နင်ကတော့ အမှတ်တမဲ့ ကြဲချလိုက်တာပါ....
ဒီကောင်ရဲ့ ရင်ထဲမှာတော့ ခပ်ရိုင်းရိုင်း ရင်ခုန်သံတွေ ဆူညံနေခဲ့တာပါ...
ဒါဟာ အိပ်မက်တစ်ခု မဟုတ်ခဲ့ပါဘူး...
နင်ကြည့်လိုက်တဲ့ မျက်ဝန်းလေးတွေဟာ မြားတစ်စင်းဆိုရင်တောင်...
ငါ့ရဲ့ ဘယ်ဘက်ရင်အုံဟာ အသင့်ရှိနေမှာပါ...
နင်မပြုစားပေမယ့် ငါ့မှာတော့ အရူးတစ်ယောက်လိုဖြစ်နေပါပြီ...
နင့်ရဲ့ အမှတ်တမဲ့ ဆိုပေမယ့် ငါ့အတွက်...
ဘ၀ပျက်မတတ် လောင်ကျွမ်းမယ့် မီးတောက်တစ်ခုလား....ကောင်မလေးရယ်....
No comments: