>

29 March, 2010

အလွမ်းဆိုတာ

အလွမ်းဆိုတာ ရေနွေးအိုးတည်သလို အချိန်တန် ဆူပွက်လာတာမျိုးလား....
အလွမ်းဆိုတာ သင်ယူရတဲ့ ဘာသာရပ်လား....
အလွမ်းဆိုတာ ပျိုးယူရတဲ့ အပင်မျိုးလား....
အလွမ်းဆိုတာ အချိန်မှန်မှန် ဆေးသောက်ရင် ပျောက်သွားတတ်တဲ့ ရောဂါမျိုးလား....
အလွမ်းဆိုတာ  မြုံနေတဲ့ အနာလို ကြာရင် ပြည်ထွက်လာတတ်သလား....
လူတွေ ပြောသံကြားဖူးတယ်...မလွမ်းချင်ဘူးတဲ့....
ဒါကြောင့် အလွမ်းဆိုတာ မကောင်းတာတော့အမှန်ပဲ....
အဲဒီ အလွမ်းကို အမှုဖွင့်လို့ ရရင်သိပ်ကောင်းမှာပဲနော်...:P

2 comments:

  1. အလွမ်းကို အမှုဖွင့်ရင် မောင်ရင့်ကို တရားစွဲမယ့်သူတွေရှိနိုင်တယ်နော် ...
    ( လွမ်းကောင်းကောင်းနဲ့လွမ်းနေတဲ့သူတွေရှိနေတယ် ထင်ပါတယ် )

    ReplyDelete
  2. သားသား...ကြောက်ကြောက်....

    ReplyDelete