>

08 April, 2010

လွမ်းနေယုံပေါ့

အမှန်တိုင်း ၀န်ခံပါရစေတော့ ချစ်သူရယ်

မင်းနဲ့ ပက်သက်တဲ့ ငါ့ရဲ့ ညကဗျာ

အမြဲတမ်း မလှပခဲ့ဘူးဆိုတာကိုလေ

ကော်ဖီခါးခါး တစ်ခွက်ထက် အလွမ်းချိုချို တစ်ပုဒ်က

ညစဉ်ညတိုင်း ငါ့မျက်လုံးတွေကို နှိပ်စက်နေတယ်

ငါ့ကို အိပ်စက်ခွင့်ပြုပါ ချစ်သူရယ်

ကုန်ကုန်ပြောရရင် ငါပိုင်တဲ့ ငါ့ရဲ့ အတွေးနဲ့ နှလုံးသားကို

ထာဝရ အိပ်စက်ခွင့်ပြုလိုက်ချင်ပါတယ် <ဒါပေမယ့်>

အတွေးနဲ့ နှလုံးသားက ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်ကို

လက်မခံကြဘူးလေ

အဲဒီတော့ လွမ်းနေလိုက်ယုံပေါ့

2 comments:

  1. လွမ်းနေယုံလေးပါပဲ.....

    ReplyDelete
  2. တူတူလွမ်းတာပေါ့

    ReplyDelete