>

15 September, 2011

လူ့စကားသံထွက်မယ့် ခွေးဟောင်သံ

ဂျပန်နိုင်ငံ ကလေးကစားစရာ ထုတ်လုပ်တဲ့ Tomy ကုမ္ပဏီက Dog Translator Gadget အသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ ဒီ Gadget က ခွေးဟောင်သံကို စကားအဖြစ် ပြောင်းပေးနိုင်ပါတယ်။ ၂၀၀၂ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Bowlingual ဆိုတာကို Update လုပ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ခွေးရဲ့ လည်ပတ်မှာ မိုက်ကရိုဖုန်းတစ်ခု တပ်ဆင်ထားစေပြီး Handheld Unit ကို ကြိုးမဲ့ စနစ်နဲ့ ဆက်သွယ် ဆောင်ရွက်စေပါတယ်။ ဒီ Version အသစ်က လူ့ စကားသံအဖြစ်နဲ့ ထုတ်လွှင့်ပေးပါတယ်။ Bowlingual Voice က ခွေးနဲ့ သက်ဆိုင်တဲ့ စိတ်ခံစားမှု အခြေခံ ၆ မျိုးကို နားလည်ပါတယ်။ Tomy ကုမ္ပဏီရဲ့ အဆိုအရ ခွေးပေါက်လေးတွေ ၅၀ လောက်ရဲ့ ဟောင်သံကို ဂျပန်ဘာသာစကားအဖြစ် တစ်ပြိုင်နက် ဘာသာပြန်ပေးနိုင်ပါတယ်။

ဗီဒီယိုလင့်လေးလဲ သွားကြည့်ကြည့်ပါအုံးဗျာ.....
http://technabob.com/blog/2009/06/20/bowlingual-voice-dog-translator/

No comments:

:a   :b   :c   :d   :e   :f   :g   :h   :i   :j   :k   :l   :m   :n   :o   :p   :q   :r   :s   :t

Blogger Tricks And TipsComment here