>

18 October, 2010

ကြယ်ကြွေချိန်ဆုတောင်း


ချစ်သူကပေးတဲ့ဒဏ်ရာတွေ

ကုစားရင်း မြက်ခင်းပေါ်ကျောခင်းမိတော့

ဖြစ်ပျက်ခဲ့သမျှတွေ

အကွက်ကျကျ ပြန်မြင်ယောင်မိတယ်....။

ချစ်တယ်လို့ပြောခဲ့တာ

မုသားမပါတဲ့

ငါ့ရင်တွင်းစကားစစ်စစ်ပါ.....။

မင်းချန်ထားခဲ့မယ်လို့

ငါမှမထင်တတ်ခဲ့ပဲ

ကျန်ခဲ့တော့လည်း

ငါ့ကံပေါ့ချစ်သူ.....။

ရင်တွင်းဒဏ်ရာ

အနာမကျက်သရွေ့

ငါကြိုးစားကုရဦးမယ်....။

ကောင်းကင်ပေါ်ခေါင်းမော့ကြည့်မိတော့

ဖြုတ်ခနဲဆို ကြယ်ကြွေအသွား

ငါဆုတောင်းလိုက်မိတာက

ပြန်ဆုံဖို့မဟုတ်သလို

နင့်အချစ်ပြန်ရဖို့လဲမဟုတ်ခဲ့ပါဘူး

ငါနင့်ကိုမေ့နိုင်ဖို့ပါ.....။

No comments:

:a   :b   :c   :d   :e   :f   :g   :h   :i   :j   :k   :l   :m   :n   :o   :p   :q   :r   :s   :t

Blogger Tricks And TipsComment here