>

30 September, 2011

အတိတ်

အတိတ်တွေနဲ့ ရောထွေးစုပုံထားတဲ့ အတွေးတွေကို သိုဝှက်သိမ်းထားခဲ့ တာကြာပါပြီ...

ကြီကျယ်ခမ်းနားပြီး ယုံပါဆိုတာလောက်နဲ့  မေတ္တာတရားကိုအလွဲသုံးစား မလုပ်ပါနဲ့...

တစ်ချိန်က မင်းပေးခဲ့တဲ့ အချစ်တွေဟာ ကိုယ့်ကို ထိုးမယ့်ဓားမှန်း မသိခဲ့ပါဘူး...

ပစ်စလက်ခတ် မဖြစ်ချင်ခဲ့ပေမယ့်  နှလုံးသားက ဖျားနာမှုကိုတော့ မျက်စပစ် ပြနေပါပြီ...

ရက်စက်ခြင်းကို မေ့ဆေးကျွေးရုံနဲ့ ဒဏ်ရာတွေအေးခဲသွား ရင်သိပ်ကောင်းမှာပဲ...

နောက်ဆုံးတော့ အဆုံးသတ်မကောင်းတဲ့  ဇာတ်လမ်းတစ်ပုဒ်ကို ဒဏ်ရာတွေ တနင့်တပိုးနဲ့....

နာကျင်နေလဲ ရိုးရိုးလေးပဲ သရုပ်ဆောင်ပေးပါ့မ ယ် ...ကောင်မလေးရယ်...

No comments:

:a   :b   :c   :d   :e   :f   :g   :h   :i   :j   :k   :l   :m   :n   :o   :p   :q   :r   :s   :t

Blogger Tricks And TipsComment here