29 March, 2010

ပိတောက်ပန်းချစ်သူ

ဘုရားကို တစ်ခိုင်လှူ

ချစ်သူကို တစ်ခက်ပေး

ရတက်အေးစေဖို့

တစ်သက်မဝေးရအောင်

အမျက်ကလေးပြေဖို့

ဆုပန်ချွေ....။



နေကလည်နေ

နွေကလည်းနွေ

မေကလည်းမေ

ပိတောက်ပန်းတွေ ဝေေ၀ပန်လို့

မူဟန်နွဲ့လှနေ....။



သင်္ကြန်ရေ အတူချိုး

နွေမိုး မသက်ခင်

ရင်ခွင်တိုး တိုးဖက်

လွတ်မထွက်အောင်ထွေး

ပန်းကို မွှေးလို့

ပါးကိုနမ်း

ရွင်လန်းရင်ခုန်

မလုံမလဲ

အသည်းသိမ့်နွေးနွေး

ချစ်တေးထွင်းဖောက်

နေ့စဉ် ပိတောက်ပွင့်ပါစေ....။

စိုး

မိပိတောက်

ညည်းရောက်လို့ လာပြီနော်

ငါ့မှာလေ တွေ့ချင်စိတ်နဲ့

အိပ်စက်မပျော်....



မျှော်သာမျှော်

ပေါ်လာတော့ ခူးခက်သေး

လက်ထဲမှာ ရနံ့ပြယ်လို့

ချက်ချင်းကွယ် နွမ်းကြွေညှိုးမှာ

စိုးရွံတယ်လေ......

အေပရယ်(လ်)ဖူး(လ်)

ဘယ်လိုလဲ သင်္ကြန်ရယ်

နင်နဲ့ငါနဲ့တော့

ခဏခဏ ရန်ဖြစ်နေရတာပဲကွယ်

ခုလည်း နင်က

ပိတောက် အားကိုးနဲ့

ငါ့ကို ပုတ်နှိုးလိုက်ပြန်ပြီပေါ့

အားနာပါဦးတော့လား

ရိုးရိုးသားသားမှားခဲ့တဲ့

နှလုံးသားလေးပါ

ကဗျာ မဆန်ခဲ့ဘူး...

အရူတစ်ယောက်လို

နင့်ကို ငါကြောက်တယ် မိပိတောက်

တစ်နှစ်တစ်ခါ ဒီဒဏ်ရာ

နာကျင်ခံခက် နှိပ်စက်လို့

ရင်နာနာနဲ့ ရယ်ရတယ်

ရေစိုနေတဲ့ အိပ်မက်လေး

ဖျားနာခဲ့ပါပြီကွယ်

အားနာပါတော့ သင်္ကြန်ရယ်....

ငါ့ကို ထပ်မတွေ့ပါနဲ့တော့လေ.....

အလွမ်းဆိုတာ

အလွမ်းဆိုတာ ရေနွေးအိုးတည်သလို အချိန်တန် ဆူပွက်လာတာမျိုးလား....
အလွမ်းဆိုတာ သင်ယူရတဲ့ ဘာသာရပ်လား....
အလွမ်းဆိုတာ ပျိုးယူရတဲ့ အပင်မျိုးလား....
အလွမ်းဆိုတာ အချိန်မှန်မှန် ဆေးသောက်ရင် ပျောက်သွားတတ်တဲ့ ရောဂါမျိုးလား....
အလွမ်းဆိုတာ  မြုံနေတဲ့ အနာလို ကြာရင် ပြည်ထွက်လာတတ်သလား....
လူတွေ ပြောသံကြားဖူးတယ်...မလွမ်းချင်ဘူးတဲ့....
ဒါကြောင့် အလွမ်းဆိုတာ မကောင်းတာတော့အမှန်ပဲ....
အဲဒီ အလွမ်းကို အမှုဖွင့်လို့ ရရင်သိပ်ကောင်းမှာပဲနော်...:P

28 March, 2010

တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး... ကိုယ်ဖက်က လိုချင်တာတွေ များသွားလို့ပါ...

အချစ်

ဒီ့ထက်ပိုကောင်းတဲ့အချစ် ရှိနိုင်သေးတယ်လို့ မထင်လိုက်ပါနဲ့။
အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ကအကောင်းဆုံးပါ။

အသက်ငယ်သေးတယ် နောက်ကျမှအိမ်ထောင်ပြုလည်းရတယ်လို့ မထင်လိုက်ပါနဲ့။
အချစ်က အသက်အရွယ်ကို စောင့်လိမ့်မှာမဟုတ်ဘူး။

အကွာအဝေးကြောင့် အချစ်ကို လက်လွတ်ဖို့ မကြိုးစားပါနဲ့။
အချစ်က ကိုယ်နဲ့အတူ ရထား၊ လေယာဉ်စီးလို့ရပါတယ်။

ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွတ်လိုက်ပါနဲ့။
အသုံးမကျတဲ့လူကလွဲလို့ လုံ့လဝီရိယရှိသူဆိုရင် သင့်ကိုချမ်းသာအောင်ထားနိုင်ပါတယ်။

အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။
တစ်သက်မှာ တစ်ယောက်တည်းချစ်တာက အကောင်းဆုံးဖြစ်တယ်။
ချစ်တာများပြီး ခံစားချက် အတွေ့အကြုံများရင် ထုံကျင်သွားတတ်တယ်။
လမ်းခွဲကြိမ်များရင် ကျင့်သားရသွားတတ်တယ်။
ချစ်တာများရင် နှိုင်းယှဉ်မှုတွေများသွားတတ်တယ်။
နောက်ဆုံးမှာ အချစ်ကို အယုံအကြည်မဲ့သွားတတ်တယ်။

အချစ်က ဝမ်းနည်းစရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်မယ်။
ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို စွန့်ရတာ သိပ်မနာကျင်ပေမယ့် ကိုယ်ချစ်တဲ့လူတစ်ယောက်ကို စွန့်ရတာလောက် နာကျင်တာမရှိပါဘူး။ ကံအကြောင်းပါခဲ့ရင် အချိန်၊ နေရာဆိုတာ အကွာအဝေးမဟုတ်ပါဘူး။ ကံအကြောင်းမပါခဲ့ရင် အတူဆုံမိလည်း တစ်ယောက်ကိုတစ်ယောက် မနှစ်လိုတတ်ကြဘူး။

အချစ်ကို ကျေကျေနပ်နပ်ခံစားရင် ထိခိုက်နာကျင်ခဲ့လည်း နောင်တမရတတ်ဘူး။
အချစ်ကို အတွေ့အကြုံတစ်မျိုးလို့ မှတ်ယူခဲ့ရင် အသဲကွဲချိန် ချိုမြိန်တာကို ခံစားမိမယ်။
အချစ်ကို ဖြတ်သန်းမှုတစ်ခုလို့ မှတ်ယူခဲ့ရင် လဲပြိုချိန် လှပတယ်လို့ ခံစားမိမယ်။
အထီးကျန် စိတ်လေလို့ လူတစ်ယောက်ကို မှားချစ်မိတာမျိုး မဖြစ်စေပါနဲ့။
လူတစ်ယောက်ကို မှားချစ်မိလို့လည်း တစ်သက်လုံး အထီးမကျန်ပါစေနဲ့။
အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်ပါတယ်။

27 March, 2010

ကောင်လေးတွေ မသိဘူး.....

ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေက သူ့ဆီဖုန်းဆက်စေချင်တာလဲ
စာလေးတွေပို့စေချင်တာလဲဆိုတာကို
ကောင်မလေးတွေက ဖွဲ့နွဲ့နေတဲ့စကားလုံးတွေကို လိုလားတာမဟုတ်ပါဘူး။
ကောင်လေးဘယ်လောက်အလုပ်ရှုပ်နေပါစေ ကောင်မလေးကို သတိရနေပါတယ်ဆိုတာကို
သိချင်နေတာပါ။

ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် အစားသွားစားမယ်လို့ပြောတာကို…
ကောင်မလေးတွေကတကယ်စားချင်နေတာမဟုတ်ပါဘူး။ ကောင်လေးနဲ့ နှစ်ယောက်ထဲ
စားနေရတဲ့အချိန်ကို ကြည်နူးလို့ပါ။ နှစ်ယောက်ထဲကမ္ဘာမှာနေချင်လို့ပါ

ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်လက်ဆောင်လိုချင်တာလဲ….
ကောင်မလေးတွေကတောင်းဆိုလိုက်တဲ့အရာကို ကောင်လေးတွေဝယ်ပေးမှာလား
မ၀ယ်ပေးဘူးလားဆိုတာကို သိချင်တာပါ။ အဓိကတော့ ကောင်မလေးအတွက်
ကောင်လေးဒီပိုက်ဆံကိုဖြုန်းပေးနိုင်လားဆိုတာကိုသိချင်တာပါ။

ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်ကောင်လေးကိုအလုပ်ကြိုးစား
ခိုင်းတာလဲဆိုတာကို….
ကောင်မလေးတွေက ကောင်လေးလာတောင်းမဲ့နေ့ကို စောင့်မျှော်နေတာပါ။ အလုပ်တွေ
အဆင်ပြေမှ သူတို့ရှေ့ရေးအေးရအောင်လို့ပါ။

ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် တတွတ်တွတ်ရွတ်နေတာလဲ.
ကောင်မလေးတွေလဲ အဘွားကြီးတယောက်အသွင်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့
ကောင်လေးအပေါ် ဂရုစိုက်တာတွေ စိတ်ပူတာတွေက အတိုင်းထက်လွန်သွားတာပါ။

ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်တိုရင် လမ်းခွဲမယ်လို့ပြောတာလဲ
ကောင်မလေးတွေတကယ်လမ်းခွဲချင်လို့မဟုတ်ပါဘူး။ ကောင်လေးရဲ့ ယုယမှုတွေ
အချစ်တွေကို သူတို့တွေ ပြန်ရှာယူတာပါ။

ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက်
ကောင်လေးကို သူငယ်ချင်းအသွင်နဲ့ ဂရုစိုက်နေသေးတာလဲ…
ကောင်မလေးတွေ တကယ်တော့ သူငယ်ချင်းအဖြစ်ပြန်ဟန်ဆောင်ရတာရင်မောလှပါတယ်။
ကောင်မလေးက သူတို့ရဲ့အချစ်ကို ပြန်စောင့်စားမျှော်လင့်မိတာပါ။

ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက်
ညတိုင်းငိုနေရတာလဲ….
ကောင်မလေးတွေသိတယ် ဒီညတာငိုကြွေးတာနဲ့ မအိပ်ခဲ့ဘူးဆိုရင်
သူလွမ်းလို့အိပ်နိုင်မှာမဟုတ်ဘူး။

ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ သူတို့ကို ရှောင်တာလဲဆိုတာ
ကောင်မလေးတွေက ကောင်လေးကို မတွေ့ချင်လို့မဟုတ်ပါဘူး။ တွေ့လိုက်ရင်
သူ့ခံစားချက်တွေ ပေါ်လာပြီး အခြေအနေတွေ ဆိုးရွားသွားမှာကို
မလိုလားလို့ပါ။

ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်ကောက်ရတာလဲ….
ချစ်တဲ့သူကိုသာစိတ်ကောက်တာပါ… ချစ်တဲ့သူကို အရေးလုပ်လို့…
သူ့ကိုနားလည်စေချင်လို့ပါ။

ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ စိတ်လဲမကောက်ရန်လဲမဖြစ်ပဲ
တိတ်ဆိတ်နေရတာလဲဆိုတာ…
ကောင်မလေးခံစားနေရတာဘယ်လောက်နာကျင်နေပါစေ..တခါတခါ ကောင်လေးတွေရဲ့စိတ်ကို
သူတို့ပြောင်းလဲလို့ရတာမဟုတ်လို့ ကောင်မလေးက သူ့ရဲ့စိတ်ကို
ငြိမ်သွားအောင် တိတ်တိတ်နေလိုက်တာပါ။

ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေအရင်ရည်းစားကို မေးမေးနေတာလဲဆိုတာ…
ကောင်မလေးတွေက အရင်ရည်းစားလို သူ့ကိုချန်ထားခဲ့မှာစိုးရိမ်နေလို့ပါ။

ကောင်လေးတွေမသိဘူး ဘာကြောင့်
ကောင်မလေးတွေကကောင်လေးရဲ့ရှင်းပြချက်တွေကို နားထောင်ပေးတာလဲ….
ကောင်မလေးတွေ စိတ်မတိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်လေးရဲ့
ရှင်းပြချက်ထဲကနေ သူအရေးကြီးတာလား တခြားသူအရေးကြီးတာလားဆိုတာကို
သိချင်လို့ သေချာနားထောင်ပေးနေတာပါ။

24 March, 2010

အသဲကွဲ စုံတွဲ

လင်မယားနှစ်ယောက် လက်ထပ်ထိမ်းမြားပြီး ၁၁ နှစ်ကြာမှ သားယောက်ျားလေးတစ်ယောက် ဖွားမြင်သတဲ့။ သူတို့နှစ်ယောက်ဟာ ချစ်ခင်ကြင်နာတဲ့ မောင်နှံစုံဖြစ်ပြီး အိမ်ထောင်သက်ကြာမှ ရတဲ့ကလေးဆိုတော့ တော်တော်ချစ်ကြတာပေါ့။

ဒီလိုနဲ့ ကလေးအသက် ၂ နှစ်သားအရွယ်ရောက်တဲ့မနက်ခင်းတစ်ခုမှာ ခင်ပွန်းသည်ဟာ ဆေးပုလင်းတစ်လုံး အဖုံးပွင့်နေတာ မြင်သတဲ့။ အလုပ်ချိန်နောက်ကျနေပြီမို့ ဆေးပုလင်းအဖုံးပြန်ပိတ်ပြီး ဗီရိုထဲထည့်ထားဖို့ သူ့ဇနီးကို အတန်တန်ပြောခဲ့တယ်။ဇနီးသည်ကလည်း ချက်ရေး၊ပြုတ်ရေးကိစ္စထဲ စိတ်စွဲနေတော့ ဆေးပုလင်းကိစ္စ လုံးဝမေ့လျော့နေသတဲ့။

ကလေးငယ်က ဆေးပုလင်းကိုမြင်တော့ ယူပြီးကစားတယ်။ ရောင်စုံဆေးတောင့်လေးတွေဟာ ကလေးအတွက်တော့ စိတ်ဝင်စားစရာပေါ့။ ဆေးတောင့်တွေ အကုန်လုံး ကလေးက ပါးစပ်ထဲ မျိုချပစ်လိုက်တယ်။ အဲဒီဆေးဟာ လူကြီးတွေအတွက်တောင်မှ သောက်ရမယ့် အတိုင်းအဆထက်ပိုရင် အန္တရာယ်ဖြစ်တတ်တယ်။
ကလေးငယ် မူးမေ့လဲသွားတာတွေ့တော့ ကလေးအမေဟာ ကလေးကို ချက်ချင်းဆေးရုံပို့တယ်။ အဲဒီဆေးရုံမှာပဲ ကလေးငယ်သေဆုံးသွားတယ်။
ကလေးဆုံးပြီဆိုတော့ ကလေးအမေလည်း မူးမေ့ပြီး သတိလစ်သွားတာပေါ့။ သူ့ယောက်ျားကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲဆိုပြီး စိုးရိမ်ထိတ်လန့်မှုလည်း ဖြစ်နေတာပေါ့။

စိတ်တွေ ကယောက်ကယက်ဖြစ်သွားတဲ့ယောက်ျား ဆေးရုံကိုရောက်လာတော့ ကလေးရဲ့အလောင်းကိုတွေ့တယ်။ သူ့မိန်းမရဲ့မျက်နှာကိုကြည့်ပြီးတော့ ယောက်ျားက စကားခြောက်လုံးပဲပြောတယ်။ အဲဒီစကားခြောက်လုံးက ဘာဖြစ်မယ်ထင်လဲ Huh?

ခင်ပွန်းသည်ပြောလိုက်တဲ့ စကားခြောက်လုံးကတော့ မင်းကို ကိုယ်သိပ်ချစ်တယ်တဲ့။
သေသွားတဲ့ကလေးဟာ ဘယ်လိုမှ ပြန်ရှင်မလာနိုင်တော့ဘူး။ ဆေးပုလင်းကို မသိမ်းရကောင်းလား ဘာလား ညာလား အမှားထောက်နေလို့လဲ အကျိုးမထူးဘူး။ မိခင်အတွက်လည်း သားတစ်ယောက် ဆုံးရှုံးရတာပါပဲ။ ဒီအချိန်မှာ အမျိုးသမီးအတွက် လိုအပ်နေတာက ဂရုဏာနဲ့ နှစ်သိမ့်မှုပါ။ ဒါကို ခင်ပွန်းသည်က ပေးလိုက်သတဲ့။

တစ်ခါတလေမှာ ပြဿနာတွေ့ရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ ဆိုတာပဲ အရင်ရှာလေ့ရှိတယ်။ ပြဿနာ ကြုံတွေ့ရသူတိုင်း နွေးထွေးတဲ့ ထောက်ကူပေးဖို့ ပျက်ကွက်နေကြတယ်။ ကိုယ် ချစ်ခင်ရင်းနှီးသူတွေကို ခွင့်မလွှတ်နိုင်ဘဲ အလွယ်တကူ အပြစ်တင်လိုက်ကြတယ်။
လူ့ဘ၀မှာ နေ့စဉ်နဲ့အမျှ ပြဿနာ၊ အခက်အခဲ၊ အဆင်မပြေမှုပေါင်းစုံ တွေ့ကြုံနေရတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ မနာလိုဝန်တိုမှု၊ စေတနာနည်းမှုတွေကို ခွင့်လွှတ်ခြင်း၊ တစ်ကိုယ်ကောင်းမဆန်ခြင်းအဖြစ် ပြောင်းလဲနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။

22 March, 2010

တဒင်္ဂ

မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ရတဲ့

ငါတို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်း

မထင်မှတ်ပဲချစ်မြတ်နိုးမိခဲ့လို

ငါ့ချစ်ခြင်းတွေကိုနင်မသိပေမယ့်

ငါပိုပြီး ရူးသွပ်ခဲ့မိတယ်

မင်းရဲ့အသံလေးကြားရုံ

မင်းရဲ့အကြင်နာမျက်ဝန်းလေးတွေ့ရုံနဲ့

ငါချစ်မြတ်နိုးမိခဲ့ပြီ

ဒီအဖြစ်ပျက်တွေဟာ..........

ရေအိုးအောက်ကရေကရွတ်လို

တဖြည်းဖြည်းနဲ့

ဆွေးမြေ့သွားရမယ့်ဘ၀ဆိုတာ

ငါသိပေမယ့်

မင်းကိုချစ်တယ်.........

21 March, 2010

အချစ်=အပယ်ခံ

မင်းသိရဲ့လား...

တဖွဲဖွဲရွာနေတဲ့ မိုးစက်တွေကြား

တစ်လောကလုံးလင်းနေသားနဲ့

ငါ့နှလုံးသားတစ်ခုထဲ အမှောင်ကျ

မင်း......ငါ့ကို

ထားခဲ့တုန်းကပေါ့...



အပျံသင်စ ငှက်တစ်ကောင်ကို

မညှာမတာ အတောင်ရိုက်ချိုးခဲ့သလိုပါပဲ...



မင်းအတွက်ဆိုရင်

မိဘ နဲ့ ပတ်ဝန်းကျင်ကြား

ဘေးစကားတွေကို ပစ်ပယ်လို့

" ချစ်တယ် " ဆိုတဲ့ စကားတစ်ခွန်းနဲ့တင်

အရာအားလုံးကို ဆန့်ကျင်ရဲခဲ့တာလေ..

ဟိုး...ကောင်းကင်ထိပျံတက်

ခရီးမိုင်များစွာအတွက်

လက်တွဲမဖြုတ်စတမ်း ငါနဲ့အတူပျံသန်းမယ်တဲ့...ပေးခဲ့တဲ့ ကတိတွေပျက်သုန်း

ငါ့ရဲ့ ရည်ရွယ်ချက်တွေလဲ ပျောက်ဆုံးခဲ့ပြီ...



အခုတော့..

မင်းမရှိတဲ့ ရာသီရဲ့နေ့စွဲတွေထဲ

အထီးကျန်ဆန်ပြိုလဲလို့

လွမ်းတဲ့စိတ်နဲ့ပဲ

မင်းအရိပ်လေးကိုအိပ်မက်

ဂယောင်ခြောက်ခြားသွေးပျက်နေဆဲပါ...



စာမလာ သတင်းမကြားပဲ

မင်း...ငါ့ကိုထားခဲ့ပေမယ့်

မင်းကြောင့်ကျခဲ့တဲ့ မျက်ရည်ရဲ့အငွေ့ကိုတောင်မှ

မင်းကို မခံစားစေချင်ခဲ့ဘူး...



ရေစက် မဆုံလို့ဝေးခဲ့ရပြီပဲ

ငါတစ်ယောက်ထဲ စိတ်ချမ်းသာဖို့

မင်းပြန်လာပါလို့ လဲ မမျှော်လင့်ချင်တော့ဘူး...



ထားခဲ့ဖူးတဲ့ မေတ္တာအတွက်ပဲ

လှိုက်လှိုက်လှဲလှဲ တောင်းဆုပြုခဲ့တယ်...

အခုဘ၀ကစလို့ နောင်သံသရာအဆက်ဆက်

အချစ် နဲ့ပတ်သက်သမျှ

မမြင်ရ မကြားရ

နှလုံးသားကတောင်မှ

မခံစားတတ်သောသူသာ

ဖြစ်ရပါလို၏...

အကြိမ်ကြိမ်

မင်းနဲ့မြင်မြင်ခြင်း ချစ်ခဲ့ကြပြီး

ချစ်ပြီးပြီးခြင်း ရန်ဖြစ်ခဲ့တဲ့

ငါတို့ရဲ့အဖြစ်က ရီစရားလား.....

ပျော်စရာလား စိတ်ညစ်စရာလား

မသိပေမဲ့ တွေ့တိုင်းသတ်ခဲ့ကြတာ

အကြိမ်ကြိမ်ပဲနော် သတ်ပြီးတိုင်းလည်း

ပြန်တည့်ကြတာ အကြိမ်ကြိမ်ပါပဲ...

ပြန်တည့်ပြီးတိုင်း ငါ့ရဲ့ရင်မှာ

မင်းကိုပို၍ တိုး၍ချစ်ခဲ့ပါသည်....

မင်းစိတ်ကောက်လို့ ကျန်ခဲ့ငါ့မှာ

ရင်ထဲအောင့်ကာ မခံနိုင်လို့

ငါပြောတဲ့ခါ မင်စိတ်ပိုဆိုးပြီး

ပြတ်ပြီပြောကာ ထားရစ်ခဲ့တာ အကြိမ်ကြိမ်ပဲနော်…….

20 March, 2010

ငါ့ တိုင်းပြည်လေးမှာ


ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့်
ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတတ်ပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့်
လမ်းဘေးက ရေအိုးစင်တွေမှာ
ရေအပြည့်ရှိနေတတ်ပါတယ် ။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့်
ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ ဆက်ဆံတတ်ကြပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့်
ငါတို့လူမျိုးတွေက အလှူရေစက် လက်နဲ့ မကွာ ရှိတတ်ကြပါတယ်

မင်းပြောပြတတ်တဲ့ နိင်ငံကြီး အကြောင်းကို
ငါ မက်မောပါတယ်
ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေ
မိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေ
ကလေးက အစ " ဟလို " ဆိုတဲ့ အကြောင်းတွေ
မင်းပြောပြတိုင်း ငါမက်မောပါတယ်

ဒါပေမယ့်.....အချစ်ရယ်
ငါ့ကို ချစ်ရင် ငါ့တိုင်းပြည်လေးကို ပြန်လာခဲ့ပါနော်။

ဝင်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲက
ကာပူချီနို ထက်
 အမိုးအကာမဲ့ သစ်ပင်အောက် လက်ဖက်ရည်ဆိုင်က
အကြမ်းရေ ကို ငါပိုမက်မောတယ်

မက်ဒေါနယ်နဲ့ ကိုကာကိုလာကို
မင်းသောက်နေချိန်မှာ
ဘူးသီးကြော်နဲ့ ဆလက်ရွက်ကို ငါသဘောကျတယ်

အသားညှပ်ပေါင်မုန့်ထက်
ငါးပိရည်နဲ့ ထမင်း လူးစားရတာကို
ငါကျေနပ်တယ်

ချဉ်ပေါင်နဲ့ ၀က်သား မလဲနိင်သလို
ဘာဘီကျူးကိုလည်း ပုန်းရည်ကြီးနဲ့
ငါမလဲ နိင်ခဲ့ပါဘူး

ဒါပါပဲ......ချစ်ရယ်
နောက်ဆုံး
ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း
" ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ် "




                                            

                                     မနေဖြူဖြူ ဆိုဒ်မှ ကူးယူဖော်ခြင်းဖြစ်ပါတယ်....

18 March, 2010

ထွက်သွားပါရစေ

ကောင်မလေးရယ်... 


ငါနင့်ကိုအရိုးသားဆုံး ချစ်ခဲ့တာပါ... 


ရိုးသားမှူကိုနာကျင်အောင်တော့ မလုပ်လိုက်ပါနဲ့... 


နင်သေသေချာချာ စဉ်းစားပါ... 


နင်ငါ့ကိုပြန်မချင်လဲရပါတယ်... 


ငါနောက်ဆုတ်ပေးပါ့မယ်... 


ငါလိုချင်တာ နင့်ရဲ့အချစ်စစ် အချစ်မှန်ပါ... 


နင်နားလည် သဘောပေါက်မှာပါ... 


ဘယ်လိုပဲဖြစ်ဖြစ်ပါ... 


ငါခံနိုင်သလောက်တော့ ခံပေးပါ့မယ်... 


မခံနိုင်တဲ့တစ်နေ့ တော့ ငါထွက်သွားပါရစေ... 


အဲဒီအချိန်ရောက်ရင် ငါ့ကို မတားပါနဲ့နော်...

15 March, 2010

ဗိုလ်ချုပ်၏ စကားများ

“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ်ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ မူတည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”

“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက
စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က
ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က
ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြားနေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့ နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။”

“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊ မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို ကြည့်ရမယ်။ ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။ သို့သော် သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ်
ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့ ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။”

14 March, 2010

အလှအပ အတွက်

လူတစ်ယောက်ရဲ့ မျက်နှာလေးတစ်ခုဟာလည်း သိပ်ကို အရေးကြီးပါတယ်။ လှလှ မလှလှ ပုံစံ
ကျကျ မကျကျ တစ်ခုချင်း အစိတ်အပိုင်း တွေက ကြည်လင်နေမယ်။ ရှင်းသန့် သပ်ရပ်နေရမယ်။ သွားလေးဆိုလည်း ဖွေးနေမယ်။ မျက်နှာ အသားအရေဟာလည်း ကြည်လင်နေမယ် စသဖြင့် အစိတ်အပိုင်းတိုင်းဟာ ရှင်းသန့် နေမယ်ဆိုရင် အများ အလယ်မှာ တင့်တယ် ပါလိမ့်မယ်။

သွားလေးတွေ ပုလဲစီသလို လှပအောင်

ပုလဲလေးတွေ စီသလို သွားလေးတွေ ဖွေးသန့် ဖို့  ဈေးကြီးတဲ့
သွားတိုက်ဆေးတွေ ၀ယ်မ သုံးနိုင်ရင် ၀မ်းမနည်းပါနဲ့ ။ သံပုရာ ရည်တစ်ဇွန်း၊
ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့
သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင်
မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့  မယုံရင် စမ်းကြည့်
ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံပါတယ်။

အသားမာတက်ပြီး အမဲစွဲနေရင်

ဒူး တံတောင်ဆစ် ခြေမျက်စိတွေဟာ မည်းမယ်ဆိုတာချည်းပါပဲ။ စိတ်ညစ်ဖို
့ကောင်းပါတယ် လို့  ညည်းနေမယ့်အစား ဒါလေး နဲ့  လုပ်ကြည့် လွယ်လွယ်လေးပါ။
သံပုရာသီးပဲ လိုပါ တယ်။ သံပုရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီ
သံပုရာခြမ်းနဲ့ နေ့ စဉ် ပုံမှန် ပွတ်တိုက်ပေးပါ။ ထူးခြား သိသာစွာ အညိုအမဲ
အသားမာတွေ လျော့ပါး ပျောက်ပျက် သွားပါလိမ့်မယ်။

မျက်ကွင်းညိုရင်

မျက်ဝန်းတ၀ိုက် ညိုပြီး အကြည့်ရဆိုးနေလို့  မိတ်ကပ်လိမ်းရင်လည်း
မျက်ကွင်းညိုပြီး ထင်း ထင်းကြီး ဖြစ်နေလို့  စိတ်ညစ်နေ တဲ့သူတွေ အတွက်
မျက်ကွင်းညို မျက်အိတ်တွဲ တာတွေ ပျောက်ဖို့  ဈေးကြီးတာတွေ ၀ယ်မသုံးပါနဲ
့။ မီးဖိုထဲက အာလူး တစ်လုံးနဲ့ တင် ကိစ္စပြီးပါ တယ်။ အာလူးကို အခွံနွာ
အသားတွေကို ပါးပါးလှီး နုတ်နုတ်စဉ်း လက်နဲ့  ဆုပ်ပြီး အရည် ညှစ်ပြီးရင်
အာလူးဖတ်တွေကို မျက်လုံးတ၀ိုက်ကို အုံပေးပါ။ ၁၀မိနစ်လောက်တော့ ကြာ အောင်
ထားပါ။ အဲဒါကို နေ့ စဉ် (သို့ ) ရက်ခြား ဆိုသလို အုံပေးရင်
မျက်ကွင်းညိုခြင်း ကနေ ကင်းဝေး ပါလိမ့်မယ်။

ရင်းနေတဲ့ ၀က်ခြံများ ညှိုးသွားအောင်

ဝက်ခြံ ပေါက်နေပြီး ညှစ်ပြန်တော့လည်း အမာရွတ် ထင်ပြီး ရင်းဦးမယ်။
လွယ်ပါတယ်။ ၀က်ခြံထိပ်ကို ပျားရည် စွတ်ထားတဲ့ ဂွမ်းလေးနဲ့  တို့ ပေးပါ။
ဝက်ခြံ ညှိုးခြောက်ပြီး သူ့ အလို လို အဆံ ထွက်သွားပါလိမ့်မယ်။

အသားပတ်တဲ့ အခါ ခရမ်းချဉ်သီးကို သတိရပါ

ဒီကိစ္စကို ခရမ်းချဉ်သီးက လုံးဝ တာဝန်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကို
ထက်ခြမ်းခြမ်း အထဲက အဆန်တွေကိုထုတ် အနှစ် ချည်း သီးသန့် နဲ့  မျက်နှာကို
ပွတ်တိုက် လိမ်းကျံ ပေးပါ။ ၁၀ မိနစ်လောက် နေရင် ရေနွေးနွေးနဲ့  ဆေးချပါ။
အသားပတ်တဲ့ အခါတိုင်း လုပ်ပေးရင် မျက်နှာ အသားအရေပါ ကြည်လင် ချောမွေ့ 
သွားလိမ့်မယ်။

နေလောင်ရင် နွားနို့ သုံး

နွားနို့ နဲ့  ရေချိုးပြီး အသားအရေကို ထိန်းသိမ်းတဲ့ခေတ် ဆိုတာ
ရှိခဲ့ပါတယ်။ နွားနို့ နဲ့ ရေချိုးပါလို့ တော့ မတိုက်တွန်း ချင်ပါဘူး။
အကုန်အကျ များလို့  ချောက်တွန်းတယ် ထင် မှာ စိုးလို့ ပါ။ ဒါပေမဲ့
ပင်လယ်ကမ်းစပ် သွားလို့ ပဲ နေလောင်လောင်၊ နေပူထဲ သွားလို့ ပဲ အသားမဲမဲ
နွားနို့ ကို ကြွက်ကြွက်ဆူအောင် ကြိုပြီးရင် အအေးခံ မလိုင်ကို စားပစ်ပါ။
မလိမ်း ပါနဲ့  နှမျောစရာကြီး) ပြီးမှ ဂွမ်းစလေးနဲ့  နေလောင်တဲ့ နေရာကို
ပွတ်သပ် လိမ်းကျံ ပေးပါ။ မိနစ် အနည်းငယ်ကြာရင် ရေဆေးလိုက်ပါ။ လုပ်လေ၊
အကျိုးရှိလေ ဆိုတာ လုပ်ဖူးရင် သိသာလာပါလိမ့်မယ်။ 

အသဲကွဲ စုံတွဲ

လင်မယားနှစ်ယောက် လက်ထပ်ထိမ်းမြားပြီး ၁၁ နှစ်ကြာမှ သားယောက်ျားလေးတစ်ယောက် ဖွားမြင်သတဲ့။ သူတို့နှစ်ယောက်ဟာ ချစ်ခင်ကြင်နာတဲ့ မောင်နှံစုံဖြစ်ပြီး အိမ်ထောင်သက်ကြာမှ ရတဲ့ကလေးဆိုတော့ တော်တော်ချစ်ကြတာပေါ့။

ဒီလိုနဲ့ ကလေးအသက် ၂ နှစ်သားအရွယ်ရောက်တဲ့မနက်ခင်းတစ်ခုမှာ ခင်ပွန်းသည်ဟာ ဆေးပုလင်းတစ်လုံး အဖုံးပွင့်နေတာ မြင်သတဲ့။ အလုပ်ချိန်နောက်ကျနေပြီမို့ ဆေးပုလင်းအဖုံးပြန်ပိတ်ပြီး ဗီရိုထဲထည့်ထားဖို့ သူ့ဇနီးကို အတန်တန်ပြောခဲ့တယ်။ဇနီးသည်ကလည်း ချက်ရေး၊ပြုတ်ရေးကိစ္စထဲ စိတ်စွဲနေတော့ ဆေးပုလင်းကိစ္စ လုံးဝမေ့လျော့နေသတဲ့။

ကလေးငယ်က ဆေးပုလင်းကိုမြင်တော့ ယူပြီးကစားတယ်။ ရောင်စုံဆေးတောင့်လေးတွေဟာ ကလေးအတွက်တော့ စိတ်ဝင်စားစရာပေါ့။ ဆေးတောင့်တွေ အကုန်လုံး ကလေးက ပါးစပ်ထဲ မျိုချပစ်လိုက်တယ်။ အဲဒီဆေးဟာ လူကြီးတွေအတွက်တောင်မှ သောက်ရမယ့် အတိုင်းအဆထက်ပိုရင် အန္တရာယ်ဖြစ်တတ်တယ်။
ကလေးငယ် မူးမေ့လဲသွားတာတွေ့တော့ ကလေးအမေဟာ ကလေးကို ချက်ချင်းဆေးရုံပို့တယ်။ အဲဒီဆေးရုံမှာပဲ ကလေးငယ်သေဆုံးသွားတယ်။
ကလေးဆုံးပြီဆိုတော့ ကလေးအမေလည်း မူးမေ့ပြီး သတိလစ်သွားတာပေါ့။ သူ့ယောက်ျားကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲဆိုပြီး စိုးရိမ်ထိတ်လန့်မှုလည်း ဖြစ်နေတာပေါ့။

စိတ်တွေ ကယောက်ကယက်ဖြစ်သွားတဲ့ယောက်ျား ဆေးရုံကိုရောက်လာတော့ ကလေးရဲ့အလောင်းကိုတွေ့တယ်။ သူ့မိန်းမရဲ့မျက်နှာကိုကြည့်ပြီးတော့ ယောက်ျားက စကားခြောက်လုံးပဲပြောတယ်။ အဲဒီစကားခြောက်လုံးက ဘာဖြစ်မယ်ထင်လဲ Huh?

ခင်ပွန်းသည်ပြောလိုက်တဲ့ စကားခြောက်လုံးကတော့ မင်းကို ကိုယ်သိပ်ချစ်တယ်တဲ့။
သေသွားတဲ့ကလေးဟာ ဘယ်လိုမှ ပြန်ရှင်မလာနိုင်တော့ဘူး။ ဆေးပုလင်းကို မသိမ်းရကောင်းလား ဘာလား ညာလား အမှားထောက်နေလို့လဲ အကျိုးမထူးဘူး။ မိခင်အတွက်လည်း သားတစ်ယောက် ဆုံးရှုံးရတာပါပဲ။ ဒီအချိန်မှာ အမျိုးသမီးအတွက် လိုအပ်နေတာက ဂရုဏာနဲ့ နှစ်သိမ့်မှုပါ။ ဒါကို ခင်ပွန်းသည်က ပေးလိုက်သတဲ့။

တစ်ခါတလေမှာ ပြဿနာတွေ့ရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ ဆိုတာပဲ အရင်ရှာလေ့ရှိတယ်။ ပြဿနာ ကြုံတွေ့ရသူတိုင်း နွေးထွေးတဲ့ ထောက်ကူပေးဖို့ ပျက်ကွက်နေကြတယ်။ ကိုယ် ချစ်ခင်ရင်းနှီးသူတွေကို ခွင့်မလွှတ်နိုင်ဘဲ အလွယ်တကူ အပြစ်တင်လိုက်ကြတယ်။
လူ့ဘ၀မှာ နေ့စဉ်နဲ့အမျှ ပြဿနာ၊ အခက်အခဲ၊ အဆင်မပြေမှုပေါင်းစုံ တွေ့ကြုံနေရတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ မနာလိုဝန်တိုမှု၊ စေတနာနည်းမှုတွေကို ခွင့်လွှတ်ခြင်း၊ တစ်ကိုယ်ကောင်းမဆန်ခြင်းအဖြစ် ပြောင်းလဲနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။

Love = ?

ဟိုးတစ်ချိန်က ကျွန်းလေးတစ်ကျွန်းမှာ ခံစားချက်တွေ အားလုံး နေထိုင်ကြတယ်။ ပျော်ရွှင်မှု၊ ကြေကွဲမှု၊ ချမ်းသာခြင်း၊ အသိပညာ စသဖြင့်ပေါ့။ အချစ်လည်း နေပါတယ်။

တစ်နေ့တော့ သူတို့ စုပေါင်းနေကြတဲ့ ကျွန်းဟာ မကြာခင်မှာ ပင်လယ်ထဲကို မြုပ်တော့မယ်လို့ သတိပေးကြေငြာချက် ထွက်လာတယ်။ ဒါနဲ့ပဲ အားလုံးကိုယ်စီကိုယ်စီ လှေတွေ လုပ်ကြပြီး အဲဒီကျွန်းကနေ ထွက်ခွာသွားကြတော့တယ်။ အချစ်က လွဲလို့ပေါ့။ သူက နောက်ဆုံးအချိန်ထိ မျှော်လင့်ချင်သေးတယ်လေ။ ကျွန်းကြီးတစ်ခုလုံး
မြုပ်ခါနီးပြီဆိုမှ အချစ်က သူ့ကိုလာကယ်ဖို့ အကူအညီ တောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ချမ်းသာခြင်းကို လှေနဲ့ ဖြတ်သွားတာ မြင်လိုက်တော့ အချစ်က
"ဗျို့ ... ကိုချမ်းသာ၊ ကျနော့်ကို ခင်ဗျားနဲ့ အတူလိုက်ခွင့် ပေးပါလား။" လို့ လှမ်းအကူအညီ တောင်းလိုက်တယ်။ ဒီတော့ ချမ်းသာခြင်းက
"ဝမ်းနည်းပါတယ် အချစ်ရာ။ လှေပေါ်မှာ တင်ထားတဲ့ ရွှေတွေ ငွေတွေနဲ့ ပြည့်နေတယ်။ မင်းအတွက် နေရာမရှိဘူး။" လို့ ငြင်းလိုက်တယ်။

ဘေးနား ရောက်လာတဲ့ မာနကို လှမ်းအကူအညီတောင်းတော့လည်း အဖြေက မထူးဘူး။ "ကိုယ် မင်းကို မကူညီနိုင်ဘူး အချစ်။ မင်း တစ်ကိုယ်လုံးလည်း ရွှဲလို့ ငါလှေ ပျက်သွားလိမ့်မယ်။ မဖြစ်ပါဘူး။"

ကြေကွဲမှုကို လှမ်းမြင်လိုက်တော့ အော်ပြောလိုက်တယ်။ "ကြေကွဲမှု၊ ကျနော့်ကိုလည်း ခေါ်သွားပါဦး။" "အို ... အချစ်၊ ငါ တအား ဝမ်းနည်းနေလို့ပါကွာ။ တစ်ယောက်တည်းပဲ အေးဆေး နေပါရစေ။" လို့ ပူဆွေးနေတဲ့ အသံနဲ့ ပြန်ဖြေလိုက်တယ်။

ပျော်ရွှင်မှု ဘေးနားက ဖြတ်သွားတာ မြင်တော့ လှမ်းခေါ်လိုက်ပေမယ့် သူ့ဖာသာ အပျော်လုံးနဲ့ စို့နေတော့ ခေါ်နေတာတောင် မကြားနိုင်တော့ဘူးလေ။

အဲဒီလို အားကိုးရာမဲ့လို့ အားငယ်နေချိန်မှာ ရုတ်တရက် ဆိုသလို "လာ အချစ်။ ငါနဲ့ လိုက်ခဲ့။" ဆိုတဲ့ အသံတစ်သံ ထွက်လာတယ်။ သူ့ကြည့်ရတာ အသက်တော်တော် ကြီးနေပါပြီ။ ဘာပဲဖြစ်ဖြစ်လေ။ အချစ်ခမျာ တအား ပျော်သွားပြီး လှေပေါ် ခုန်တက်လိုက်တယ်။ ကယ်တင်ရှင်တွေ့ပြီ ဆိုပြီး အပျော်လွန်လိုက်တာ အဘိုးအိုကို ဘယ်သွားမလို့လဲ ဆိုတာတောင် မမေးလိုက်မိဘူး။ နောက် ကမ်းခြေ တစ်နေရာလည်း ရောက်ရော အချစ်ကို ချပြီးပြီးချင်း ဘာမှ မပြောဘဲ လှေလှော်ပြီး ထွက်သွားလေရဲ့။

ကျေးဇူးတင်ချင်တာတောင် ဘယ်သူ့ တင်ရမှန်း မသိတဲ့ ဘဝ။ ဒါနဲ့ တခြားအဘိုးအို တစ်ယောက်ဖြစ်တဲ့ ဦးပညာကို သွားမေးတော့တယ်။ "ကျနော်ကို ဘယ်သူ ကူညီသလဲဆိုတာ သိလား အဘ" "အဲဒါ အချိန် ကွဲ့" လို့ အဘိုးအို ပြန်ဖြေတော့ "အချိန်" လို့ ပါးစပ်ကနေ ရေရွတ်ရင်း စဉ်းစားနေမိတယ်။ အချစ်ရဲ့ မျက်နှာ အမူအရာကိုအကဲခတ်မိတဲ့ ဘိုးပညာက တစ်ချက်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်တယ်။

"အေးကွဲ့။ လောကမှာ အချစ်ရဲ့ တန်ဖိုးကို နားလည်နိုင်စွမ်းရှိတာ အချိန်ပဲ ရှိတယ်မဟုတ်လား အမောင်ရဲ့" ..
 heart heart heart heart heart

13 March, 2010

ပျံသန်းသည်နှင့်မခြား မောင်းနှင်နိုင် သော ရေငုပ်သင်္ဘောအငယ်စား

ဗြိတိန်ဗာဂျင်းကုမ္ပဏီအုပ်စု တည်ထောင်သူ ဆာရစ်ချက်ဘရန် ဆန်သည် သမုဒ္ဒရာရေအောက်တွင် အပျော်တမ်းလေ့လာလိုသူများအတွက် ပျံသန်းသည်နှင့်မခြား မောင်းနှင်နိုင် သော ရေငုပ်သင်္ဘောအငယ်စားတစ် မျိုးကို ဖန်တီးလိုက်ကြောင်းသိရ သည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် များထဲမှ တစ်ဦးဖြစ်သည့်ဘရန်ဆန် သည် ယမန်နှစ်က အာကာသခရီးတို သွားဝန်ဆောင်မှုအစီအစဉ်ကို ဖန်တီး ခဲ့ပြီးနောက် နောက်ထပ်အစီအစဉ် သစ်တစ်ရပ်အဖြစ် အပျော်စီးရေငုပ် သင်္ဘောကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ Necker Nymph  ဟုအမည်ပေးထား သည့် ရေယာဉ်ငယ်သည် ရေမျက်နှာ ပြင်အောက် မီတာ ၄၀ အထိငုပ်နိုင် မည်ဖြစ်ပြီး လင်းပိုင်များကဲ့သို့ ရေထဲ တွင် လှုပ်ရှားနိုင်မည်ဖြစ်ပြီး ရေ အောက်တွင် ပျံသန်းသကဲ့သို့ ခံစားမှု မျိုးပေးစွမ်းနိုင်မည်ဖြစ်သည်။

တစ်ပတ်စာရေငုပ်သင်္ဘောခရီး စဉ်အတွင်း ၀န်ဆောင်ခမှာ ဒေါ်လာ ၂၅၀၀၀ မျကျသင့်မည်ဖြစ်ပြီး ရေငုပ် သင်္ဘော၏ ပင်မသင်္ဘောအဖြစ်ဖန်တီး ထားသော ရွက်လှေကြီး Necker Belle အတွက် ဒေါ်လာ ၈၈၀၀၀ ကျသင့်မည်ဖြစ်သည်။ ဒေါ်လာ ခြောက်သိန်းကျော် အကုန်အကျခံ တည်ဆောက်ထားသည့် ရေငုပ်သ င်္ဘောမှာ ဂျက်တိုက်လေယာဉ်နည်း ပညာသုံးစွဲထားသည်ဟုသိရသည်။

ပြင်ပသို့ ထွင်းဖောက်မြင်နိုင် သောကြောင့် အဏ္ဏ၀ါဂေဟဗေဒစနစ် ကို ၃၆၀ ဒီဂရီထွင်းဖောက်မြင်ရမည် ဖြစ်ပြီး ဝေလငါးများ၊ လင်းပိုင်များ အနီးမှကပ်၍ မောင်းနှင်ပေးမည်ဟု သိရသည်။ ယင်းယာဉ်ကို ဘရန် ဆန်ပိုင်ဆိုင်သည့် ကျွန်း Necker  တွင် ထားရှိမည်ဖြစ်သည်။ ဘရန် ဆန်သည် အာကာသခရီးတိုသွား အစီအစဉ်ကိုလည်း ဒေါ်လာ နှစ် သိန်းဖြင့် ၂၀၁၁ မှစပြီး ၀န်ဆောင်မှု ပေးရန် စီစဉ်ထားသည်။

Foot wear (For Girls)