တို့လူမျိုးက ယဉ်ကျေးမျှတ
သြတ္တပ္ပနှင့် ဟီရိတရား
လက်ကိုင်ထား၍ ငါးပါးကိုယ်ကျင့်
တရားနှင့်သာ မွေ့ပျော်ပါ၏။
ယခုမှာကား ထိုတရားသည်
အမှားအလွဲ တရားမွဲပြီး
မလုံမလဲ ရုံရွဲရွဲနှင့်
အကုန်ပဲပေါ် ဖော်ကုန်ကြပြီ။
တချို့သည်ကား ကြပ်ထုပ်ထားသည့်
စတိုင်တစ်မျိုး အမြင်ဆိုးသည့်
ရင်ကျိုးရပြီ အိုမိခင်တို့။
သင်တို့သည်ကား မြန်ပြည်သားလေ
ဟုတ်လားဝန်ခံ ဟန်ပန်ဘေးချိတ်
"ကျုပ်တိတ်တိတ်လေး ပြောလိုက်ချင်တယ်
မြန်မာအိမ်ကိုချစ်ရင် မြန်မာထဘီလေးဝတ်ကြပါ"။ ။
ဟုတ်ကဲ့ပါ
ReplyDeleteအားပေးသွားပါတယ်နော်..............
ဟုတ်ကဲ့ပါ
ReplyDeleteမှန်ပါတယ်ရှင် .... ကဗျာလေး ကောင်း၏ ....
ReplyDeleteq: အားပေးရုံနဲ့  မရဘူး ... မြန်မာ ထမီလေးပါ ၀တ်ရမှာနော် ... :P
ReplyDeleteဒါအမှန်ပဲဗျ...
ReplyDeleteမှန်ပေသတည်း
ReplyDeleteသားကတော့ ဂျင်းမှ ဂျင်းပဲ ဟီး
ReplyDeleteချောင်းဆိုးနေလို့ပါဗျ...ဂျင်းကို မီးဖုတ်ပြီးတော့ ငုံတာကိုပြောတာ
ဒီတစ်ခါနောက်ဆုံးပြောရဦးမယ် ဂျင်းဘောင်းဘီကို ၀တ်ထားရင်
အိမ်ကို မလာနဲ့ မေမေက မကြိုက်တော့ လိုက်ပြေးမယ်...ဟီး