လာလိုသူအတွက် ရည်ရွယ်ထားတဲ့ဆိုက် ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းအကြာင်းမှာရှိတဲ့ အရေးပါတဲ့ လူပုဂ္ဂိုလ်တွေအကြောင်းကို ဖော်ပြပေးထားပြီး နှစ်ပေါင်းသုံးထောင်အတွင်းက အကြောင်းအရာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ link တွေ နဲ့ တွဲဆက်ပေးထားတာ ဖြစ်ပါတယ်။ ကျောင်းသားတွေ၊ သုတေသီတွေနဲ့ ဆရာတွေအတွက် ရည်ရွယ်ထားပါတယ်။
www.hyperhistory.com
ဒီဆိုက်ကတော ပန်းတွေကို နှစ်သက်တဲ့သူတွေအတွက်ပါ။ ပန်းတွေကို မွေးနေ့အတွက် သို့မဟုတ် အခြားသီးသန့်ပြုပြင်ပြီး အလှထိုးတဲ့ပုံတွေကို လေ့လာနိုင်မှာဖြစ်ပြီး အံ့သြဖွယ်ရာ အလှဆင်ထားတဲ့ ပုံစံတွေကို တွေ့ရပါလိမ့်မယ်။ ပန်းအလှထိုးနည်းကို စိတ်ဝင်စားသူတွေ ၀င်ရောက်လေ့လာ လျှင်တော့ မဆိုးလှတဲ့ဆိုက်ပါ။ မတူညီတဲ့ အကြံဉာဏ်တွေကို ပေးနိုင်ပါလိမ့်မယ်။
www.1800flower.com

ပဟေဠိကစားနည်းတွေဟာ လူတွေရဲ့ ဉာဏ်ရည်ကို ပိုမိုဖွံ့ဖြိုး တိုးတက်စေပါတယ်။ လူအများဟာလည်း ပဟေဠိ ကစားနည်းတွေကို စိတ်ဝင်တစားရှိကြပါတယ်။ ဒီဆိုက်မှာတော့ ပဟေဠိတွေကို ကစားနိုင်ဖို့ စီမံပေးထားပြီး အကောင်းဆုံး ပဟေဠိကစားနည်းတွေနဲ့ Link လုပ်ပေးထားပါတယ်။ စဉ်းစားနည်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။ ပဟေဠိကစားနည်း အချို့ဟာ ၀ယ်ယူရတာဖြစ်လို့ ၀ယ် ယူနိုင်အောင်ပါ စီမံပေးထားပါတယ်။
www.puzzles.com

ရယ်မောပျော်ရွှင်ဖွယ်ရာ အကြောင်းအရာတွေကဘ၀ရဲ့ပင်ပန်းမှုတွေကို သက်သာစေပြီး လက်ရှိ အချိန်အတွင်းမှာဘဲ ပျော်သွားစေပါတယ်။ဒါကြောင့် ရှေးလူကြီးသူမတွေက ရယ်သောသူအသက်ရှည်၏လို့ ပြောကြတာပါ။ ဒီဆိုက်မှာလည်း ရယ်စရာ ဟာသလေးတွေကို အခန်းသီးခြားစီခွဲပြီး=တော့ ဖော်ပြပေးထားပါတယ်။အပျင်းပြေ ၀င်ကြည့်ပြီး သူငယ်ချင်းမိတ် ဆွေတွေကို ပြန်ပြီးတော့ ဖောက်သည်ချနိုင်မယ်ဆိုလျှင် မဆိုးဘူးလို့ပြောနိုင်မှာပါ။
www.workjoke.com

ဆံပင်ပုံစံတွေဟာ လူတွေရဲ့စတိုင်ကို ဖော်ဆောင်ပေးသလို လူတွေရဲ့ အလှအပကိုလည်း ဖော်ဆောင်ပေးပါတယ်။ ဆံပင်ပုံစံလှလှလေးတွေကို ဖော်ပြပေးထားလို့ နှစ်ခြိုက်တဲ့ပုံစံတွေကို ၀င်ပြီးလေ့လာနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီး တွေအတွက် သာမက အမျိုးသားတွေအတွက် ဆံပင်ပုံစံတွေပါရှိပါတယ်။
www.totalhair.net

ယခုအခါ အွန်လိုင်းပေါ်မှာ မြန်မာဝက်ဘ်ဆိုက် အများအပြားရှိလာပြီ ဖြစ်တဲ့အတွက် အဲဒီဝက်ဘ်ဆိုက်တွေကို ရှာဖွေနိုင်မယ့် မြန်မာဝက်ဘ်ဆိုက်တွေ စုစည်းဖော်ပြထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ဒီတစ်ပတ် အင်တာနက်ဂျာနယ်ရဲ့ မြန်မာဝက်ဘ်ဆိုက်အညွှန်း ကဏ္ဍမှာ ဖော်ပြပေးလိုက်ပါတယ်။www.searchmyanmar.com လို့ခေါ်တဲ့ ဒီဝက်ဘ်ဆိုက်မှာ မြန်မာဝက်ဘ်ဆိုက်တွေကို ရှာဖွေကြည့်ရှုလို့ ရအောင် ကဏ္ဍအလိုက်ခွဲခြား ဖော်ပြပေးထားပါတယ်။
ဒီဝက်ဘ်ဆိုက်မှာ ရှာဖွေလို့ရတဲ့ ကဏ္ဍတွေကတော့ စာအုပ်၊ လုပ်ငန်းဆိုင်ရာ၊ အနုပညာဆိုင်ရာ၊ ဆက်သွယ်ရေး၊ ပညာရေး၊ ဖျော်ဖြေရေးနဲ့ ခရီးသွား ဆိုင်ရာစတဲ့ ၀က်ဘ်ဆိုက်တွေကို ၀င်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး Browse ကနေလည်း ရှာဖွေနိုင်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ မြန်မာဝက်ဘ်ဆိုက်တွေကို ရှာဖွေနိုင်တဲ့အပြင် သတင်းတွေ၊ သီချင်းတွေ၊ ဗီဒီယို အသစ်တွေကို ဖော်ပြပေးထားပြီး ဗေဒင်ဝါသနာရှင်တွေ အတွက်လည်း ဟောပြောချက်တွေ ဖော်ပြပေးထားပါတယ်။ သတင်းတွေအနေနဲ့ မိုးလေ၀သ သတင်းတွေ၊ ဂိမ်းသတင်းတွေကို ဖော်ပြပေးထားပြီး အခြား စိတ်ဝင်စားဖွယ်ရာ ကဏ္ဍလေးတွေကိုပါ ၀င်ရောက်လေ့လာ နိုင်ပါတယ်။ ဒါကြောင့် ဒီဝက်ဘ်ဆိုက်မှာ မြန်မာဝက်ဘ်ဆိုက်တွေကို ရှာဖွေကြည့်ရှုနိုင်မယ့်အပြင် စိတ်ဝင်စားဖွယ်ရာ ကဏ္ဍတွေပါ ပါရှိတဲ့အတွက် ၀င်ရောက်လေ့ လာသင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။
www.searchmyanmar.com

ဒီဆိုက်ကတော့ software developer တွေအတွက် တစ်စုံတစ်ရာ အကျိုးရှိနိုင်မည့်ဆိုက်ပါဘဲ။ developer တွေအတွက် သိသင့်တဲ့သတင်း တွေကို သီးသန့် ဖော်ပြပေးထားသလို .NET Framework 3.5, Dreamweaver CS3 vs. Visual Web Developer စတဲ့အရာတွေရဲ့ Feature တွေကိုလည်း ဖော်ပြပေးထားပါတယ်။ ပြီးတော့ White paper တွေကိုပါ ဖော်ပြပေးထားပါသေးတယ်။ နည်းပညာအရ VoIP, Wireless, Network Security, IT Security, Homeland Security IPTU, IT Consulting နဲ့ IT Management ဆိုပြီး အခန်းကဏ္ဍတွေခွဲခြားပြီး ဖော်ပြပေးထားပါတယ်။
www.softwaredeveloper.com

ဒီဆိုက်မှာတော့ ၀က်ဘ်ဆိုက် Template တွေ Flash Template တွေ၊ OS Commerce Template တွေ၊ CMS Template တွေရေးဆွဲပြီး ဖော်ပြပေးထားပါတယ်။ ဒါပေမဲ့ ဒီဆိုက်ထဲမှာဖော်ပြထားတဲ့ Template တွေက ရောင်းချဖို့ရေးဆွဲပြီး ၀က်ဘ်ပေါ်တင်ထားတဲ့ Template တွေ ဖြစ်ပါတယ်။ Template တွေကို သုံးစွဲရမည့် နေရာတွေအတွက် ခေါင်းစဉ်တွေ ခွဲခြားပေးထားပြီး ဈေးနှုန်းကိုလည်း အတိအကျ ဖော်ပြပေးထားပါတယ်။ ၀က်ဘ်ဆိုက်ဒီဇိုင်း ရေးဆွဲချင်သူတွေ သို့မဟုတ် အပျော်တမ်း ရေးဆွဲနေသူတွေနဲ့ စတင်လေ့လာနေတဲ့ သူတွေအတွက် ဒီဆိုက်ကအသုံးဝင်နိုင်ပါတယ်။
www.websitetemplates.bz

Adobe ရဲ့ Photoshop နဲ့သက်ဆိုင်တဲ့ လေ့လာစရာတွေကို ဖော်ပြပေးထားပါတယ်။ ဘာကစပြီးသုံးရမယ်၊ ဘယ် tool တွေက ဘာတွေလုပ် တယ်ဆိုတာကို သိပြီးတဲ့သူတွေအတွက် သင့်လျော်တဲ့ဆိုက်ဖြစ်ပါတယ်။ သင်ခန်းစာတစ်ခုစီမှာ ပြုလုပ်ပုံတွေကို အတိအကျ ဖော်ပြထားသလို ဘယ် tool ကို ကိုင်တွယ်ပြီး လုပ်တယ်ဆိုတာကိုပါ ဖော်ပြထားလို့ ပြန်လည်လေ့ကျင့် လို့ရပါတယ်။ ဒီကနေပြီး ကိုယ့်စိတ်ကြိုက် ဖန်တီးမှုတွေပြုလုပ်တဲ့အ ခါမှာ လေ့လာခဲ့တဲ့ သင်ခန်းစာလေးတွေကို ပေါင်းစပ်ပြီး အတော်အသင့် ဖန်တီးမှုတွေပြုလုပ်နိုင်ပါလိမ့်မယ်။
www.adobetutorialz.com

ဒီတခါပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ် ဆိုက်ကတော့ ဖျော်ဖြေရေးဆိုင်ရာ အစီအစဉ်တွေကို ခံစားနိုင်မယ့် ၀က်ဘ်ဆိုက် တစ်ခုပဲဖြစ်ပါတယ်။ www.myanmarworld.com လို့ခေါ်တဲ့ ဒီဝက်ဘ်ဆိုက်မှာ ရုပ်ရှင်တွေ၊ သီချင်း ဗီဒီယိုတွေ၊ သီချင်းတွေကို နားဆင်ကြည့်ရှုနိုင်မယ့်အပြင် မဂ္ဂဇင်း တွေ၊ e-Books တွေ၊ ဂျာနယ်တွေကိုပါ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ဒီဝက်ဘ်ဆိုက်မှာ မြန်မာရုပ်ရှင်ဗီဒီယိုတွေအပြင်ကိုရီးယား ဗီဒီယိုကားတွေကိုပါ ကြည့်ရှုနိုင်ပြီး ရုပ်ရှင်၊ ဗီဒီယို၊ သီချင်းတွေကို အမျိုးသားတေးသံရှင်၊ အမျိုးသမီး တေးသံရှင်၊ စုံတွဲသီချင်းတွေနဲ့ အဖွဲ့လိုက်သီဆိုမှုတွေကို ခွဲခြားနားဆင်နိုင်မှာဖြစ်ပါ တယ်။ ဒီဝက်ဘ်ဆိုက်မှာ ပါဝင်တဲ့ ကဏ္ဍတွေအနေနဲ့ ရုပ်ရှင်၊ ဗီဒီယို၊ သီချင်းတွေ အပြင် မဂ္ဂဇင်း၊ ဂျာနယ် စတဲ့ စာပေကဏ္ဍ၊ e-Books ကဏ္ဍ၊ ဓာတ်ပုံကဏ္ဍနဲ့ ဂိမ်းကဏ္ဍတွေပါ ပါရှိတဲ့အတွက် စိတ်ကျေနပ်မှုအပြည့်နဲ့ ဖျော်ဖြေရေးဆိုင်ရာတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဘလော့ဂ်၊ ဖိုရမ်နဲ့ Chat ကဏ္ဍတွေ ပါရှိတဲ့အ တွက် ဘလော့ဂ်တွေကို ရေးသားပြီး ဖိုရမ်နဲ့ Chat တွေမှာ အချင်းချင်း ဆက်သွယ်ဆွေးနွေးပြော ဆိုနိုင်မှာဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက် ရဲ့ ရုပ်ရှင်၊ ဗီဒီယိုနဲ့ သီချင်းတွေကိုကြည့်ရှုနားဆင်မယ်ဆိုရင် အွန်လိုင်းပေါ်မှာတင် တိုက်ရိုက်ကြည့် ရှုနားဆင်နိုင်မှာဖြစ်တဲ့အတွက်
www.myanmarworld.com

အင်္ဂလိပ်စာကို လေ့လာချင်သူတွေအတွက် စိတ်ကျေနပ်မည့်ဆိုက်ဖြစ်ပါတယ်။ ဒီဆိုက်မှာအရေး၊ အဖတ်နဲ့နားဆင်ခြင်းလုပ်ငန်းစဉ်တွေကို လေ့လာနိုင်ဖို့ စီမံပေးထားပြီး လူငယ်တွေအတွက်တစ်မျိုး၊ လူကြီးတွေအတွက် တစ်မျိုး မိဘတွေအတွက်တစ်မျိုးစီမံထားပါတယ်။ ဘာသာစကားကို လေ့လာတဲ့အခါမှာ မူလဘာသာစကားပြောဆိုရေးသားသူတွေရဲ့ အသုံးအနှုန်းကို တိုက်ရိုက်လေ့လာနိုင်လျှင် ပိုကောင်းတာဖြစ်လို့ဒီဆိုက်ဟာ အင်္ဂလိပ် ဘာသာကိုလေ့ လာချင်သူတွေအတွက် အကျိုးရှိစေနိုင်မည့်ဆိုက်ဖြစ်ပါတယ်။
www.learnenglish.org.uk

ဒီဆိုက်ဟာ အာကာသအကြောင်းကို လေ့လာချင်တဲ့သူတွေအတွက် ဖော်ပြပေးထားတဲ့ဆိုက်ဖြစ်ပါတယ်။ ဒီဆိုက်ထဲမှာသတင်းတွေ၊ အာကာ သဆိုင်ရာလေကြောင်းတွေ၊ သိပ္ပံအကြောင်းတွေ၊ နည်းပညာတွေ ဖျော်ဖြေရေးနှင့်အခြားသောအကြောင်းအရာ တွေကိုစုံလင်စွာသိရှိနိုင်မှာဖြစ်ပါတယ်။ အာကာသဟာလေ့လာစရာတွေကုန်နိုင်မှာမဟုတ်သလိုအံ့သြဖွယ် ရာတွေလည်း ပြည့်နှက်နေလို့လေ့လာသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။
www.space.com

ဒီဆိုက်ကတော့ နည်းပညာဆိုင်ရာအကြောင်းအရာတွေကို အများအ ပြားလေ့လာနိုင်ဖို့အတွက် ဖော်ပြပေးထားတဲ့ဆိုက်ဖြစ်ပါတယ်။ ဒီဆိုက်မှာ နည်းပညာနှင့်သက်ဆိုင်တဲ့ကျူတိုရီရယ်တွေကို အများအပြားလေ့လာနိုင် အောင်စီမံပေးထားပါတယ်။ ဒီကျူတိုရီရယ်တွေကတော့ database အကြောင်းတွေ application အကြောင်းတွေ၊ web design နှင့်ပတ် သက်တာ၊ networking နဲ့ပတ်သက်တာ linux နဲ့ပတ်သက်တာ၊ photoshop နှင့်ပတ်သက်တဲ့ကျူတိုရီရယ်တွေကို အများအပြားလေ့လာ နိုင်မှာဖြစ်ပါတယ်။
www.techtutorials.info

ဒီတစ်ခါ မြန်မာဝက်ဘ်ဆိုက်အညွှန်းကဏ္ဍမှာ အင်တာနက်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ်ဆိုက်ကတော့ထူးဆန်းထွေလာလေးတွေကို လေ့လာသိရှိနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။www.royal-myanmar.com လို့ခေါ်တဲ့ ဒီဝက်ဘ်ဆိုက်မှာ ကမ္ဘာ့သမိုင်းကြောင်းတစ်လျှောက်မှာပေါ်ပေါက်ခဲ့ဖူးတဲ့ ထူးဆန်းအံ့ဖွယ်အကြောင်းအရာလေးတွေကိုတတ်နိုင်သမျှ စုစည်းဖော်ပြပေးထားတဲ့အပြင် ဖတ်စရာမှတ်စရာကဏ္ဍမှာဆိုရင်လည်း သိမှတ်ဖွယ်ဗဟုသုတတွေကိုပါ လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။
ဒီဝက်ဘ်ဆိုက်မှာ ပါဝင်တဲ့ကဏ္ဍတွေအနေနဲ့ကတော့ ကျန်းမာရေးဆိုင်ရာဗဟုသုတတွေ ဖော်ပြပေးထားတဲ့ ကဏ္ဍ၊ နည်းပညာဆိုင်ရာတိုးတက်ဖြစ်ထွန်းမှုတွေကို ဖော်ပြပေးထားတဲ့ကဏ္ဍ၊ သတင်းကဏ္ဍတွေနဲ့ဖျော်ဖြေရေး၊ အစားအသောက်စတဲ့ မှတ်ဖွယ်မှတ်ရာအဖြာဖြာကိုဖော်ပြပေးထားပါတယ်။ဒီဝက်ဘ်ဆိုက်ရဲ့ အခြားအသုံးပြုလို့ရတဲ့အရာတွေအနေနဲ့ ဖိုရမ်ကဏ္ဍမှာ ၀င်ရောက်ရေးသားဆွေးနွေးနိုင်မှာဖြစ်သလို အသုံးပြုသူတွေအနေနဲ့ မိမိလေ့လာသိရှိတဲ့ဗဟုသုတတွေကို ဘလော့ဂ်ရေးပြီးဖြန့်ဝေပေးနိုင်မှာဖြစ်ပါတယ်။ ဖိုရမ်မှာ သီချင်းတွေ၊ နိုင်ငံခြားရုပ်ရှင်ကားတွေကို တောင်းဆိုနိုင်မှာဖြစ်သလို topic အသစ်တွေကိုလည်းတောင်းဆိုနိုင်ပါတယ်။ ဒါကြောင့်အွန်လိုင်းပေါ်က ၀က်ဘ်ဆိုက်တွေကနေ ဗဟုသုတရှာဖွေလိုတဲ့သူတွေအတွက် ဒီဝက်ဘ်ဆိုက်ဟာဝင်ရောက်လေ့လာသင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။
www.royal-myanmar.com

ဒီဆိုက်ကတော့ တိရစ္ဆာန်အကြောင်းကို ဖော်ပြပေးထားတဲ့ဆိုက်ဖြစ် ပါတယ်။ အာဖရိကမှာရှိတဲ့ တိရစ္ဆာန်တွေအမျိုးပေါင်းများစွာကို ရိုက်ကူး ထားတာဖြစ်ပြီး စနစ်တကျစီမံဖော်ပြပေးထားပါတယ်။
ဒါပေမယ့် ဒီဆိုက် ကို ဖော်ပြထားသူတွေက သူတို့ဟာ တိရစ္ဆာန်တွေအကြောင်းကို ပြည့်စုံ စွာမသိပေမယ့် အချို့သောဆိုက်တွေရဲ့ တလွဲလုပ်ဆောင်နေမှုကြောင့် ဒီလိုမျိုးကြိုးစားဖော်ပြလိုက်တာပါလို့ ၀န်ခံထားပါတယ်။ ဒီဆိုက်မှာ ဖော် ပြထားတဲ့ တိရစ္ဆာန်တွေဟာ အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ကြဘဲ တောရိုင်း တိရစ္ဆာန်တွေသာဖြစ်ပါတယ်။
http://www.nature-wildlife.com

database ကို လေ့လာချင်သူ နှစ်ခြိုက်နိုင်တဲ့ဆိုက်ဖြစ်ပါတယ်။ ဒီ ဆိုက်မှာ database ကို အီလက်ထရောနစ်နည်းလမ်းဖြင့် လေ့လာနိုင် အောင် စီစဉ်ပေးထားပါတယ်။ီdatabase ကို အခြေခံအဆင့် တတ်မြောက်အောင် စနစ်တကျ သင်ကြားပေးထားပြီး အွန်လိုင်းမှတ်စုများ၊ ရည်ညွှန်းစာမျက်နှာများကို လည်း ရရှိနိုင်အောင် စီမံပေးထားပါတယ်။ အွန်လိုင်းမှာ database နဲ့ သက်ဆိုင်တဲ့ဆွေးနွေးပွဲလေးတွေ လုပ်နိုင်အောင်လည်း စီမံပေးထားပြီး သတင်းတွေကိုလည်း ရရှိနိုင်အောင် စီမံပေးထားပါတယ်။ စနစ်တကျ လေ့လာမှုအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်နိုင်ပါတယ်။
http://db.grussell.org

ဒီတစ်ခါအင်တာ နက်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင် တဲ့ မြန်မာဝက်ဘ်ဆိုက်ကတော့ ဖျော်ဖြေရေးဆိုင်ရာ ၀က်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ ““ရွှေအိပ်မက်”” ဆိုတဲ့ ၀က်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ www.shwedream.com လို့ ခေါ်တဲ့ ဒီဝက်ဘ်ဆိုက်ဟာဆိုရင် မြန်မာရုပ်ရှင်တွေ၊ ဗီဒီယိုတွေနဲ့ သီချင်းတွေကိုပဲ သီးသန့်တင်ထား တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲဖြစ်ရပြီး ၀က်ဘ်ဆိုက်မှာရှိတဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေကိုအလွယ် တကူပဲ ရှာဖွေရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒီဝက်ဘ်ဆိုက်ထဲက ရုပ်ရှင်၊ ဗီဒီယိုတွေကို အွန်လိုင်း ပေါ်မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပြီး သီချင်းတွေက အွန်လိုင်းမှာ နား ဆင်နိုင်တဲ့အပြင် Download် ပါ ရယူနိုင်မှာဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာရှိတဲ့ ရုပ်ရှင် တွေ၊ သီချင်းဗီဒီယိုတွေနဲ့ သီချင်း (Audio) တွေကို ပြည့်ပြည့်၀၀ ခံစားချင်တယ်ဆိုရင်တော့ ၀က်ဘ် ဆိုက်မှာ Register လုပ်ပြီးအသုံး ပြုရမှာဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ အဖွဲ့ဝင်ဖြစ်သွားပြီဆိုရင်တောီ့ownloadီ တွေကို ရယူနိုင်တဲ့ အပြင် အဖွဲ့ဝင်အချင်းချင်းတွေ့ဆုံ တာ စတဲ့အခွင့်အရေးတွေကို ရရှိ မှာဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ရုပ်ရှင်ပေါင်း ၁၇၀ ကျော်၊ Video Albums ပေါင်း ၁၂၀ ကျော်နဲ့ Audio Albums ပေါင်း ၈၀ ကျော်ရှိတဲ့အတွက် ဖျော်ခြေရေး အတွက် ကျေနပ်နိုင်စရာဖြစ်မှာ ဖြစ်ပါတယ်။
www.shwedream.com

ပန်းချီပညာနှင့်ပတ်သက်လို့ လေ့လာချင်သူတွေဝင်ရောက်ကြည့်သင့် ပါတယ်။ ဒီဆိုက်မှာ ပန်းချီရေးသူရဲ့အကြောင်းကို ဖော်ပြပေးထားသလို ပန်းချီသင်တန်းတွေကိုလည်း ဖွင့်ပေးထားပါတယ်။
ပန်းချီဆရာရေးစွဲထား တဲ့ ရေဆေးပန်းချီတွေကိုလည်း ကြည့်ရှုနိုင်ပါသေးတယ်။ ဒီပန်းချီကားတွေ ကို အရွယ်အစားနှင့်တကွဖော်ပြပေးထားပြီး ရောင်းချမည့်ဈေးကိုလည်း ဖော်ပြထားပါတယ်။ ဒီဆိုက်ကိုကြည့်ပြီး ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကို တင် ရောင်းချမည် သို့မဟုတ် အွန်လိုင်းသင်တန်းဖွင့်မည့်အကြံအချို့ရခဲ့တယ် ဆိုလျှင်တော့ လေ့လာရကျိုးနပ်သွားမှာပါတယ်။
http://www.vandemarkwatercolor.com
ဝက်ဘ်ဆိုက် ဒီဇိုင်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စတွေ အတွက် လေ့လာနိုင်တဲ့ ဆိုက်တစ်ခုပါ။ ပြီးတော့ ၀က်ဘ်ပေါ်က ဈေးကွက်တွေနဲ့ ကိုယ့်ရဲ့ဆိုက်ကို လူတွေပိုမို အာရုံစိုက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေ ကိုပါ ကဏ္ဍအလိုက် အသေအချာ ဖော်ပြပေးထားပါတယ်။ သိလိုတဲ့အရာကို search မှာ ရှာဖွေနိုင်သလို click ခေါက်ပြီး ၀င်ကြည့်လျှင်လည်း ရပါတယ်။ ဗဟုသုတအနေနဲ့ လေ့လာနိုင်သလို မသိသေးတဲ့အချက်တွေကို လေ့လာနိုင်ဖို့ ၀င်ကြည့်မယ်ဆိုလျှင်လည်း ကောင်းတဲ့ဆိုက်ပါ။ လေ့လာ သင်ယူစရာတွေ ကတော့ အမြဲများပြားနေလို့ ဒီဆိုက်မှာ ဖော်ပြတာတွေထက်ပိုမိုပြီး လေ့လာဖို့တော့ လိုအပ်မှာပါ။
www.web.source.net
www.all-channel.com
ဒီတစ်ခါ အင်တာနက် ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ်ဆိုက်ကတော့ နည်းပညာ၊ ဖျော်ဖြေရေးနဲ့ အားကစားသတင်းတွေကို အွန်လိုင်းကနေ ဖတ်ရှုနိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။ www.all-channel.com လို့ခေါ်တဲ့ ၀က်ဘ်ဆိုက်ဟာ သတင်းအချက်အလက်တွေ အပါအ၀င် ပညာရေး၊ အစားအစာ၊ လုပ်ငန်း၊ ဖက်ရှင်နဲ့ နည်းပညာဆိုင်ရာ ကွန်ပျူတာ ဆော့ဖ်ဝဲတွေကို ရေးသား ဖော်ပြ တင်ပေးထားတဲ့ အတွက် ကဏ္ဍစုံ ကြိုက်တဲ့သူတွေ အတွက် စိတ်ကျေနပ် နိုင်စေမယ့် ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။
ဒီဝက်ဘ်ဆိုက်မှာ ပါဝင်တဲ့ ကဏ္ဍတွေအနေနဲ့ သတင်းတွေ၊ ဖျော်ဖြေရေး ဆိုင်ရာ ကဏ္ဍတွေ၊ Knowledge& Education၊ ကဏ္ဍတွေအပြင် Style နဲ့ Utility Software ကဏ္ဍ တွေကို ထည့်သွင်း ပေးထားပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ပါဝင်တဲ့ ကဏ္ဍ အသီးသီးကနေ ၀င်ရောက် ဖတ်ရှုတဲ့သူတွေ အနေနဲ့ သတင်း အချက်အလက် ဗဟုသုတ အပြင် Online Free Games တွေ၊ e-Book တွေနဲ့ သီချင်းတွေကိုလည်း ရယူနိုင်ပါတယ်။ ဒါ့အပြင် မိုဘိုင်းဖုန်း သုံးစွဲတဲ့သူတွေ အတွက် Ringtone, Wallpaper,Game တွေကို ရယူနိုင်တဲ့ အပြင် နိုင်ငံတကာ ရုပ်ရှင် Trailer တွေကိုလည်း ဖော်ပြပေးထားပါတယ်။ ဒါကြောင့် ဒီဝက်ဘ်ဆိုက်ဟာ သတင်းအချက်အလက်တွေ အပြင် ၀င်ရောက် ကြည့်ရှုတဲ့သူတိုင်း ရရှိနိုင်တဲ့ အခွင့်အရေးတွေ ပေးထားတဲ့အတွက် နှစ်သက်စေမှာ ဖြစ်ပါတယ်။
www.myanmarengineer.org
မြန်မာအင်ဂျင်နီယာတွေ စုဝေးပြီး အင်ဂျင်နီယာဆိုင်ရာနဲ့ ကွန်ပျူတာဆိုင်ရာ နည်းပညာတွေ ဆွေးနွေးဖြန့်ဝေပေးနေတဲ့ “မြန်မာအင်ဂျင်နီယာဖိုရမ်” လို့ အမည်ပေးထားတဲ့ ၀က်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ www.myanmarengineer.org ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ နည်းပညာသတင်းတွေ၊ ဖိုရမ်ဆွေးနွေးချက်တွေ၊ အင်ဂျင်နီယာနဲ့ ကွန်ပျူတာနည်းပညာဆိုင်ရာ ဗဟုသုတတွေနဲ့ Download တွေကို ဖော်ဆောင်ပေးထားတာ တွေ့ရပါတယ်။ သတင်းကဏ္ဍမှာ နည်းပညာသတင်းတွေအပြင် သတင်းနဲ့ဆုံဆည်းရာဆိုတဲ့ ကျောင်းသူကျောင်းသားများ အတွက်ကဏ္ဍနဲ့ အင်တာဗျူးကဏ္ဍတွေကို ထပ်မံ ဖြည့်ဆည်းပေးထားပါတယ်။ ဖိုရမ်မှာ ဆိုရင်နည်းပညာ ဆွေးနွေးချက်တွေ၊ လုပ်ငန်းအတွေ့အကြုံတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာနဲ့ပတ်သက်ပြီး အခက်အခဲတွေကို ဆွေးနွေးထားတဲ့ အကြောင်းအရာတွေနဲ့ ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲဆိုင်ရာ သိမှတ်ဖွယ်ရာတွေကို ဖော်ပြပေးထားပါတယ်။ ဒီဝက်ဘ်ဆိုက်ရဲ့ Register မှာ စာရင်းပေးပြီး အဖွဲ့ဝင်အနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ ကွန်ပျူတာနည်းပညာဆိုင်ရာ အထောက်အပံ့ရရှိနိုင်မယ့် Download တွေနဲ့ရုပ်ပုံလွှာတွေ၊ အတွင်းရှိ အချက်အလက် အကြောင်းအရာတွေကိုပါဝင်ရောက် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ သိရှိလိုတဲ့နည်းပညာဆိုင်ရာ ဗဟုသုတတွေကို တောင်းခံနိုင်မှာဖြစ်သလို အဖွဲ့ဝင်အချင်းချင်း တွေ့ဆုံစကားပြောနိုင်တဲ့ Chatroom ပါရှိလို့ ၀င်ရောက်ကြည့်ရှုတဲ့သူတွေ အသိပညာ ဗဟုသုတ တိုးပွားနိုင်မှာ ဖြစ်ပါတယ်။
http://antiplasticbags.blogspot.com
http://antiplasticbags.blogspot.com လို့ခေါ်တဲ့ ဒီဘလော့ဂ်မှာ ပလတ်စတစ်အိတ်တွေ ရဲ့အန္တရာယ်တွေကို ဖော်ပြပေးထားပြီး အဲဒီ့အန္တရာယ်တွေကို ကာကွယ်ဖို့အတွက် ပလတ်စတစ်အိတ်တွေ လျှော့ချ သုံးစွဲစေရန် "Anti PlasticBags" ဆိုပြီး ဘလော့ဂ် အမည်ပေးထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။
ဒီဘလော့ဂ်ထဲမှာ ပလတ်စတစ်အိတ်တွေ သုံးစွဲမှုကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေတာကို “မြေမြှုပ်ပြန်ရင်လည်း အပင်တွေစိုက်လို့ မရဘဲ မြေကြီးတွေပျက်၊လမ်းပေါ်မှာ ပစ်ချထားရင်လည်း...” ဟူ၍ ဗဟုသုတ ပေးရေးသားထားပါတယ်။ ပလတ်စတစ်အိတ်တစ်လုံးဟာ စက္ကူတွေ၊ သစ်သားတွေနဲ့ မတူဘဲ သက်တမ်းအားဖြင့် အနှစ်သုံးဆယ်ကနေ အနှစ်တစ်ထောင်အထိ မဆွေးမြေ့နိုင်ဘူး ဆိုတာကို မသိကြတဲ့သူတွေ အတွက် ပလတ်စတစ် အန္တရာယ် သိရှိအောင် ရှင်းလင်း ဖော်ပြပေးထားပါတယ်။ ဒီဘလော့ဂ်ဟာ ပလတ်စတစ်ရဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေတာကို သိရှိနိုင်မှာ ဖြစ်ပြီး လူသားတွေ အတွက် မသိမသာနဲ့ အန္တရာယ်ပေးနေတာ ကို ထင်ဟပ် ပြနိုင်တဲ့ ဘလော့ဂ်တစ်ခု ဖြစ်တဲ့အတွက် ဗဟုသုတ ရနိုင်ဖွယ် ၀င်ရောက် လေ့လာသင့်တဲ့ ဘလော့ဂ်ပဲ ဖြစ်ပါတယ်။
http://antiplasticbags.blogspot.com
ကောင်းပါ၏ အလွန်ကောင်းပါ၏
ReplyDeleteThank You
ReplyDeleteအခုလို ဝေငှပေးတဲ့အတွက်ကျေးဇူးဘဲနော်....အောင်မြင်ပါစေ..
ReplyDelete