>

03 December, 2011

ခေါင်းမလျှော်တာကြာပြီလား


အလုပ်တွေများလို့၊ ဖျားနေလို့၊ ရာသီသွေးလာနေလို့ ခေါင်းမလျှော်ရသေးဘူးလား။ ဆံပင်တွေ စေကပ်ကပ်ဖြစ်ကာ ခေါင်းက အနံ့တွေထွက်နေပြီလား။ ဘာမှ စိတ်မပူပါနဲ့။

သင့်ရဲ့ဆံပင်တွေ စေးကပ်ကပ်ဖြစ်လာပြီး ခေါင်းလျှော်ဖို့လည်း အဆင်မပြေနိုင်ဘူးဆိုရင် သင်မိတ်ကပ်လိမ်းတဲ့ ဘရှပ်(ခ်ျ)နဲ့ Loose Powder သို့မဟုတ် ကိုယ်လိမ်းပေါင်ဒါ အနည်းငယ်ကို ယူလိုက်ပါ။ ပေါင်ဒါတွေ သိပ်များနေမှာစိုးရင် ဘရှပ်(ခ်ျ)ကို အနည်းငယ်ခေါက်ချလိုက်ပါဦး။ ပြီးရင် ဆံပင်အရင်းနားကို လိုက်သုတ်ပေးပါ။ ပေါင်ဒါမှုန့်တွေက ဆံပင်က အဆီတွေကို စုပ်ယူပေးပါလိမ့်မယ်။ အဲဒါဆိုရင် သင်ခေါင်းမလျှော်ဘဲ ညစ်ပတ်နေတာ ဘယ်သူမှ သိတော့မှာ မဟုတ်ပါဘူး။

နောက်တစ်ချက်ကတော့ ဝက်မှင်ဘီးတစ်ခုကို ရေမွှေးဖျန်းလိုက်ပါ။ ပြီးမှ ဆံပင်အရင်းကနေ ဆံဖျားအထိ ဖြီးချပေးပါ။ သင့်ရဲ့ဆံကေသာဟာ တစ်နေ့လုံး မွှေးကြိုင်နေပါလိမ့်မယ်။

1 comment: