ရင်ထဲမှာ ဖြစ်တည်မွေးဖွားလာတဲ့ အချစ်ကို တု့နှိုင်းစရာတွေ ရှာဖွေမယ်ဆိုရင်ဖြင့် နှလုံးသား ကိုခွဲပြချင်ပါတယ်(အနက်ရှိုင်းဆုံထိအောင်ပေါ့)။ ကိုယ့်ရဲ့ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးရဲ့ ၃၂ ကွတ်တာသ သွေးသားတွေထဲမှာ အချိန်ပြည့်နေရာယူထားတာ ဘယ်သူလဲလို့တော့ မေးစရာလိုမယ်လို့ မထင်ပါဘူး။ မင်းနဲ့ဆုံတွေ့ခဲ့တဲ့နေရာလေးကို အမြဲတမ်းသတိရနေမှာပါ။ ပြန်ဆုံတွေ့နိုင်ဖို့ကိုလည်း အမြဲကြိုးစားနေမှာပါ။ မင်းရဲ့အေးမြတဲ့အငွေ့အသက်တွေသည်သာ ကိုယ်ဘ၀ရဲ့ ထာဝရအမြတ်နိုးရဆုံးအရာတွေပါ။ နှလုံးသားမှာ သန္ဓေတည်ပြီး မွေးဖွားလာတဲ့ နူးညံ့သိမ်မွေ့မှုကို ဘယ်အရာနဲ့မှ အစားထိုးပြုပြင်လို့မရပါဘူး ။ ရွရွလေးလမ်းသွား တဲ့ခြေလှမ်းလေးတွေ ၊ ဖွဖွလေးနမ်းသွားတဲ့နှင်းပွင့်အနမ်းလေးတွေ၊ အေးမြတဲ့ ထွေးပွေ့မှုလေးတွေသည်သာ ကိုယ့်နှလုံးသားမှာ နေရာယူခဲ့တာပါ။ လူမျိုး၊ဘာသာ၊ယဉ်ကျေးမှု မခွဲခြားပဲ ထွေးပွေ့မှုတွေပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ မင်းရဲ့အေးမြတဲ့မေတ္တာတရားတွေ မောမြေကို စီးဆင်နေသမျှ မင်းရှိတဲ့ နယ်မြေကို ခြေချနိုင်မှာပါ။ ကိုယ့်ရဲ့ နှလုံးသားလေးသည်သာ ဒီဇင်ဘာနှင်းပွင့်လေးတွေဖြစ်ခဲ့မယ် ဆိုရင် မင်းရဲ့ရပ်တည်မှုတွေ၊ ထာဝစဉ်ဖြစ်တည်နိုင်ဖို့ နှစ်သစ်ကူးနိုင်ရန် လေနု အေးလေးတွေယူဆောင် မင်:ရှိရာအရပ်ကိုမျှော်ရည်မှန်းလို့ လှမ်းလာခဲ့မှာပါ ♥♥♥♥ အီမားဘွမ် ရယ်♥♥♥♥
အားပေးသွားပါတယ်နော် .... ပျော်ရွှင်ပါစေ .....
ReplyDelete