>

04 August, 2011

မျက်ရည်မြစ်ကျဉ်း

စိတ်ကိုရွေ့လျား

မေ့ထားရုံနဲ့

မေ့သွားရင်လည်း

အကောင်းသား

မမေ့မမုန်း

တစ်နေ့လုံး....သူ

စိတ်ကိုယူငင်

ရင်တွင်ရစ်ဖွဲ့

နှောင်တွယ်နွဲ့ပြုံး

လှော်ရင်းနစ်ပြီ

မပျော်နေ့ည

မေ့မရလို့

တွေ့ကြတဲ့အခါ

သူမြင်သာအောင်

ကြင်နာအရိပ်

အလွမ်းစိတ်ကို

ပါးစပ်ပိတ်ထား

နှလုံးသားမှ

မျက်ရည်များဖြင့် ပြချင်တယ်....

1 comment:

  1. နှလုံးသားမှ မျက်ရည်များဖြင့် ပြချင်တယ်တဲ့လား .... အလွမ်းများ ငြိမ်းစေသတည်း .....
    (အားပေးသွားပါတယ်နော် .... အလွမ်းများ ပျောက်လို့ ပျော်ရွှင်ခြင်းများ ရောက်ရှိပါစေ...)

    ReplyDelete