30 September, 2011

အတိတ်

အတိတ်တွေနဲ့ ရောထွေးစုပုံထားတဲ့ အတွေးတွေကို သိုဝှက်သိမ်းထားခဲ့ တာကြာပါပြီ...

ကြီကျယ်ခမ်းနားပြီး ယုံပါဆိုတာလောက်နဲ့  မေတ္တာတရားကိုအလွဲသုံးစား မလုပ်ပါနဲ့...

တစ်ချိန်က မင်းပေးခဲ့တဲ့ အချစ်တွေဟာ ကိုယ့်ကို ထိုးမယ့်ဓားမှန်း မသိခဲ့ပါဘူး...

ပစ်စလက်ခတ် မဖြစ်ချင်ခဲ့ပေမယ့်  နှလုံးသားက ဖျားနာမှုကိုတော့ မျက်စပစ် ပြနေပါပြီ...

ရက်စက်ခြင်းကို မေ့ဆေးကျွေးရုံနဲ့ ဒဏ်ရာတွေအေးခဲသွား ရင်သိပ်ကောင်းမှာပဲ...

နောက်ဆုံးတော့ အဆုံးသတ်မကောင်းတဲ့  ဇာတ်လမ်းတစ်ပုဒ်ကို ဒဏ်ရာတွေ တနင့်တပိုးနဲ့....

နာကျင်နေလဲ ရိုးရိုးလေးပဲ သရုပ်ဆောင်ပေးပါ့မ ယ် ...ကောင်မလေးရယ်...

27 September, 2011

လူ့စကားသံထွက်မယ့် ခွေးဟောင်သံ

ဂျပန်နိုင်ငံ ကလေးကစားစရာ ထုတ်လုပ်တဲ့ Tomy ကုမ္ပဏီက Dog Translator Gadget အသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ ဒီ Gadget က ခွေးဟောင်သံကို စကားအဖြစ် ပြောင်းပေးနိုင်ပါတယ်။ ၂၀၀၂ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Bowlingual ဆိုတာကို Update လုပ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ခွေးရဲ့ လည်ပတ်မှာ မိုက်ကရိုဖုန်းတစ်ခု တပ်ဆင်ထားစေပြီး Handheld Unit ကို ကြိုးမဲ့ စနစ်နဲ့ ဆက်သွယ် ဆောင်ရွက်စေပါတယ်။ ဒီ Version အသစ်က လူ့ စကားသံအဖြစ်နဲ့ ထုတ်လွှင့်ပေးပါတယ်။ Bowlingual Voice က ခွေးနဲ့ သက်ဆိုင်တဲ့ စိတ်ခံစားမှု အခြေခံ ၆ မျိုးကို နားလည်ပါတယ်။ Tomy ကုမ္ပဏီရဲ့ အဆိုအရ ခွေးပေါက်လေးတွေ ၅၀ လောက်ရဲ့ ဟောင်သံကို ဂျပန်ဘာသာစကားအဖြစ် တစ်ပြိုင်နက် ဘာသာပြန်ပေးနိုင်ပါတယ်။

ဗီဒီယိုလင့်လေးလဲ သွားကြည့်ကြည့်ပါအုံးဗျာ.....
http://technabob.com/blog/2009/06/20/bowlingual-voice-dog-translator/

26 September, 2011

Windows 8 Developer Preview Version

Preview version အဆင့်ပဲ ရှိပါသေးတယ် မပြီးသေးပါဘူး. ဒီ OS ကတော့ Touch Screen ကို ဦးစားပေး ထုတ်ထားတာလို့ သိရပါတယ်. Driver တွေ ပိုစုံလာပါတယ်. တစ်ချို့ဟာလေးတွေ ဒီဇိုင်းပုံစံပြောင်းသွားပါတယ်. Unicode font ပါလာပါတယ်. Animation ကတော့ အလုပ် လုပ်တယ် မလုပ်ဖူးဆိုတာ မသိရသေးပါဘူး. Window 7 မှာတော့ Animation ပုံတွေ အလုပ်မလုပ်ပါဘူး. တစ်ခုဆိုးတာက Anti Virus Program တွေထဲက Avast နဲ့ Kaspersky Internet Security 2012 တော့ အဆင်မပြေပါဘူး. ISO File နဲ့ ရလာမှာ ဖြစ်ပါတယ်. DVD နဲ့ အခွေ Burn ပြီးတော့ တင်ရုံပါပဲ.

Window 8 (32 bit)
Download Turbobit | Download hitfile

Window 8 (64 bit)
Download Turbobit | Download hitfile

ဒါလေးကတော့ Microsoft .NET Framework 4 လေးပါ...
Download

17 September, 2011

တုန့်ပြန်မှု

ရင်ခွင်မမှားပါနဲ့ဟာ

ငါဟာနင့်အနားမှာပါ

ခြေစုန်ကန်သွားပေမဲ့

ရင်ခုန်သံမရပ်နားသေးပါဘူး

နင်ငါ့နားမရှိတော့လဲ

အလွမ်းများစွာ ကျန်ပါသေးတယ်

တခမ်းတနားတော့ မဟုတ်ပါဘူး

အနမ်းတစ်ချို့နဲ့ပါ

ကြမ်းတမ်းစွာပြောခဲ့တဲ့

မင်းစကားအတွက်

ငါ့အပြုံးလေး လက်ဆောင်ပေးထားပါတယ်

မင်းအသဲကွဲတဲ့အခါ ထုတ်ကြည့်ပေါ့........နော်

15 September, 2011

Super Speed USB 3.0 နှင့် USB 2.0 ခြားနားချက်

USB 3.0 လေးကတော့ USB 2.0 ထက်ကို ပိုမိုမြန်ဆန်စွာနဲ့ Data တွေကို ပို့ဆောင်ပေးမယ့် ပစ္စည်းလေး တစ်ခုပါ။ ယခင် USB2.0 အမျိုးအစားတွေထက် 10 ဆလောက် မြန်မြန်ဆန်ဆန် Data တွေကို Transfer လုပ်ပေး လုပ်ပေးနိုင်ပါလို့ ဆိုထားပါတယ်။ USB 2.0 မှာဆိုရင် 480 Mb/s ရှိတာကနေ USB 3.0 မှာဆိုရင် 4.8 Gb/s ထိ Trasfer လုပ်ပေးနိုင်တယ် လို့ဆိုထားပါတယ်။ ဒါက သီအိုရီအရပါ။ တကယ်တမ်း လက်တွေ့မှာတော့ 4.8Gb/sရဲ့တစ်ဝက် တိတိလောက်ပဲ အစွမ်းကုန်အလုပ်လုပ်ပေး မယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ကျွန်တော်တို့ အသုံးပြုနေကျဖြစ်တဲ့ USB 2.0 တွေမှာဆို ရင်လည်း 480 Mb/s လို့ဆိုပေမယ့် တကယ်တမ်း အလွန်ဆုံးမှာတော့ 320 Mb/s လောက်ပဲ လုပ်ပေးနေတာပါ။ ကွန်ပျူတာနဲ့ USB ဆက်စပ် ပစ္စည်းတွေကြားမှာ လျင်မြန်လွယ်ကူစွာ အလုပ်လုပ်ချင်သူများ အတွက် ပိုမို သင့်တော်ပါတယ်။ လက်ရှိ မားသားဘုတ်တွေ မှာလည်း USB 3.0 Port တွေကို ထပ်မံထည့် သွင်းအသုံး ပြူနိုင်ပါတယ်။

USB 2.0 တွေပျောက်ကုန်တော့မှာလား

USB 2.0 Devices နဲ့ Connector တွေဟာ ဘယ်လိုဆက်ပြီး စခန်းသွားမှာလဲလို့ မေးစရာရှိပါတယ်။ ဒီအတွက် USB 3.0 Ports တွေက လက်ခံပြီး အလုပ်လုပ်ပေး ပါတယ်။ ဒါပေမယ့် 3.0 ရဲ့ အမြန်နှူန်းအတိုင်း အလုပ်လုပ်မှာတော့ မဟုတ်ပါဘူး။ 2.0 ရဲ့ အမြန်နှူန်းအတိုင်းဘဲ ဆက်လက်လုပ်နေမှာ ဖြစ်ပါတယ်။ 3.0 တွေဟာ 2.0 တွေထက် ကုန်ကျစရိတ်တော့ ပိုများနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ 3.0 အတွက် Cables တွေ Controller တွေ က သီးခြားလိုအပ် လာတော့မှာ ဖြစ်လို့ပါဘဲ။ ဒါကြောင့် 2.0 နဲ့ 3.0 ဟာ အတူတူ ယှဉ်တွဲပြီး ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ တကယ်လို့ 3.0 ရဲ့ အမြန်နှူန်းတွေကို လိုချင်ရင်တော့ 3.0 ရဲ့ Ports တွေနဲ့ Connector တွေကို သာ အသုံးပြူကြရမှာ ဖြစ်ပါတယ်။

ဘယ်သူတွေအများဆုံးစိတ်ဝင်စားမလဲ

Video ဖိုင်တွေဟာ Trasfer လုပ်ရင် ကြာတတ်ပါတယ်။ Video နဲ့ ဆိုင်တဲ့ Professional သမားတွေအတွက်ကတော့ စိတ်မရှည်ချင်စရာပါ။ 2.0 နဲ့ Video တွေကို Transfer လုပ်တဲ့အခါ တော်တော်လေး စိတ်ရှည်ရပါတယ်။ 3.0 မှာတော့ တော်တော်လေး ပိုမြန်လာတဲ့အတွက် Profession သမားတွေအတွက် စိတ်ဝင်စားစရာ အမြန်နှူန်းဖြစ်နေမှာတော့ သေချာပါတယ်။

Drivers တွေရော လိုဦးမှာလား 

လောလောဆယ်တော့ Window 7 နဲ့ Linux 2.6.31 တွေမှာ Window ကနေ support လုပ်ပေးနိုင်ဖို့ကို ပြင်ဆင်နေပါပြီ။ အခြား Windows OS တွေအတွက်လည်း 3.0 ကို support လုပ်ဖို့ Drivers တွေ ထွက်လာဦးမှာပါ။ ဒါကြောင့် စွမ်းဆောင်ရည်တွေကို မြင့်တင်ချင်တယ်ဆိုရင်တော့ သီးခြား Devices တွေအတွက် သီခြား Driver တွေလိုနေဦးမှာ ဖြစ်ပါတယ်။

Super Speed USB 3.0 နှင့် USB 2.0 ခြားနားချက်

USB 3.0 လေးကတော့ USB 2.0 ထက်ကို ပိုမိုမြန်ဆန်စွာနဲ့ Data တွေကို ပို့ဆောင်ပေးမယ့် ပစ္စည်းလေး တစ်ခုပါ။ ယခင် USB2.0 အမျိုးအစားတွေထက် 10 ဆလောက် မြန်မြန်ဆန်ဆန် Data တွေကို Transfer လုပ်ပေး လုပ်ပေးနိုင်ပါလို့ ဆိုထားပါတယ်။ USB 2.0 မှာဆိုရင် 480 Mb/s ရှိတာကနေ USB 3.0 မှာဆိုရင် 4.8 Gb/s ထိ Trasfer လုပ်ပေးနိုင်တယ် လို့ဆိုထားပါတယ်။ ဒါက သီအိုရီအရပါ။ တကယ်တမ်း လက်တွေ့မှာတော့ 4.8Gb/sရဲ့တစ်ဝက် တိတိလောက်ပဲ အစွမ်းကုန်အလုပ်လုပ်ပေး မယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ကျွန်တော်တို့ အသုံးပြုနေကျဖြစ်တဲ့ USB 2.0 တွေမှာဆို ရင်လည်း 480 Mb/s လို့ဆိုပေမယ့် တကယ်တမ်း အလွန်ဆုံးမှာတော့ 320 Mb/s လောက်ပဲ လုပ်ပေးနေတာပါ။ ကွန်ပျူတာနဲ့ USB ဆက်စပ် ပစ္စည်းတွေကြားမှာ လျင်မြန်လွယ်ကူစွာ အလုပ်လုပ်ချင်သူများ အတွက် ပိုမို သင့်တော်ပါတယ်။ လက်ရှိ မားသားဘုတ်တွေ မှာလည်း USB 3.0 Port တွေကို ထပ်မံထည့် သွင်းအသုံး ပြူနိုင်ပါတယ်။

USB 2.0 တွေပျောက်ကုန်တော့မှာလား

USB 2.0 Devices နဲ့ Connector တွေဟာ ဘယ်လိုဆက်ပြီး စခန်းသွားမှာလဲလို့ မေးစရာရှိပါတယ်။ ဒီအတွက် USB 3.0 Ports တွေက လက်ခံပြီး အလုပ်လုပ်ပေး ပါတယ်။ ဒါပေမယ့် 3.0 ရဲ့ အမြန်နှူန်းအတိုင်း အလုပ်လုပ်မှာတော့ မဟုတ်ပါဘူး။ 2.0 ရဲ့ အမြန်နှူန်းအတိုင်းဘဲ ဆက်လက်လုပ်နေမှာ ဖြစ်ပါတယ်။ 3.0 တွေဟာ 2.0 တွေထက် ကုန်ကျစရိတ်တော့ ပိုများနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ 3.0 အတွက် Cables တွေ Controller တွေ က သီးခြားလိုအပ် လာတော့မှာ ဖြစ်လို့ပါဘဲ။ ဒါကြောင့် 2.0 နဲ့ 3.0 ဟာ အတူတူ ယှဉ်တွဲပြီး ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ တကယ်လို့ 3.0 ရဲ့ အမြန်နှူန်းတွေကို လိုချင်ရင်တော့ 3.0 ရဲ့ Ports တွေနဲ့ Connector တွေကို သာ အသုံးပြူကြရမှာ ဖြစ်ပါတယ်။

ဘယ်သူတွေအများဆုံးစိတ်ဝင်စားမလဲ

Video ဖိုင်တွေဟာ Trasfer လုပ်ရင် ကြာတတ်ပါတယ်။ Video နဲ့ ဆိုင်တဲ့ Professional သမားတွေအတွက်ကတော့ စိတ်မရှည်ချင်စရာပါ။ 2.0 နဲ့ Video တွေကို Transfer လုပ်တဲ့အခါ တော်တော်လေး စိတ်ရှည်ရပါတယ်။ 3.0 မှာတော့ တော်တော်လေး ပိုမြန်လာတဲ့အတွက် Profession သမားတွေအတွက် စိတ်ဝင်စားစရာ အမြန်နှူန်းဖြစ်နေမှာတော့ သေချာပါတယ်။

Drivers တွေရော လိုဦးမှာလား 

လောလောဆယ်တော့ Window 7 နဲ့ Linux 2.6.31 တွေမှာ Window ကနေ support လုပ်ပေးနိုင်ဖို့ကို ပြင်ဆင်နေပါပြီ။ အခြား Windows OS တွေအတွက်လည်း 3.0 ကို support လုပ်ဖို့ Drivers တွေ ထွက်လာဦးမှာပါ။ ဒါကြောင့် စွမ်းဆောင်ရည်တွေကို မြင့်တင်ချင်တယ်ဆိုရင်တော့ သီးခြား Devices တွေအတွက် သီခြား Driver တွေလိုနေဦးမှာ ဖြစ်ပါတယ်။

လူ့စကားသံထွက်မယ့် ခွေးဟောင်သံ

ဂျပန်နိုင်ငံ ကလေးကစားစရာ ထုတ်လုပ်တဲ့ Tomy ကုမ္ပဏီက Dog Translator Gadget အသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ ဒီ Gadget က ခွေးဟောင်သံကို စကားအဖြစ် ပြောင်းပေးနိုင်ပါတယ်။ ၂၀၀၂ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Bowlingual ဆိုတာကို Update လုပ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ခွေးရဲ့ လည်ပတ်မှာ မိုက်ကရိုဖုန်းတစ်ခု တပ်ဆင်ထားစေပြီး Handheld Unit ကို ကြိုးမဲ့ စနစ်နဲ့ ဆက်သွယ် ဆောင်ရွက်စေပါတယ်။ ဒီ Version အသစ်က လူ့ စကားသံအဖြစ်နဲ့ ထုတ်လွှင့်ပေးပါတယ်။ Bowlingual Voice က ခွေးနဲ့ သက်ဆိုင်တဲ့ စိတ်ခံစားမှု အခြေခံ ၆ မျိုးကို နားလည်ပါတယ်။ Tomy ကုမ္ပဏီရဲ့ အဆိုအရ ခွေးပေါက်လေးတွေ ၅၀ လောက်ရဲ့ ဟောင်သံကို ဂျပန်ဘာသာစကားအဖြစ် တစ်ပြိုင်နက် ဘာသာပြန်ပေးနိုင်ပါတယ်။

ဗီဒီယိုလင့်လေးလဲ သွားကြည့်ကြည့်ပါအုံးဗျာ.....
http://technabob.com/blog/2009/06/20/bowlingual-voice-dog-translator/

11 September, 2011

ရှင်သန်ချင်တဲ့ နှလုံးသား

ရိုးရိုးလေးပါပဲ ငါချစ်ခဲ့တာ

တကယ်ပါ အမျိုးမျိုးတွေးထားပါတယ်

ဒါပေမဲ့ နင်နဲ့ပက်သက်ရင်

တစ်မျိုးပြီး တစ်မျိုးခံစားရလဲ

တိုးတိုးပြီး ချစ်ချစ်နေလို့

အဆိုးကြီးပဲခံစားရလဲ

ငါကျေနပ်နိုင်ပါတယ်

အသေတော့ မသတ်ချင်ပါနဲ့ဟာ

နင့်အတွက် ငါသေရဲပေမဲ့

ခံစားနေတဲ့ ငါ့နှလုံးသားလေး

ဒီအတိုင်း ရှင်သန်စေချင်လို့ပါ ..............

05 September, 2011

ပျောက်ဆုံးခြင်း

လောကကြီးရယ်

တရားသေးရဲ့လား

ပေးခဲ့သစ္စာတရားတွေ

ဘယ်နားမှာလဲ

ပြောခဲ့တဲ့ချစ်စကားတွေ

ထားခဲ့တော့လဲ

အလဲအကွဲပါပဲဟာ

အကြင်နာ နှလုံးသားကိုမှ

တမင်မုန်းထားခဲ့တဲ့တွက်

ရင်နာလို့မဆုံးခဲ့ပါဘူး

အရှုံးသမားဘဝနဲ့

နှလုံးသားလှတဲ့လူတစ်ယောက်

ဆုံးသွားခဲ့တာ ခြောက်လရှိပြီ.......

အလွမ်း

တစ်ခါတလေအတွေး

ကဗျာတွေရေးလိုက်ချင်တယ်

ယောက်ရက်ခက်နေတဲ့ကြားထဲ

အနှောက်အယှက်တွေ

ဝင်လာသေးတယ်

နောက်နေ့လဲတမ်းတမှာမို့

လွမ်းရတာလို့

စာအမည်တပ်ပေးလိုက်မယ်

အလွမ်း....