>

13 March, 2010

ပျံသန်းသည်နှင့်မခြား မောင်းနှင်နိုင် သော ရေငုပ်သင်္ဘောအငယ်စား

ဗြိတိန်ဗာဂျင်းကုမ္ပဏီအုပ်စု တည်ထောင်သူ ဆာရစ်ချက်ဘရန် ဆန်သည် သမုဒ္ဒရာရေအောက်တွင် အပျော်တမ်းလေ့လာလိုသူများအတွက် ပျံသန်းသည်နှင့်မခြား မောင်းနှင်နိုင် သော ရေငုပ်သင်္ဘောအငယ်စားတစ် မျိုးကို ဖန်တီးလိုက်ကြောင်းသိရ သည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် များထဲမှ တစ်ဦးဖြစ်သည့်ဘရန်ဆန် သည် ယမန်နှစ်က အာကာသခရီးတို သွားဝန်ဆောင်မှုအစီအစဉ်ကို ဖန်တီး ခဲ့ပြီးနောက် နောက်ထပ်အစီအစဉ် သစ်တစ်ရပ်အဖြစ် အပျော်စီးရေငုပ် သင်္ဘောကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ Necker Nymph  ဟုအမည်ပေးထား သည့် ရေယာဉ်ငယ်သည် ရေမျက်နှာ ပြင်အောက် မီတာ ၄၀ အထိငုပ်နိုင် မည်ဖြစ်ပြီး လင်းပိုင်များကဲ့သို့ ရေထဲ တွင် လှုပ်ရှားနိုင်မည်ဖြစ်ပြီး ရေ အောက်တွင် ပျံသန်းသကဲ့သို့ ခံစားမှု မျိုးပေးစွမ်းနိုင်မည်ဖြစ်သည်။

တစ်ပတ်စာရေငုပ်သင်္ဘောခရီး စဉ်အတွင်း ၀န်ဆောင်ခမှာ ဒေါ်လာ ၂၅၀၀၀ မျကျသင့်မည်ဖြစ်ပြီး ရေငုပ် သင်္ဘော၏ ပင်မသင်္ဘောအဖြစ်ဖန်တီး ထားသော ရွက်လှေကြီး Necker Belle အတွက် ဒေါ်လာ ၈၈၀၀၀ ကျသင့်မည်ဖြစ်သည်။ ဒေါ်လာ ခြောက်သိန်းကျော် အကုန်အကျခံ တည်ဆောက်ထားသည့် ရေငုပ်သ င်္ဘောမှာ ဂျက်တိုက်လေယာဉ်နည်း ပညာသုံးစွဲထားသည်ဟုသိရသည်။

ပြင်ပသို့ ထွင်းဖောက်မြင်နိုင် သောကြောင့် အဏ္ဏ၀ါဂေဟဗေဒစနစ် ကို ၃၆၀ ဒီဂရီထွင်းဖောက်မြင်ရမည် ဖြစ်ပြီး ဝေလငါးများ၊ လင်းပိုင်များ အနီးမှကပ်၍ မောင်းနှင်ပေးမည်ဟု သိရသည်။ ယင်းယာဉ်ကို ဘရန် ဆန်ပိုင်ဆိုင်သည့် ကျွန်း Necker  တွင် ထားရှိမည်ဖြစ်သည်။ ဘရန် ဆန်သည် အာကာသခရီးတိုသွား အစီအစဉ်ကိုလည်း ဒေါ်လာ နှစ် သိန်းဖြင့် ၂၀၁၁ မှစပြီး ၀န်ဆောင်မှု ပေးရန် စီစဉ်ထားသည်။

1 comment:

  1. မိုက်တယ်ဟာ။စီးချင်လိုက်တာ။ဝေမျှပေးတာကျေးဇူးပါ။

    ReplyDelete