01 January, 2012
၂၀၁၁ ခုနှစ်အတွင်း တွေ့ရှိခဲ့ရသော ဆေးဘက်ဆိုင်ရာ ကျန်းမာရေး ထူးခြားမှုများ
(၁) တရားရှုမှတ်ခြင်းသည် ဦးနှောက်ကို ပြောင်းလဲပေးနိုင်။
တစ်နေ့လျှင် မိနစ် ၃၀ မျှ အချိန်ယူလျက် ရက်သတ္တ ၈ ပတ်မျှအထိ တရားထိုင်သူ တစ်ဦး၏ ဦးနှောက် အစိတ်အပိုင်းများထဲတွင် မှတ်ဉာဏ်စွမ်းအား ပို၍ကောင်းလာခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှု အမြင်ရှိလာခြင်းနှင့် သောကဖိစီးခြင်းများကို ပြေလျော့စေနိုင်ကြောင်း စစ်တမ်းများက တွေ့ရှိခဲ့ကြသည်။
(၂) ကိုယ်ချင်း စာနာစိတ် ထားတတ်သူများ ဖြစ်မှသာ ကိုယ့်ကျန်းမာရေးကို ကောင်းအောင်လုပ်နိုင်။
New Wave Research စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု ပြုပေးနေကြသော ဆေးသုတေသီများ၏ အကြံပြုချက်မှာ မိမိ၏ အတွင်းစိတ် သဏ္ဌာန်တွင် အခြားသူတစ်ပါးအား ကရုဏာ သနားစိတ်၊ ကိုယ်ချင်းစာနာလိုသော စိတ်များရှိလာအောင် ပြုလုပ် လေ့ကျင့်ပေးခြင်းသည် အရေးပါလှသော ကိုယ်စိတ်နှစ်ပါး ကျန်းမာရေး၏ အရေးကြီးလှသော ပထမအဆင့်ဖြစ်ကြောင်း ဖော်ထုတ် အကြံပြုခဲ့သည်။
(၃) အမျိုးသားတစ်ဦး၏ သုတ်ရည်အလှူဖြင့် သားသမီး ၁၅၀ ခန့်ရရှိနိုင်ပြီ။
သဘာဝအလျောက် ဖြစ်စဉ်မဟုတ်ဘဲ မေထုန်မဲ့ ပဋိသန္ဓေ တည်စေခြင်းကြောင့် ဖခင်တစ်ဦး၏ သုတ်ရည်သည် ကလေး သားသမီး များစွာကို ရရှိစေနိုင်သည်။ ဤ ပြဿနာကို သိပ္ပံသုတေသီများ အကြားတွင် များပြားလှသော တွေးတော ပူပန်စရာများ ရှိလာနေကြသည်။
(၄) ကယ်လိုရီ ကန့်သတ်ပြီး ကိုယ်အလေးချိန် လျှော့ချခြင်း ခေတ်မမီတော့ပေ။
ဆေးသုတေသီများ၏ ၂၀၁၁ တွင် အသစ်လွင်ဆုံး ရှာဖွေတွေ့ရှိမှုများထဲမှ သီးသန့် သတ်မှတ်ထားသော အစားအစာများကို စားသုံးခြင်းအားဖြင့် ကယ်လိုရီကို ကန့်သတ်ပေးကာ ကိုယ်အလေးချိန် လျော့ကျစေခြင်းဟူသော အသိကို ဖျောက်ဖျက်ကြရန် ဖြစ်သည်။ အမျိုးစုံလင်လှသော အစားအစာများကို လျော့စားခြင်း တစ်ခါတစ်ခါ ပိုစားခြင်းတို့ကို မကြာမကြာ ပြုလုပ်ပေးခြင်းသည်သာ နည်းကောင်းတစ်ခုဖြစ်ပြီး အသက်ရှည်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
(၅) ဘယ်သန်များအား အထင်အမြင် လွဲမှားမှုပျောက်ပြယ်
ရာစုနှစ်ပေါင်းများစွာ အထင်သေးခံလာရသော ဘယ်သန်များအတွက် ရာဇဝတ်မှုများ ကျူးလွန်တတ်သူ၊ မကောင်းမိစ္ဆာများနှင့် ဆက်နွှယ်နေတတ်သူဟူသော အယူအဆများမှာ စကားထာ တစ်ခုအဖြစ်သာ ဖော်ပြနိုင်ပြီဖြစ်သည်။ သမ္မတအိုဘားမား၊ သမ္မတဟောင်း ကလင်တန်နှင့် ဂျရယ်လ်ဖို့တို့သည် ဘယ်သန်များသာ ဖြစ်ကြသည်။
Subscribe to:
Post Comments (Atom)
No comments: