>

24 November, 2010

အွန်လိုင်းချစ်သူ



နင်ဘယ်သူလဲမသိခဲ့ပါဘူး

ငါသိတာ နင့်အကောင့်က

ကိုးရီးယားမင်းသမီးပုံပါ

နင်ဘယ်ကလဲမသိခဲ့ပါဘူး

အွန်လိုင်းမှာဆုံမယ့်

အချိန်ကိုပဲစောင့်ခဲ့ရတာပါ

နင့်အသံကိုမကြားဖူးပါဘူး

ဖန်သားပြင်ပေါ်မှာ မြင်နေရတာ

သာကူထက်ချိုတဲ့ နင့်ရဲ့တော်ကီတွေပါ

အမှန်လားအမှားလား ဘာမှန်းမသိတာကိုပဲ

ငါကချစ်မိသွားတယ်ဆိုရင် နင်ယုံနိုင်မလား

တကယ်တော့ နင်ကမှော်ဆရာတစ်ယောက်ပါ

မကြားရမမြင်ရ သံယောဇဉ်တွေနဲ့

ငါ့ရဲ့နှလုံးသားကို ဆွဲစားသွားတာပါ…….။

9 comments:

  1. ဆွဲစားသွားတယ်ဆိုတော့ အွန်လိုင်း ချစ်သူ ဟုတ်ရဲ့လား အွန်လိုင်း သရဲများလား.............:P

    ReplyDelete
  2. ရည်းစားလေးရေ . . . ဆွဲစားသွားတဲ့သူ ဘယ်သူလည်း ။

    ReplyDelete
  3. ဟီးဟီး.....

    ပြောပါဘူး........

    ReplyDelete
  4. တကယ်တော့ နင်ကမှော်ဆရာတစ်ယောက်ပါ

    မကြားရမမြင်ရ သံယောဇဉ်တွေနဲ့

    ငါ့ရဲ့နှလုံးသားကို ဆွဲစားသွားတာပါ…….။
    နင်ဘယ်ကလဲမသိခဲ့ပါဘူး

    ReplyDelete
  5. တကယ်တော့ နင်ကမှော်ဆရာတစ်ယောက်ပါ

    မကြားရမမြင်ရ သံယောဇဉ်တွေနဲ့

    ငါ့ရဲ့နှလုံးသားကို ဆွဲစားသွားတာပါ…….။
    နင်ဘယ်ကလဲမသိခဲ့ပါဘူး

    ReplyDelete
  6. ဘယ်ကမှန်းမသိတော့ စိတ်ကိုညစ်တယ်...ဘယ်သူမှန်းမသိတော့ ခက်ပါတယ်...

    ReplyDelete
  7. မဖြစ်နိုင်မှန်း ကြိုသိထားလျက်နဲ့
    ဘာကြောင့်ငါ ဒီအချစ်ကို အစပြိုးသလဲ မသိတော့ပါဘူး...
    အချစ်ဆိုတာ ကံဆိုးတဲ့ ကောင်မှ တွေ့ရတာတဲ့....
    စိုင်းစိုင်းပြောသလိုပဲ ကျွန်တော်တကယ် ကံဆိုးခဲ့တာလား မသိတော့ပါဘူး.....

    ReplyDelete