25 March, 2011

အချစ်ဆိုတာ

အချစ်ဆိုတာ

သူသာပျော်ရွှင်မှုရမယ်ဆို

ကိုယ့်အတွက်ဆိုတာတောင်မေ့ပြီး

ထပ်တူခံစားပေးနိုင်တဲ့

ကာလာမပါတဲ့ အဖြူရောင်ဂီတလေးပါ...

အချစ်ဆိုတာ

သူစိမ်းရင်ခွင်နှစ်ခုကို

ချည်နှောင်ပေးတဲ့

နူးညံ့သလောက်ခိုင်မာတဲ့ ကြိုးလေးတစ်ချောင်းပါ...

အချစ်ဆိုတာ

အနေနီးခြင်းဝေးခြင်းနဲ့ မသက်ဆိုင်လှပဲ

သူ့အကြောင်းတွေးလိုက်ယုံနဲ့

သူ့ရုပ်လွှာ မြင်ယောင်လာစေတဲ့

ကြည်နူးဖွယ် ကဗျာလေးတစ်ပုဒ်ပါ...

အချစ်ဆိုတာ

မတွေ့မမြင်ရလည်း

သူ့အသံကြားစဉ်ခဏ

ပီတိတွေ တသွင်သွင်စီးဆင်းစေတဲ့

စမ်းချောင်းငယ်လေးတစ်ခုပါ...

အချစ်ဆိုတာ

ကိုယ့်နှလုံးသားထဲမှာ

သူ့တစ်ယောက်ထဲအတွက်

အပြည့်ပေးထားတဲ့

သီးသန့်နေရာလေးတစ်ခုပါ...

Myanmar Proxy

http://www.childaidmyanmar.org/ppp/
Vtunnel လို ကျော်တဲ့ဟာလေးပါ

19 March, 2011

To Kill Not Responding Programs

Not Responding Programs တွေ ဖြစ်တက်တဲ့ computer user တွေ ဒီလိုလေး လုပ်ထားစေချင်ပါတယ်...
Not Responding ဖြစ်ပီဆိုရင်  Shoutcut လေးကို နိပ်လိုက်တာ နဲ့ ပြီးသွားအောင် လုပ်လို့ရတာလေးပါ..


ပထမဆုံး New -> Shortcut လုပ်လိုက်ရင်
Dialog box လေး ကျလာလိမ့်မယ် အဲဒီက တောင်းတဲ့ အကွက်ထဲမှာ
taskkill /F /FI "STATUS eq NOT RESPONDING" စာလေးကို COPY /PASTE ပေးပါ

Next ကိုသွားပါ Name box မှာ Kill Not Responding Tasks လို့ရေးပါ ( မိမိကြိုက်တာရေးလည်း ရပါတယ် )

ပြီးရင် Finish ပေးပါ

Destop ပေါ်မှာ Shoutcut လေး တွေ့မှာပါ

မိမိ စက်သုံးနေရင်းနဲ့ Not Responding ဖြစ်သွားရင် အဲတာလေးကို နှိပ်လိုက်ပြီး ပိတ်လိုက်ယုံပါပဲ........

 

16 March, 2011

USB Thumb Drive ၏ လျှို့ဝှက်ချက် (၁၀)ခု

Hard Disk မှာ နေရာလွတ် နည်းပါးနေသူတွေအတွက် အလုပ်မှအိမ်၊ အိမ်မှကျောင်း၊ အချက်အလက် သင်ခန်းစာ၊ အလုပ်ဖိုင်တွေကို သယ်ဆောင်သွားလိုသူတွေအတွက်၊ စနစ်တစ်ခုလုံးကို လုံခြုံစိတ်ချမှုပြည့်ဝစွာ အလုပ်လုပ်လိုပြီး အစီအစဉ်တကျ ရှိလိုသူများအတွက် USB Thumb Drive ရဲ့ လျှို့ဝှက်ချက်လေးများကို စုစည်းဖော်ပြ လိုက်ပါတယ်။

1. USB Drive ကို icon အနေနဲ့ သုံးနိုင်ပါတယ်
တကယ်လို့ ကွန်ပျူတာမှာ USB Hub တစ်ခုကို ထားရှိသုံးစွဲမယ်ဆိုရင်၊ နောက်ပြီး USB အများကြီးနဲ့ Multiple USB port တွေ ထားရှိ သုံးစွဲမယ်ဆိုရင် အမျိုးမျိုး အစားစားကွဲပြားတဲ့ ကိုယ့်ရဲ့ USB ကို icon တွေအနေနဲ့ ဖော်ပြ ပေးထားနိုင်ပါတယ်။ အဲဒီလို ဖော်ပြပေးတဲ့ XP, Vista, Windows 7 တွေမှာ ပါဝင်တဲ့ custom icon တွေကို အသုံးပြုပြီး folder တွေကို icon ပုံစံချိန်းတဲ့ ပုံစံမျိုးအဆင့်ပဲ လွယ်လွယ်ကူကူ ရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ (.ico) format ကို drive ထဲမှာ အရင် မောင်းထည့်ရပါမယ်။ အကယ်၍ web application တစ်ခုဖြစ်တဲ့ convert icon ကို အသုံးပြုလည်း ရပါတယ်။ icon ကို အမျိုးအစားကွဲပြားစွာနဲ့ USB မှာ ရည်ညွှန်းဖော်ပြပေးမှာ ဖြစ်တဲ့အတွက် ဘယ် USB က ဘာ file တွေ ပါဝင်တယ်ဆိုတာ အလွယ်တကူ သိရှိရမှာပါ။

2. Google ၏ OS ကို အိတ်ထဲ ထည့်ထားနိုင်ပါတယ်
Google ၏ OS ဖြစ်တဲ့ Chrome OS ကို USB drive ထဲမှာ ထည့်သွင်းပြီး ကိုယ့်ကွန်ပျူတာရဲ့ ဒုတိယ OS အဖြစ် ထားရှိ သုံးစွဲနိုင်ပါတယ်။ အလွန်မြန်ဆန်ပြီး ကိုယ့်စိတ်ကြိုက် custom ပြုလုပ်ထားနိုင်ပါတယ်။ ဒီဇိုင်း အဆင်အပြင်တွေကအစ ပါဝင်တဲ့ coding တွေကို သွားပြန်ပြီး ပြင်ဆင်ရေးသားနိုင်တဲ့ open source OS တစ်ခု ဖြစ်ပါတယ်။

3. Democra key ဖြင့် လုံခြုံစိတ်ချစွာ အလုပ်လုပ်သုံးစွဲနိုင်ပါတယ်
တကယ်လို့ USB drive ကိုဖြစ်စေ၊ PC ကိုဖြစ်စေ သုံးစွဲရတာ ကိုယ့်ရဲ့ကိုယ်ရေး အချက်အလက်တွေနဲ့ ကိုယ်ရေး ကိုယ်တာဖိုင်တွေ မလုံခြုံဘူးလို့ ခံစားရရင် Democra Key ကို download ရယူ၍ windows platform တွေပေါ် မှာ အလုပ်လုပ်နိုင်သော web application တစ်ခုလို သုံးစွဲနိုင်ပါတယ်။ အဲဒီအထဲမှာ ပုံရိပ်တည်းဖြတ်တာတွေ၊ email ဖွင့်စစ်တာတွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို encrypt ပြုလုပ်တာတွေနဲ့ Internet ကို browse လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ လုံခြုံမှုအပြည့်အ၀ ရှိပါတယ်။

4. XBMC Media Center ကို ထည့်သွင်းထားနိုင်ပါတယ်
ကိုယ့် PC မှာ WMP player နဲ့ အခြား player များစွာရှိပေမယ့် XBMC live ကို ရယူပြီး drive ထဲကို ထည့်သွင်း ထားမယ်ဆိုရင် netbook မှာပဲဖြစ်ဖြစ်၊ laptop မှာပဲ ဖြစ်ဖြစ် media file တွေကို အလွယ်တကူ ကြည့်ရှုခံစား နိုင်ပါတယ်။ အဲဒီအထဲမှာ အလွယ်တကူနဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်နိုင်တဲ့ လမ်းညွှန်ချက်တွေကို သင်ခန်းစာ ဖိုင်တွေအနေနဲ့ ကြည့်ရှုပြီး လိုက်လံလုပ်ဆောင်နိုင်ပါတယ်။

5. Windows System တစ်ခုလုံးကို save လုပ်ထားနိုင်ပါတယ်
တကယ်လို့ Thumb drive ထဲမှာ Ubuntu စနစ်တစ်ခုလုံးကို ထည့်သွင်းထားမယ်ဆိုရင် windows ရဲ့စနစ်မှာ မှားယွင်းနေတဲ့အမှားတွေ၊ error တွေ အားလုံးကို ubuntu ကတစ်ဆင့် boot လုပ်ပြီး ၀င်ရောက်ကြည့်ရှုရင်း ပြင်ဆင်နိုင်ပါတယ်။ ထို့အတွက် ပုန်းအောင်းနေတဲ့ ဖိုင်တွေ၊ ဖိုင်ယောင်ဆောင်ထားတဲ့ virus တွေကို အလွယ် တကူ ကြည့်ရှုသတ်ပစ်နိုင်ပြီး drive space ကို သန့်သန့်ရှင်းရှင်း analyze လုပ်နိုင်ပါတယ်။ Partition လုပ်တာ တွေ၊ windows password တွေကို ပြန်ခေါ်တာနဲ့ ပျောက်ဆုံးနေတဲ့ file တွေကို ပြန်လည်ရှာဖွေတာတွေ ပြုလုပ် နိုင်ပါတယ်။ လုပ်ဆောင်ပုံ နည်းအသေးစိတ်ကို lifehacker.com မှာ ကြည့်ရှုနိုင်ပါတယ်။

6. USB Drive ကနေတစ်ဆင့် Windows စနစ်တစ်ခုလုံးကို အမိန့်ပေး ထိန်းချုပ်နိုင်ပါတယ်
Windows ပြန်လည်စတင်ချိန်မှာ USB drive ကနေ log off လုပ်တာတွေ၊ shut down လုပ်တာတွေကို USB drive ရဲ့ click ကို နှိပ်လိုက်တာနဲ့ အထဲထဲမှာ အမိန့်ပေး file တွေကို တန်းစီပြီး ထည့်သွင်းဖို့အတွက် coding တွေ လွယ်လင့်တကူ ရှိပါတယ်။

7. သယ်ဆောင်ရ လွယ်ကူသော Windows Suite တစ်ခုလုံးကို ထည့်သွင်းသွားနိုင်ပါတယ်
Portableapps.com မှာ ရွှေ့ပြောင်းသယ်ယူရလွယ်တဲ့ software ကလေးတွေ၊ ဥပမာ Photoshop, acrobat reader, firefox, gtalk စတဲ့ software ကလေးတွေကို download ရယူပြီး USB drive ထဲ ထည့်ထားမယ် ဆိုရင် windows အတွက် နေရာလွတ်တွေများစွာ ထွက်ပေါ်လာစေပါမယ်။ Memory အရမ်းစားတဲ့ software တွေ ဆိုလို့ရှိရင်လည်း memory အစား သက်သာသွားပါမယ်။ ဒါ့အပြင် ရုံးက ကွန်ပျူတာမှာ ကိုယ်လိုချင်တဲ့ software မရှိလို့ အိမ်ပြန်အလုပ်လုပ်လို့ မရတဲ့သူတွေအတွက်လည်း အချိန်ကုန်သက်သာ သွားစေပါတယ်။ Portable software တွေဟာ software ကြီးတွေက လွဲလို့ function အစုံအလင် ပါရှိပြီး ပုံမှန်အတိုင်း အလုပ် လုပ်နိုင်ပါတယ်။

8. USB Drive ထဲမှာ အရေးကြီး Data တွေကို ထားရှိနိုင်ပါတယ်
တစ်ချို့ မိသားစုနဲ့ ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာဖိုင်တွေ၊ ကိုယ့်ရဲ့ အကြံအစည်နဲ့ ပတ်သက်တဲ့ idea စိတ်ကူး တွေကို USB drive ထဲကို ထည့်သွင်းထားပြီး အဲဒီ USB ကို USB safeguard သုံးစွဲလိုက်မယ်ဆိုရင် USB ကို လက်လွတ်စပယ် ထားခဲ့မယ်ဆိုတာတောင်မှ ကိုယ့်ဖိုင်ကို ၀င်ကြည့်တဲ့အခါမှာ password တောင်းတာမျိုးတွေ၊ ဖိုင်ကို ၀ှက်ထားတာမျိုးတွေ၊ ဖိုင်ပုံစံ ဖျောက်ထားတာမျိုးတွေ လုပ်ထားနိုင်တဲ့အတွက် အဆင်ပြေပါတယ်။

9. လိုချင်တဲ့အချိန်တွေမှာ ဖိုင်တွေကို ရွှေ့ပြောင်းနိုင်ပါတယ်
USB drive နဲ့ hard drive ကြားထဲမှာ ဖိုင်တွေကို ရွှေ့ပြောင်းတာ အလွန်လွယ်ကူပါတယ်။ USB ရဲ့ နည်းပညာ မြင့်မားရင် မြင့်မားသလို ရွှေ့ပြောင်းရ လွယ်ကူပြီး မြန်ဆန်ပါတယ်။ တကယ်လို့ internet မှာ နာမည်ကြီးနေတဲ့ ဖိုင်တင်တဲ့ upload sharing site ဖြစ်ပြီး application မှာ ထုတ်ပေးထားတဲ့ drop box နဲ့ဆိုရင် USB ထဲက ဖိုင် တွေကို အဲဒီထဲထည့်တာတွေ၊ Online ပေါ်မှာ ကြည့်ရှုနေတဲ့အချိန်မှာ ရုံးကနေတစ်ဆင့် drop box ထဲ ထည့်သွင်းသိမ်းဆည်းထားပြီး အိမ်ကနေတစ်ဆင့် အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

10. Linux OS ကို USB Drive ထဲ ထည့်သွင်းထားနိုင်ပါတယ်
Linux အနွယ်ဝင် OS တွေဟာ virus အန္တရာယ်ကင်းရှင်းစေပြီး သုံးစွဲရ လွယ်ကူတဲ့အပြင် အခုဆိုရင် ရွှေ့ပြောင်း သယ်ဆောင်ရ လွယ်ကူတဲ့ Portable Linux OS တွေပါ ထွက်ရှိလာတဲ့အတွက် drive ထဲကို ထည့်သွင်းထားပြီး အလုပ်လုပ်တဲ့အခါမှာ- ဥပမာ ရုံးမှာ virus တွေ အလွန်ကိုက်နေတဲ့အတွက် ရုံးက virus တွေ အိမ်က ကွန်ပျူတာကို ပါလာမှာ စိုးရိမ်နေသူများအတွက် အလွန် အသုံးဝင်ပြီး ရုံးမှအိမ်၊ အိမ်မှရုံး USB drive မှတစ်ဆင့် လွယ်ကူစွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

15 March, 2011

i Tunes Account Free လုပ်နည်းလေးပါ

Jail break လုပ်ထားတဲ. iphone, ipad, ipod touch user တွေအနေနဲ့ free games တွေ Applications တွေကိုလိုချင်ရင် Apple Store ကနေ ဒေါင်းပီးတော့ ဆွဲချလို့ရပါတယ်။ ဒါပေမဲ.့ itunes account ရှိဖို့တော့လိုပါတယ်။ ဒါပေမဲ့ အကောင်.ဖွင်.ရင် credit card တောင်းတာကြောင်.့ ဖွင့်လို့မရတာတွေဖြစ်တတ်ပါတယ်။ အခုပြမဲ့နည်းလေးကတော့ credit card မလိုပဲ ဖွင့်လို့ရမဲ.နည်းပါ။


1.ပထမဆုံးအနေနဲ့ စက်ထဲမှာရှိတဲ့ itunes ကိုဖွင်.လိုက်ပါ။ မရှိရင် www.itunes.com မှာ ဝင်ပြီးတော့ဒေါင်းလိုက်လို့ရပါတယ်။

2.ပြီးရင် itunes ထဲမှာရှိတဲ. itunes store ထဲကိုဝင်လိုက်ပါ။ home page ပေါ်လာပြီဆိုရင် စာမျက်နှာရဲ.့ အပေါ်ဘက် ညာဘက်ထောင့် မှာရှိတဲ့ sign in ကိုနှိပ်လိုက်ပါ။

3.create new account ကိုပါနှိပ်လိုက်ပါ။ ပြီးရင် သူပြောတဲ.့တိုင်း accept လုပ်ပြီးလိုတာတွေကိုဖြည့်ပေးလိုက်ပါ။

4.နောက်ဆုံး credit card number ကိုဖြည့်ခိုင်းတဲ.အဆင့်ရောက်ပြီဆိုရင် http://www.retailmenot.com/view/itunes.com ဒီဆိုက်ထဲကို ဝင်လိုက်ပြီးတော့ cupon code တစ်ခုကို အရင်ဆုံးကူးပီးတော.့ gift card certificate ဆိုတဲ့နေရာမှာ paste လုပ်ပေးလိုက်ပါ။ ပြီးရင် ဘာမှမဖြည့်ပဲနဲ. continue လုပ်လိုက်ပါ။ ပြီးရင်တော့ credit card နေရာမှာ none လိုပေါ်လာမှာပါ။

အဲဒီအခါကျရင်တော့ နာမည်တွေကိုလိုက်ဖြည့်ပေးပါ။ city နေရာမှာ Miami လို့ထည့်ပေးပါ။ State နေရာမှာတော့ Flordia လို့ရိုက်ထည့်လိုက်ပါ။ ဖုန်းနံပါတ်နဲ. လိပ်စာကိုတော့ ပါးစပ်ထဲရှိတဲ့အတိုင်းရမ်းကစ်လိုက်ပါ။ ပြီးရင်တော. continue လုပ်လိုက်ရင် itunes account ကို free လုပ်လို့ရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးတစ်ချက်ကတော. gift cupon code ကို သေချာကူးပြီးတော့ထည့်ပေးဖို့နဲ့ itunes ကိုစဝင်တဲ့အချိန်မှာ united state ကိုရွေးပြီးတော့ဝင်ရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော. မြန်မာနိုင်ငံကနေ itunes store ကို access လုပ်လို့မရနိုင်လို.ဖြစ်ပါတယ်။ 

04 March, 2011

ရယူလိုသောဆု

နတ်ပြည်ရောက်၍
ဝင်းတောက်ထိန်လျှ၊ံ နတ်ဗိမာန်နှင့်
နေရန်အကြောင်း၊ ဆုမတောင်းပါ။

ဗြဟ္မာဘုံရောက်၊ ရွှေရောင်တောက်၍
မြင့်မောက်ဂုဏ်သိန်၊ သူ့စည်းစိမ်ဖြင့်
ဇိမ်ခံလိုကြောင်း၊ ဆုမတောင်းပါ။

ရည်မှန်းချက်ကို၊ စောင့်လျက်နေ့ည
သက်ပြင်းချ၍၊ ကြောင့်ကြပူပင်
ကိုယ်တွင်ဆုတ်နစ်၊ မြူညစ်စိတ်နွမ်း
မဖုံးလွှမ်းဘဲ။

လောဘပိုကဲ၊ ဆန္ဒဇွဲနှင့်
စိတ်ထဲယဉ်ယဉ်၊ ဘဝမြင့်ကာ
ကိုယ်ထီးသာလျှင်၊ ထွေရာစိတ်ကူး
အရူးယောက်ျား၊ မဟုတ်ငြားဘဲ။

ကိုယ်၏ဇွဲမာန်
ကိုယ့်အားမာန်ကို၊ အမှန်မသိ
မချိပူဆာ၊ နောင်ခါနောင်ရေး
ပူဆွေးမရွှင်၊ လိုချင်အခွင့်
မျှော်တလင့်ကြောင့်၊ သူဖြင့်ကိုးစား
သူ့အားတာတီ၊ မပီယောက်ျား
မဟုတ်ငြားဘဲ။

ရလိုသမှု၊ လှူလှူလောဘ
ကင်းစင်ပ၍၊ ဒေါသမထန်
မာန်မာမရှိ၊ ပကတိသို့
ငြိမ်ဘိစိတ်တွင်၊ ပတ်ဝန်းကျင်နှင့်
အစဉ်လက်တွဲ၊ ခွာမရှဲဘဲ
မြဲသည်သတိ၊ သိသည်ဝန်တာ
ဤလူ့ရွာဝယ်၊ သာမန်စိတ်ထား
လူသားစင်စစ်၊ ဖြစ်လိုပါကြောင်း
ငါဆုတောင်း၏ ။    ။

♥♥♥♥ မျှော်ရည်မှန်းတဲ့မောချမ်းခ(အီမားဘွမ်) ♥♥♥♥

ရင်ထဲမှာဖစ်တည်မွေးဖွားလာတဲအချစ်ကို တု့နှိုင်းစရာတေရှာဖွေမယ်ဆိုရင်ဖြင့် နှလုံးသား ကိုခွဲပြချင်ပါတယ်(အနက်ရှိုင်းဆုံထိအောင်ပေါ့)။ ကိုယ့်ရဲကိုယ်၊ စိတ်၊ နှလုံး သုံးပါးရဲ့ ၃၂ ကွတ်တာသ သွေးသားတွေထဲမှာ အချိန်ပြည့်နေရာယူထားတာ ဘယ်သူလဲလို့တောမေးစရာလိုမယ်လိုမထင်ပါဘူးမင်းနဲ့ဆုံတွေ့ခဲ့တဲ့နေရာလေးကို အမြဲတမ်းသတိရနေမှာပါ။ ပြန်ဆုံတွေ့နိုင်ဖို့ကိုလည်း အမြဲကြိုးစားနေမှာပါ။ မင်းရဲ့အေးမြတဲ့အငွေ့အသက်တွေသည်သာ ကိုယ်ဘ၀ရဲ့ ထာဝရအမြတ်နိုးရဆုံးအရာတွေပါ။ နှလုံးသားမှာ သန္ဓေတည်ပြီး မွေးဖွားလာတဲ့ နူးညံ့သိမ်မွေ့မှုကို ဘယ်အရာနဲ့မအစားထိုးပြုပြင်လို့မရပါဘူးရွရွလေးလမ်းသွား တဲ့ခြေလှမ်းလေးတွေ ၊ ဖွဖွလေးနမ်းသွားတဲ့နှင်းပွင့်အနမ်းလေးတွေ၊ အေးမြတဲ့ ထွေးပွေ့မှုလေးတွေသည်သာ ကိုယ့်နှလုံးသားမှာ နေရာယူခဲ့တာပါ။ လူမျိုး၊ဘာသာ၊ယဉ်ကျေးမမခွဲခြားပဲ ထွေးပွေ့မှုတွေပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ မင်းရဲ့အေးမြတဲ့မေတ္တာတရားတေမောမြေကို စီးဆင်နေသမျှ မင်းရှိတဲနယ်မြေကို ခြေချနိုင်မှာပါ။ ကိုယ့်ရဲ့ နှလုံးသားလေးသည်သာ ဒီဇင်ဘာနှင်းပွင့်လေးတွေဖြစ်ခဲ့မယ်ဆိုရငမင်းရဲ့ရပ်တည်မှုတွေ၊ ထာဝစဉ်ဖြစ်တည်နိုင်ဖို့  နှစ်သစ်ကူးနိုင်ရန် လေနု အေးလေးတွေယူဆောင်မင်:ရှိရာအရပ်ကိုမျှော်ရည်မှန်းလိုလှမ်းလာခဲ့မှာပ ♥♥♥♥ အီမားဘွမရယ်♥♥♥♥

02 March, 2011

ပျော်ရွှင်စေသောစကားတစ်ခွန်း

တီဗီအသံလွှင့်ဌာနတစ်ခုက အစီအစဉ်လေးတစ်ခု
ကျင်းပခဲ့တယ်။ အဲဒီအစီအစဉ်က အမျိုးသမီး ပရိသတ်တွေဆီကနေ
"အပျော်ရွှင်စေဆုံးစကားတစ်ခွန်း" တောင်းဆိုတဲ့ အစီအစဉ်ဖြစ်တယ်။
ကြေညာချက်ထုတ်ပြန်ပြီးနောက် အနယ်နယ်အရပ်ရပ်က ပရိသတ်ရဲ့စာတွေ အသံလွှင့်ဌာနဆီ
ပလူပျံခဲ့တယ်။
စာတွေအများကြီးထဲမှာ နောက်ဆုံး *"နင်အိပ်နေ.. ငါထမယ်"* ဆိုတဲ့ စကားတစ်ခွန်းက
ပထမရသွားခဲ့တယ်။

"နင်အိပ်နေ.. ငါထမယ်" ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ဒီလို
ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့တယ်။

ငယ်ရွယ်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ မင်္ဂလာဆောင်ပြီး သိပ်မကြာခင်မှာပဲ
ကလေးရလိုက်တယ်။ ကလေးထိန်းခေါ်ဖို့ အပိုဝင်ငွေမရှိတာကြောင့်
မိန်းမဖြစ်သူက အိမ်မူကိစ္စနဲ့ ကလေးထိန်းတာဝန်ကိုယူပြီး ယောက်ျားဖြစ်သူက
စားဝတ်နေရေးအတွက်
အလုပ်ထွက်လုပ်ခဲ့တယ်။

ဒါပေမယ့် ကလေးငယ်က မိဘတွေ မျှော်လင့်ထားသလို မကျန်းမာခဲ့ဘူး။
အသားဝါရောဂါဖြစ်လိုက် အဆုတ်ရောင်ရောဂါဖြစ်လိုက်နဲ့ ချူချာခဲ့တယ်။
ကလေးရောဂါကုဖို့ ယောက်ျားအလုပ်ပိုကြိုးစားခဲ့သလို မိန်းမကလည်း နေ့မအား ညမအား
ကလေးငယ်ကို
ပြုစုစောင့်ရှောက်ခဲ့တယ်။

ကလေးငယ် အသက်ရှင်ကျန်းမာဖို့ မျှော်လင့်ရင်း ဇနီးမောင်နှံနှစ်ဦးဟာ
တစ်ဦးကိုတစ်ဦး ယုံကြည်မှုတွေ၊ ရဲစွမ်းသတ္တိတွေ ဖြည့်ခဲ့ကြတယ်။
အလုပ်ကပြန်လာတိုင်း ယောက်ျားဖြစ်သူဟာ အိမ်ထဲမဝင်ခင် ရှုပ်ပွနေတဲ့ဆံပင်၊
အင်္ကျီတွေကို
သပ်သပ်ရပ်ရပ်ပြုပြင်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာကို လန်းဆန်းတက်ကြွတဲ့
အသွင်ဆောင်ပြီးမှ
တံခါးခေါက်လေ့ရှိတယ်။ မိန်းမဖြစ်သူကလည်း ယောက်ျားရဲ့
အိမ်အပြန်ခြေသံကိုကြားတာနဲ့
ညှိုးနွမ်းနေတဲ့ မျက်နှာထားကိုပြင်၊ ဖရိုဖရဲ ဆံပင်၊ အင်္ကျီတွေကိုပြင်ပြီးမှ
တက်ကြွတဲ့အပြုံးနဲ့ ယောက်ျားကို
တံခါးဖွင့်ကြိုဆိုလေ့ရှိတယ်။

တစ်နေ့မှာ တံခါးအပြင်က ယောက်ျားဖြစ်သူရဲ့ လျှို့ဝှက်ချက်ကို
မိန်းမသိသွားခဲ့တယ်။ ဒါပေမယ့်လည်း မျက်ရည်စီးကြောင်းတွေကို
အမြန်ဖျက်ပြီး အပြုံးနဲ့ ယောက်ျားကို တံခါးဖွင့် သူကြိုခဲ့ပါတယ်။
လင်ယောက်ျားကို ပိုသနားကြင်နာမိတဲ့ မိန်းမဟာ ညအခါ
ကလေးငိုချိန် သူဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်နေပါစေ ယောက်ျားကို မနှိုးရက်ဘဲ
တစ်ယောက်ထဲ
တိတ်တိတ်ဆိတ်ဆိတ်ထပြီး ကလေးကိုချော့မြူခဲ့တယ်။

မိန်းမရဲ့လျှို့ဝှက်ချက်ကို ယောက်ျားသိသွားပြီးတဲ့နောက် မိန်းမကို
ပိုဂရုစိုက်ကြင်နာခဲ့တယ်။ ညမှာ ကလေးလေးငိုတာနဲ့ သူချက်ချင်းထတတ်ပြီး
မိန်းမကို "နင်အိပ်နေ.. ငါထမယ်" ဆိုပြီး ပြန်အိပ်ခိုင်းစေခဲ့တယ်။
ကျန်းမာရေးမကောင်းတဲ့ ကလေးငယ်က ညတိုင်းလိုလို
ဂျီကျငိုယိုတော့ လင်ယောက်ျားရဲ့ အဲဒီစကားတစ်ခွန်းကိုလည်း ညတိုင်းလိုလို
မိန်းမကြားခဲ့ရတယ်။

ဇာတ်လမ်းကို အစီအစဉ်တင်ဆက်သူ ပြောအပြီးမှာ ပရိသတ်ကြားကနေ တစ်ခေါင်းလုံး
ဆံပင်ဆွတ်ဆွတ်ဖြူနေတဲ့ လင်မယားနှစ်ဦး တစ်ယောက်လက်ကို
တစ်ယောက်တွဲပြီး ထရပ်တယ်။ မိန်းမဖြစ်သူက ရစ်ဝဲနေတဲ့မျက်ရည်နဲ့
ပရိသတ်ဖက်လှည့်ပြီး
"ဇာတ်လမ်းထဲက ယောက်ျားဟာ သူပါ။ ကျွန်မတို့ အိမ်ထောင်သက် ၅၈နှစ်ရှိပါပြီ။
အဲဒီစကားတစ်ခွန်းက
ကျွန်မရင်ကို ခုထက်ထိ နွေးထွေးစေပါတယ်"
လို့ပြောတယ်။

မိန်းမရဲ့စကားကိုကြားတော့ ယောက်ျားက သွားမရှိတော့တဲ့ ပါးစပ်ကိုဟပြီး ရယ်တယ်။
ပရိသတ်အများရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်ဥလေးတွေ
တွဲခိုနေခဲ့တယ်။

*"အပျော်ရွှင်စေဆုံး စကားတစ်ခွန်း"က တကယ်တော့ ကျွန်တော်တို့ရင်ဘတ်ထဲကနေ
ထွက်လာတဲ့ စစ်မှန်တဲ့ အပြုအမူလေးတစ်ခုဖြစ်တယ်။
အဲဒီအပြုအမူလေးတစ်ခုက ချစ်ခြင်းမေတ္တာကို နှိုးဆွနိုင်ခဲ့တယ်။ လောကကြီးကို
ချစ်ခြင်းရနံ့တွေ ဖြန့်လွှင့်ပြီး
မွှေးကြိုင်စေခဲ့ပါတယ်။*

သင့်ရဲ့အပျော်ရွှင်စေဆုံး စကားတစ်ခွန်းက ဘာလဲ? (ချရေးကြည့်ပါ)
သူ့အတွက် အပျော်ရွှင်စေဆုံး စကားတစ်ခွန်း သင်ပြောခဲ့ပြီးပြီလား?



http://www.internetchitthu.com/profiles/blogs/2751287:BlogPost:499467
မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်...