>

22 October, 2010

လွမ်းနေခွင့်

ချစ်ခဲ့တာ အသည်းကျွမ်းမတတ်

အပြစ်မဲ့စွာ လမ်းခွဲရက်သူရယ်....

လေနှင်ရာ နင်လေယိမ်း

မကြင်နာ တမင်တကာစိမ်းလေသလား...

အားအင်တွေနဲ့ ထိန်းထားတဲ့ကြားက

ပါးပြင်မှာ စီးကျသွားတာ

တစ်ခါမကပါဘူး....ချစ်သူ

အပြစ်မယူချင်ဘူး

လျစ်လျုရှုထားလဲ

ချစ်သူက ချစ်သူပဲလေ....

ပြန်မဆုံတဲ့ကြားက

ကြံဖန်ပြီး ယုံထားဆဲပါ....

မဖြစ်နိုင်တော့ဘူးတဲ့လား

အချစ်ယိုင်နဲ့မသွားခင်

နမ်းခွင့်လေးများနဲ့ နောက်ဆုံး...

လွမ်းခွင့်လေးတော့ ပေးသနားခဲ့ပါ....

5 comments:

  1. ( ချစ်သူက ချစ်သူပဲလေ.... ) ခွင့်လွှတ်အချစ်လေးက နူးညံ့နေပါတယ် ...

    ReplyDelete
  2. ပြန်မဆုံတဲ့ကြားက
    ကြံဖန်ပြီး ယုံထားဆဲပါ.... အလွမ်းတွေနဲ့ပေါ့ ...း)

    ReplyDelete
  3. နမ်းခွင့်လေး ရပါစေဗျာ ...
    စိတ်ချမ်းသာခြင်းရပါစေ ...
    ဇင်မင်းကို- ` ၀ဿန်မြေ ´

    ReplyDelete
  4. အားအင်တွေနဲ့ ထိန်းထားတဲ့ကြားက

    ပါးပြင်မှာ စီးကျသွားတာ

    တစ်ခါမကပါဘူး....ချစ်သူ

    အပြစ်မယူချင်ဘူး

    လျစ်လျုရှုထားလဲ

    ချစ်သူက ချစ်သူပဲလေ....

    ReplyDelete
  5. မလွမ်းနဲ့လို့တော့ မတားပါနဲ့ဗျာ...
    အလွမ်းကို ဘယ်သူပိုင်လို့လဲ...
    အလွမ်းကို လွမ်းနေသူသာ ပိုင်ပါတယ်ဗျာ...

    ReplyDelete