>

04 August, 2011

နွံ့ထဲမှာကြာ

သွားမယ် သွားမယ်နဲ့

တကယ်တမ်းကျတော့

ခြေထောက်တွေကို

အခုမှ

ရေဆေးနေတုန်း

ရေကန်ထဲ

ကြာဆင်းချိုးမိတာလေ

ရလိုက်ပြန်တော့

ကြာပန်းက တစ်ပွင့်တည်း

ရွှံ့ပေနေတဲ့ ခြေထောက်

ရေဆေးလို့မှ မခြောက်ခင်

ကြာပန်းပွင့်ဖတ်တွေက

နွမ်းချင်ချင်နဲ့

မလိုချင်တော့ဘူးလို့

ပြောချင်ပေမယ့်

ကြာပန်းက ခူးပြီးနေပြီ

ရွှံ့တွေလည်း

ပေကျံနေပြီ

တစ်က ပြန်စလို့မှ

မရတော့ဘဲ

မျက်ရည်တဝဲဝဲနဲ့

ကြာပန်းကို ဘုရားတင်

အားအင်နည်းပါးတဲ့

ကိုယ့်အတွက်တော့

မနက်ဖြန်တွေကို

ဒူးနဲ့တိုက်ဖို့

ဒူးပေါ်က မျက်ရည်စတွေကို

ခဏခဏ ဖယ်သုတ်နေရပေါ့

သွားမယ် သွားမယ်နဲ့

ဟောဒီ တဲစုတ်ထဲမှာ

ငါ....

ရွာလည်နေပြီ.....

1 comment:

  1. ကိုယ့်နဲ့ ထိုက်လို့ ကိုယ့်နှစ်သက်တဲ့ ကြာပန်းလေးကလည်း သူတန်ဖိုးနဲ့ သူတော့ ရှိနေမှာပါ .....

    ReplyDelete