>

11 November, 2009

အတိတ်

အတိတ်တွေနဲ့ ရောထွေးစုပုံထားတဲ့ အတွေးတွေကို သိုဝှက်သိမ်းထားခဲ့ တာကြာပါပြီ...

ကြီကျယ်ခမ်းနားပြီး ယုံပါဆိုတာလောက်နဲ့  မေတ္တာတရားကိုအလွဲသုံးစား မလုပ်ပါနဲ့...

တစ်ချိန်က မင်းပေးခဲ့တဲ့ အချစ်တွေဟာ ကိုယ့်ကို ထိုးမယ့်ဓားမှန်း မသိခဲ့ပါဘူး...

ပစ်စလက်ခတ် မဖြစ်ချင်ခဲ့ပေမယ့်  နှလုံးသားက ဖျားနာမှုကိုတော့ မျက်စပစ် ပြနေပါပြီ...

ရက်စက်ခြင်းကို မေ့ဆေးကျွေးရုံနဲ- ဒဏ်ရာတွေအေးခဲသွား ရင်သိပ်ကောင်းမှာပဲ...

နောက်ဆုံးတော့ အဆုံးသတ်မကောင်းတဲ့  ဇာတ်လမ်းတစ်ပုဒ်ကို ဒဏ်ရာတွေ တနင့်တပိုးနဲ့....

နာကျင်နေလဲ ရိုးရိုးလေးပဲ သရုပ်ဆောင်ပေးပါ့မ ယ် ...ကောင်မလေးရယ်...

1 comment:

  1. စိတ်မကောင်းဖြစ်စရာအတိတ်တွေရှိခဲ့ပေမယ့်.. ယခုပစ္စုပန်..အနာဂတ်မှာ ပျော်ရွှင်ကံကောင်းနိုင်ပါစေ.....။

    ReplyDelete