ကာရံမဲ့နေတဲ့ တီးတိုးပြောသံတစ်ခုရယ်
ငါ့နှလုံးသားထဲက အထီးကျန်ပွင့်နေတဲ့ ပန်းတွေရယ်
အိမ်မက်တစ်ခုရဲ့ ဖျော့တော့တဲ့အရောင်ရယ်
ကြင်နာမှုတစ်ခုရဲ့ အမှတ်တရတွေရယ်
ငါ့ဒဏ်ရာကိုလောင်မြိုက်စေတဲ့အချစ်ကြိုးတွေရယ်
မျက်ရည်ကျသွားရတဲ့ အချိန်ခဏလေးတွေရယ်
အခုတော့အမုန်းတွေအားလုံးအဝေးမှာေ၀၀ါးကျန်နေရစ်ခဲ့ ပါပြီ
ငါ့ဘ၀တစ်ခုလုံးရင်းပြီး မင်းကိုချစ်နိုင်ပါတယ်
ဒါတောင် မင်းငါ့ဆီပြန်မလာတော့ဘူးဆိုရင်
အခုကစပြီး အရိပ်တစ်ခုအဖြစ်နေပါတော့မယ်......

No comments: