>

04 December, 2011

ဝါးဖြင့်ပြုလုပ်ထားသော ကမ္ဘာအကြီးဆုံး စာသင်ကျောင်း


အင်ဒိုနီးရှားနိုင်ငံ Bali မှာ တည်ရှိပါတယ်။ Green School လို့ အမည်ပေးထားပါတယ်။ ကျောင်းသားတွေဟာ အံသြဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ လှပတဲ့နေရာမှာ စာသင်ကြားရမှာပါ။ ကျောင်းဆောက်လုပ်တဲ့အချိန်မှာ ၀ါး၊ ဆင်မြက် (Elephant Grass) နဲ့ရွံစေးကိုသာ အသုံးပြုထားပါတယ်။ ကျောင်းဆောင်တွေကတော့ ၁၈ မီတာအမြင့်နဲ့ ၆၄ မီတာ အရှည်ရှိပါတယ်။ ကျောင်းခန်းမ၊ စာသင်ခန်းများ၊ ရုံးခန်းများနှင့် ကမ်တန်း (Canteen) တို့ ပါရှိပါတယ်။ ကျောင်းရဲ့ လျှပ်စစ်မီးကိုတော့ အရည်အားသုံးလည်တဲ့ Turbine ဂျင်နရေတာတွေနဲ့ တပ်ဆင်ထားတဲ့ Solar ပြားတွေကနေ ရရှိပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းစေမှုကို ကာကွယ်နိုင်တဲ့ နည်းလမ်းလို့ ဆိုပါတယ်။


1 comment:

  1. ထူးထူးဆန်းဆန်းလေးတွေနဲ့ တကယ်ကို ကောင်းတာပါပဲ ....

    ReplyDelete