>

29 March, 2010

ပိတောက်ပန်းချစ်သူ

ဘုရားကို တစ်ခိုင်လှူ

ချစ်သူကို တစ်ခက်ပေး

ရတက်အေးစေဖို့

တစ်သက်မဝေးရအောင်

အမျက်ကလေးပြေဖို့

ဆုပန်ချွေ....။



နေကလည်နေ

နွေကလည်းနွေ

မေကလည်းမေ

ပိတောက်ပန်းတွေ ဝေေ၀ပန်လို့

မူဟန်နွဲ့လှနေ....။



သင်္ကြန်ရေ အတူချိုး

နွေမိုး မသက်ခင်

ရင်ခွင်တိုး တိုးဖက်

လွတ်မထွက်အောင်ထွေး

ပန်းကို မွှေးလို့

ပါးကိုနမ်း

ရွင်လန်းရင်ခုန်

မလုံမလဲ

အသည်းသိမ့်နွေးနွေး

ချစ်တေးထွင်းဖောက်

နေ့စဉ် ပိတောက်ပွင့်ပါစေ....။

2 comments:

  1. အင်းလေ ...အချစ်ပိတောက်ကို အမြဲပွင့်အောင် ဘယ်လိုကြံရမလဲ ...

    ReplyDelete