03 December, 2011
ကျန်းမာချင်ရင် ပန်းခြံထဲမှာ လမ်းလျှောက်ပါ
တစ်နေ့လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးခြင်းဖြင့် ရောဂါ ၂၅ မျိုးဖြစ်နိုင်ခြေ အခွင့်အလမ်းကို လျှော့ချပေးကြောင်း သိရပါတယ်။
ကိုယ်အလေးချိန်ကျစေတယ်
၆၀ ကီလိုဂရမ်ရှိတဲ့ လူတစ်ယောက်ဟာ နာရီဝက်ခန့် အမြန်လမ်းလျှောက်ပေးလျှင် ကယ်လိုရီ ၁၅၀ လောင်ကျွမ်းသွားနိုတယ်။
အူမကြီးကင်ဆာကို တားဆီးနိုင်တယ်
ဗြိတိသျှ ကင်ဆာဂျာနယ်၏ လေ့လာမှုအသစ်တစ်ခုအရ လေ့ကျင့်ခန်း ပုံမှန်လုပ်သူများသည် Polyp (Polypက ကြာရင် ကင်ဆာဖြစ်နိုင်) ဟုခေါ်သော အူအတွင်း အသားပိုဖြစ်နိုင်ခြင်းကို ၃ ပုံ ၁ ပုံ လျော့နည်းစေတယ်။
နှလုံးရောဂါ ဖြစ်နိုင်ခြေလျော့စေတယ်
နှလုံးရောဂါကြောင့် သေဆုံးမှုများတွင် ၃၇ ရာခိုင်နှုန်းသည် ကိုယ်ကာယလှုပ်ရှားမှု နည်းပါးခြင်နှင့် ဆက်စပ်လျက်ရှိသည်။ လမ်းလျှောက်ခြင်းဖြင့် အဲဒီ အန္တရာယ်ကို လျော့နည်းစေတယ်။
အချစ်ကိစ္စ တိုးတက်စေတယ်
ယောကျာ်းတွေ အသက်ကြီးလာတဲ့အခါ ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ ပိုမြင့်လာတယ်။ ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုမရှိခြင်းအာဖြင့် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ အခွင့်အလမ်း တစ်ဝက်လျှော့ချနိုင်တယ်။
အရိုးများ သန်စွမ်းစေတယ်
လမ်းလျှောက်ခြင်းဖြင့် အရိုးပါး ရောဂါမဖြစ်အောင် တာဆီးနိုင်တယ်။ အရိုးသိပ်သည်းဆ ထိန်းသိမ်းထားနိုင်ရန် တစ်ပတ်လျှင် မိနစ် ၁၈၀ လမ်းလျှောက်ဖို့လိုတယ်။
သတိမေ့ရောဂါ ကာကွယ်နိုင်တယ်
တစ်နေ့လျှင် ၁.၆ ကီလိုမီတာမျှ လမ်းလျှောက်ပေးနိုင်ရင်ပဲ အသက်ကြီးလို့ဖြစ်တဲ့ သတိမေ့ရောဂါဖြစ်နိုင်ခြေ တစ်ဝက်လျှော့ချနိုင်တယ်။ အမေရိကန်ပြည်ထောင်စုမှ လေ့လာမှုတစ်ခုအရ လမ်းလျှောက်ခြင်းဖြင့် သက်ကြီးရွယ်အိုများတွင် ဦးနှောက်အတွင်း Grey Matter ပိုမိုများပြားလာစေ ကြောင်းတွေ့ရတယ်။
နှာစေးအအေးမိခြင်းကို ကာကွယ်ပေးတယ်
နေ့စဉ် ပုံမှန်လမ်းလျှောက်ပေးခြင်းဖြင့် ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက် ချောင်းဆိုခြင်း၊ နှာချေခြင်းစတဲ့ အအေးမိရောဂါဖြစ်ပွားမှု နည်းပါးစေပါတယ်။
Subscribe to:
Post Comments (Atom)
No comments: