>

22 March, 2010

တဒင်္ဂ

မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ရတဲ့

ငါတို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်း

မထင်မှတ်ပဲချစ်မြတ်နိုးမိခဲ့လို

ငါ့ချစ်ခြင်းတွေကိုနင်မသိပေမယ့်

ငါပိုပြီး ရူးသွပ်ခဲ့မိတယ်

မင်းရဲ့အသံလေးကြားရုံ

မင်းရဲ့အကြင်နာမျက်ဝန်းလေးတွေ့ရုံနဲ့

ငါချစ်မြတ်နိုးမိခဲ့ပြီ

ဒီအဖြစ်ပျက်တွေဟာ..........

ရေအိုးအောက်ကရေကရွတ်လို

တဖြည်းဖြည်းနဲ့

ဆွေးမြေ့သွားရမယ့်ဘ၀ဆိုတာ

ငါသိပေမယ့်

မင်းကိုချစ်တယ်.........

2 comments: