>

08 April, 2010

တစ်ခါတုန်းက တက္ကသိုလ်

ငါတို့မေ့ထားကြတယ်

ရုတ်တရက်ပေါ်လာရင်တောင်

ခေါက်ပြီး အိပ်ကပ်ထဲ သိမ်းထားမိတယ်

မသိစိတ်က သိနေပေမဲ့လည်း

မေ့ပြီး ပျော်ရွင်ဟန်ဆောင်ခဲ့ကြတယ်

ဒါပေမဲ့ အဲဒီနေ့ကိုရောက်လာခဲ့တယ်

အခန်းစောင့် ဆရာမဆီ
အဖြေလွာအပ်ပြီး

ကျခဲ့တဲ့ မျက်ရည်စက်နဲ့ အတူ

ဘူမိဗေဒ အဆောင်ကြီးကို

ကျောခိုင်းထွက်လာခဲ့ရတယ်

လွတ်လပ်ပြီးပျော်ရွင်ဖွယ်ကောင်းတဲ့

ကျောင်းသားဘ၀ကို

ထာဝရကျောခိုင်းခဲ့ရပြီလေ......

2 comments:

  1. အင်းးးးးးးး
    ကျောင်းသားဘ၀ရဲ့ နောက်ဆုံးရက်အချိန်လေးကို
    ပြန်သတိရလိုက်တာ.......

    ReplyDelete
  2. သတိရသွားပြီဗျာ.............

    ReplyDelete