>
သင်သေသွားသော်
သြော် လူပြည်လောက
လူ့ဘ၀ကား အိုရနာရ
သေရအုံးမည်မှန်ပေသတည်း
သို့တပြီကား သင်သေသွားသော်
သင့်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏အမျိုးသား စာစကားလည်း
ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း
ဟုတ်ကဲ့ သေချာမှတ်ထားပါ့မယ်
ReplyDelete