
ရုတ်တရက်ပေါ်လာရင်တောင်
ခေါက်ပြီး အိပ်ကပ်ထဲ သိမ်းထားမိတယ်
မသိစိတ်က သိနေပေမဲ့လည်း
မေ့ပြီး ပျော်ရွင်ဟန်ဆောင်ခဲ့ကြတယ်
ဒါပေမဲ့ အဲဒီနေ့ကိုရောက်လာခဲ့တယ်
အခန်းစောင့် ဆရာမဆီ
အဖြေလွာအပ်ပြီး
ကျခဲ့တဲ့ မျက်ရည်စက်နဲ့ အတူ
ဘူမိဗေဒ အဆောင်ကြီးကို
ကျောခိုင်းထွက်လာခဲ့ရတယ်
လွတ်လပ်ပြီးပျော်ရွင်ဖွယ်ကောင်းတဲ့
ကျောင်းသားဘ၀ကို
ထာဝရကျောခိုင်းခဲ့ရပြီလေ......
အင်းးးးးးးး
ReplyDeleteကျောင်းသားဘ၀ရဲ့ နောက်ဆုံးရက်အချိန်လေးကို
ပြန်သတိရလိုက်တာ.......
သတိရသွားပြီဗျာ.............
ReplyDelete