ခွဲခွာခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
လွတ်လွပ်ခြင်းမရှိတဲ့ ခံစားမှု
ထိန်းချုပ်မရတဲ့ မျက်ရည်
အဆုံးမရှိတဲ့ အလွမ်း
မရေရာတဲ့ မျှော်လင့်ချက်
အိပ်မရတဲ့ ညနက်နက်တွေ
အားလုံး...အားလုံး
မြုတ်နှံကြရတာပါ
ဒီဇင်ဘာလရဲ့ နံနက်ခင်းမှုန်ဝါးဝါးတွေ
အခါများစွာတမ်းတဖူးတဲ့ ညနေခင်းတွေ
အပ်ကွဲခဲ့ရတဲ့ နှလုံးသားတွေ
အားလုံးဟာ ၀မ်းနည်းဖို့ကောင်းပေမဲ့
ကောင်မလေးကတော့ မသိရှာဘူး...
သံယောဇဉ်တွေဟာ လွန်ပူတစ်ချောင်လို
ရင်ကိုတမြေ့မြေ့ လောင်ကျွမ်းစေခဲ့တာ
ရင်နာဖို့ကောင်းပေမယ့်
ကောင်မလေးကတော့ မသိရှာဘူး...
ဆုံတွေ့ဖူးတဲ့ နေရာဟောင်းတွေ
အထပ်ထပ်ရစ်ပြီးဖွင့်ခဲရရတဲ့ သံစဉ်တွေ
အားလုံကို တမ်းတနေပေမဲ့
ကောင်မလေးကတော့ မသိရှာဘူး...
အချစ်ဆိုတာ မျက်ရည်နဲ့လောင်း
နှလုံးသားနဲ့ ပေါင်းသင်းတာကို
ခံစားတတ်သူတိုင်း နားလည်ပေမဲ့
ကောင်မလေးကတော့ မသိရှာဘူးဗျာ...
No comments: