ကွန်ပျုတာကို နေ့စဉ်ထိတွေ့ သုံးစွဲနေရသူတွေအတွက် အလွယ်သုံး Shortcut Icon တွေဟာ လုပ်ငန်းကိုမြန်စေလို့ နှစ်ခြိုက်သဘောကျကြပါတယ်။ ကျွမ်းကျင်သူတွေအနေနှင့် အလွယ်တကူ တည်ဆောက်နိုင်သော်လည်း သာမန်ကွန်ပျုတာ သုံးစွဲသူတွေ အတွက်တော့ နည်းလမ်းသိလည်း လက်တွန့်နေပြီး တည်ဆောက်ဖို့ ခက်ခဲတတ်ပါတယ်။ Handy Shortcut Program လေးဟာ Install လုပ်ရန်မလိုခြင်း၊ အသုံးပြုရန်လွယ်ကူခြင်း၊ ကွန်ပျုတာအတွင်းပိုင်း လုပ်ငန်းစဉ်တွင် နေရာမယူထားခြင်း တို့ကြောင့် ကောင်းမွန်တဲ့ Program လေးတစ်ခု ဖြစ်ပါတယ်။ Shortcut အတွက် Create Button နှိပ်လိုက်ရုံဖြင့် Desktop ပေါ်သို့ အဆိုပါ Shortcut ရောက်လာပါလိမ့်မယ်။ ပြန်ဖျက်လိုလျှင်လည်း Delete ဖြင့် အလွယ်သာ ပြန်ဖျက်နိုင်ပါတယ်။Handy Shortcuts
No comments: