
သူ၏ငယ်စဉ်ကလေးဘ၀ပုံရိပ်ကို သင့်ကိုယ်သင် ဒမ်ထရေစီကဲ့သို့ ဖြတ်သန်းကုန်ဆုံးချင်ပါက ကြီးထွား လာစေရန် မလိုအပ်ပေ။ သို့ရာတွင် ယခုအခါ အီလက်ထရွန် နစ်ကုမ္ပဏီတစ်ခုသည် သူ၏ ဖုန်းလက်ပတ် နာရီတစ်ခုကို လက်တွေ့ဘ၀တွင် တီထွင် ခဲ့ကြောင်း သိရသည်။ အမှန်စင်စစ်အားဖြင့် အယ်လ် ဂျီမှ ထုတ်လုပ်သော ထိုဖုန်းနာရီသည် ထရေစီထက်ပင် ကောင်းမွန်နေသည်ကို တွေ့ရှိရပေသည်။ ထိုအယ်လ်ဂျီ ဂျီဒီ-၉၁၀ ဖုန်းလက် ပတ်နာရီကို လပ်စ်ဗီဂက်တွင်ပြုလုပ်သော လူ သုံးကုန်လျှပ်စစ်ပစ္စည်းပြပွဲတွင် ပထမဆုံးအကြိမ် အဖြစ် ဖော်ထုတ်ပြသခဲ့ကြောင်း သိရသည်။ ထိုဖုန်းလက်ပတ်နာရီတွင် voice-recognition ဆော့ဖ်ဝဲ ပါရှိပြီး လက်ပတ်နာရီနှင့် မိုဘိုင်းလ်ဖုန်းကို ဆက် သွယ်ပေးထားသည်။ ထို့အပြင် လက်ဖြင့်တို့ ထိရုံဖြင့် အလုပ်လုပ်သောမျက်နှာပြင်ပါရှိပြီး အသေးစားကင်မရာတစ်ခုလည်း ပါဝင် ကာ စာသားနှင့်အီးမေးလ်များလည်း ပို့ နိုင်ကြောင်း သိရသည်။ ထိုအယ်လ်ဂျီမှ ထုတ်လုပ် သော ဖုန်းလက်ပတ်နာရီ အယ်လ်ဂျီ-ဂျီဒီ- ၉၁၀ သည် အသုံးပြုသူများကို ၀က်ဘ်များ ရှာဖွေခြင်းနှင့် ရုပ်ရှင်နှင့်တေးဂီတများ ဒေါင်း လုတ်ပြုလုပ်ခြင်းများလည်း လုပ်ဆောင်နိုင်ကြောင်း သိရသည်။ အဆိုပါဖုန်းလက်ပတ်နာရီနှင့်စပ်လျဉ်း၍ ဈေးနှုန်းကို ယခုအထိ မသိရှိရသေးကြောင်းသိရသည်။
No comments: