29 November, 2009

အမေရိကန်ပြည်ထောင်စု ကမ္ဘာကျော် စတန်းဖို့ဒ် တက္ကသိုလ်တွင် ဦးသန့်အားဂုဏ်ြပုသည့် ဓါတ်ပုံပြပွဲ ပြုလုပ်ကျင်းပ..

ပြုလုပ်ကျင်းပ....
ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ
ကမ္ဘာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်

၂၀၀၉ ခုနစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂသီတင်းဌာနက ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းမှုးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ၊ကမ္ဘာကျော် စတန်းဖို့ တက္ကသိုလ်တွင် ဓါတ်ပုံပြပွဲတစ်ရပ် ကျင်းပခဲ့ကြောင့် သီတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ဓါတ်ပုံပြပွဲ ဖွင့်လှစ်တဲ့အခန်းအနားမှာ ကုလသမဂ္ဂပြန်ကြားရေးနဲ့ပြည်သူဆက်သွယ်ရေးဌာန မှ တ၀န်ရှိသူ မစ္စတာ ကီရိုအာဆာကာက

'' ဦးသန့် သည် ယုံကြည်ချက် ခိုင်မာသူတစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ ကုလ အကြီးအကဲ တစ်ဦး အဖြစ်သော်လည်းကောင်း၊ ဂုဏ်ပြုထိုက်သူတစ်ဦး ဖြစ်သောကြောင့် ယခုကဲ့သို့ ဓါတ်ပုံပြပွဲ ကျင်းပရခြင်းဖြစ် ''ကြောင်း ပြောကြားသွားခဲ့သည်။

ဆက်လက်၍ ၄င်းကပင်
'' ဦးသန့်သည် အမြော်အမြင်ကြီးမားပြတ်သားသူတစ်ဦးဖြစ်ပီး ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နေရာ အသီးသီးမှ ပြည်သူများ၏ မျော်လင့်ချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော အဖွဲ့ကြီး တစ်ခု အဖြစ် သတ်မှတ်ယုံကြည်စေခဲ့သူ ...ကုလ၏ ရှေ့ဆောင်
အကြီးအကဲ တစ်ဦး ဖြစ် '' ကြောင်း ပြောကြားခဲ့ပါတယ်။


'' ဒီကနေ့ ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖြတ်ရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းကြီးတွေ အတော်များများဟာ ဦးသန့်ကိုယ်တိုင် ထူထောင်ပေးခဲ့လို ပေါ်ပေါက်လာခဲ့တာပါ ''ဟု
၎င်းက ပင် ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

ထို့ပြင်..
''၁၉၆၁ ခုနစ်မှ ၁၉၇၁ ခုနစ် အထိ ဆယ်နှစ်တာကာလ ကုလ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း
ဦးသန့်သည် ကမ္ဘာပေါ်တွင်လူသားတို့အားအကျိုးပြုစေခဲ့သော ကြီးမားသော အပြောင်းအလဲ ကြီးများ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည်''ဟု သီတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုခဲ့ပါတယ်။

တစ်ဖန် ..ကုလ ပြောခွင့်ရ ပုဂိုလ်တစ်ဦးက
'' ဦးသန့်ဟာ အတိုင်းအဆ များပြားလွန်းစိန်ခေါ်မှုကြီးတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ကျူးဘား ဒုံးကြည်အရေးအခင်းကိစ္စ၊
ဗီယက်နမ် စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပေါ်ထွန်းရေး ကိစ္စ၊ တော်အာဖရိက လူမျိုးရေး ခွဲခြားမှု ကိစ္စ၊ စတာတွေကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့တဲ့ သံတမန်ကြီးတစ်ဦးပါဘဲ..''..လို့ ပြောကြားသွားခဲ့ပါတယ်။

ထိုပြင် ဦးသန့်သည် ကုလကြီးအတွက် အလွန်မှတ်သားလေးစားလိုက်နာဖွယ်စကားကို မြွက်ကြားခဲ့သူ လည်းဖြစ်သည်။
ဦးသန့်က ....မိန့်ဆိုသည်မှာ...

'' လူသားဖြစ်တည်မှူ နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာများထက် များစွာ သာလွန်ပါသည်။
အစိုးရများ၊ နိုင်ငံရေးစနစ်၊ နှင့်အိုက်ဒီယာများဟူသာ် ဖြစ်ပျက်သဘော မျှသာ ဖြစ်ပြီး လူသားဖြစ်တည်မှူသည်သာလျှင် ကျန်ရှိပါမည်'' ဟု ဆိုခဲ့သည်။
ထိုစာတမ်းသည်.....
ယနေ့ကုလသမဂ္ဂကြီး၏ အသက်ဝိညာဉ်ဖြစ်စေမည့် ၊ ကုလကြီး အသက်ဆက်လက်ရှင်သန်စေမည့် မိန့်ဆိုချက်ပင် ဖြစ်တော့သည်။

Referance;
The Voice weekly Journal
from internet news

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမာှးစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။

ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........
တတိယ ကမ္ဘာစစ်~သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာ
တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာ
အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
အေ၇ှ့အလယ်ပိုင်း အရေးအခင်း
ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
ကမ္ဘာ့လောင်စာ ပြဿနာ
တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ....

အခြားကိစ္စများ ဖြစ်ကြသည်။
ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။

ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်

၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။

၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။

ဦးသန့်အမှတ်တရများ

အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။

ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊
အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥင်္မှုး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။


ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။

U Thant Island ဦးသန့်ကျွန်း

အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။



Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ


Taman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.


ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။

ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။



အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုပ္မဏီက အေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနုန်းတန်းတူသတ်မှတ်သည်။






U Thant Peace Award
ဦးသန့်ငြိမ်းချမိးရေးဆု
ဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။

25 November, 2009

အနုပညာရှင်တွေရဲ့ အကောင့်

luckyboy1922@gmail.com - အောင်ရဲလင်း
huntunsinger@gmail.com  - ဟန်ထွန်း
waihlian.89@gmail.com - ဝေလျှံ
hanzamoewin@gmail.com - ဟန်ဇာမိုးဝင်း
mha.yatha@gmail.com - ရသ
joukjack.mha@gmail.com, myanmarteens@gmail.com - ဂျောက်ဂျက်
natdoe@gmail.com - သားစိုး
linnith82@gmail.com - လင်းနစ်
tharhelay@gmail.com  - ဟဲလေး
mha.kyatpha@gmail.com - ကြက်ဖ
ivxq1256@gmail.com - ရဲလေး
vipbachit@gmail.com - ကျော်ထွဋ်ဆွေ
saisaikhamhkaing@gmail.com  - စိုင်းစိုင်းခမ်းလှိုင်



hannwai1987@gmail.com - Jenny
star.supanhtwar@gmail.com - ဆုပန်ထွာ
cutie.nansu@gmail.com - နန်းစုရတီစိုး
chitmyatnoethant@gmail.com - ကြိုးကြာ
babytr@gmail.com - သီရိ (Bambino)
Einway@gmail.com - အိနွေ (Bambino)
wynesu.december@gmail.com - ၀ိုင်းစုခိုင်သိန်း
eaindra@gmail.com - အိင်္ဒြာကျော်ဇင်
khinnanhtike@gmail.com - ခင်နန်းထိုက်
cutesweetsmile@gmail.com - ဇူးဇူးမောင်
phyupan@gmail.com - ပန်းဖြူ
miemie14@gmail.com - မိုးဟေမာန်ခင်
lovelyromanticgirl@gmail.com - မယ်လိုဒီ

အံဖွယ်မြန်မာ့ပုလင်းဘုရား

ဘုရားအထက်ပစ္စယံပေါ် မိန်းမတွေတက်ရင် ငရဲကြီးသလား


မထူးပေမယ့် ခြားနားခြင်း

(ဆရာတော်ဦးကေလာသ - အလိုတော်ပြည့်ကျောင်း၊ အေရီဇိုးနား)



ငလျင်လှုပ်ရတဲ့ ဗုဒ္ဓသင်္ကန်း



ငရဲကြီးဖို့ ကျားမ မခွဲခြားပါဘူး။ စိတ်ထားသာအဓိကပါ။ ဘုရားပေါ်ကို
တက်ရုံနဲ့ ငရဲကြီးတယ်ဆိုရင် ယောက်ျားတွေတက်လည်း ငရဲကြီးရမှာပေါ့။
အထက်ပစ္စယံပေါ်မှာ ရည်းစားနဲ့ချိန်းတွေ့ပြီး ဘုရားဖူးတွေ
မျက်စိကျိန်းအောင်လုပ်ရင်တော့ ဘယ်သူမဆို ငရဲကြီးမှာပေါ့။
အမျိုးသမီးတွေကို ရဟန်းပြုခွင့်ပေးတာ၊ ရဟန်းမိန်းမတွေကိုလည်း အဂ္ဂသာဝိကာ
အမြတ်ဆုံးဧတဒဂ်ပေးတာ၊ အမျိုးသမီး ရဟန္တာဖြစ်ရင် အမျိုးသားရဟန္တာနဲ့တန်းတူ
လောကရဲ့ပူဇော်အထူးကို ခံထိုက်တာတွေဟာ ဘာသာရေး မှာ မိန်းမယောက်ျား
မခွဲခြားလို့ပေါ့။ ဗုဒ္ဓဒေသနာအရ အယုတ်အမြတ်ဆိုတာ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊
အသားအရောင်၊ ဇာတ်ဆိုတာတွေနဲ့မပတ်သက်ဘူး။ မြတ်စွာဘုရားဟာ သေပြီး
ပုပ်ဆွေးနေပြီဖြစ်တဲ့ ပုဏ္ဏာအမည်ရှိတဲ့ကျွန်မရဲ့
အလောင်းကိုပတ်ထားတဲ့ပိတ်စကို ကိုယ်တိုင်ခွာယူ၊ မြစ်ထဲမှာ
ကိုယ်တိုင်လျှော်ဖွပ်ပြီး ကိုယ်တိုင် သင်္ကန်းချုပ်ဆိုး ၀တ်ရုံတော်မူပါတယ်။
ပိတ်စကိုအလောင်း ကောင်ကခွာစဉ်မှာ မြေကြီးက အံ့ချီးပြုတဲ့အနေနဲ့
ငလျင်တောင်လှုပ်သတဲ့။ ဒီသင်္ကန်းဟာ အမွန်မြတ်ဆုံးလည်း ဖြစ်ပါသတဲ့။



ပုဏ္ဏာဟာ ကျွန်လည်းဖြစ်တယ်။ မိန်းမလည်းဟုတ်တာပဲ။ ဗုဒ္ဓက သကျမျိုး၊ မင်းသား၊
တစ်လောကလုံးရဲ့ အမြတ်ဆုံးပုဂ္ဂိုလ်။ ဗုဒ္ဓဟာ ပရမတ္ထ၀ါဒီ
(အရှိကိုအရှိအတိုင်းမြင်တဲ့ပုဂ္ဂ
ိုလ်) စစ်စစ်ပါ။ ဒါကိုသတိပြုမိရင်
အမျိုးသမီးတွေ ဘုရားငြမ်းပေါ်ကို မတက်ရဆိုရင် ဆီလျောင်တဲ့
အကြောင်းပြချက်ရှိနိုင်ပေမယ့် “အမျိုးသမီးရွှေတိဂုံဘုရား အထက်ပစ္စယံပေါ်ကို
မတက်ရ” ဆိုတာမျိုး အတွက်တော့ ခိုင်လုံတဲ့အကြောင်းပြချက်မရှိနိုင်ပါဘူး။



ခြားနားချက်တော့ရှိမယ်

ယောက်ျားမိန်းမလို့ ကွဲပြားနေရတာကိုက ခြားနားတဲ့သဘာဝကြောင့်မဟုတ်လား။
ကမ္ဘာအေးမှာနေ တုန်းက ညနေလမ်းလျှောက်တော့ ခုနစ်နှစ် ရှစ်နှစ်အရွယ်
ကောင်လေးနဲ့ကောင်မလေး (မောင်နှမ ဖြစ်နိုင်တယ်) နှစ်ယောက် ဂေါက်ကွင်းဖက်က
ဘဲဥကန်ဖက်ကို ပြေးလာတယ်။ ကောင်လေးက
ခါးလောက်မြင့်တဲ့သံဆန်ကာခြံစည်းရိုးကို ခုန်တက်ပြီး ဒီဘက်ကို
လွယ်လွယ်လေးခုန်ချနိုင်တယ်။ ကောင်မလေးကလည်း ကောင်လေးကိုတုပြီး
အားကျမခံခုန်တက်တယ်။ ဒါပေမဲ့ သံတိုင်နဲ့ ဂါဝန်စွန်း ချိတ်မိပြီး
မှောက်လျက်လဲကျတယ်။ ဂါဝန်လည်းပြဲတယ်။ ပင်လယ်ကွေ့စစ်ပွဲတုန်းက အမေရိကန်
လေတပ်ကဗုံးကြဲလေထီးမယ်တွေ ရန်သူ့လက်ထဲရောက်သွားတော့ မိန်းမဟာမိန်းမပဲ။
ကြောင်ထီးဟာ ပြိုင်ဖက်အခြားကြောင်ထီးတွေနဲ့ တိုက်ခိုက်တဲ့အခါ
သူသေကိုယ်သေပဲ။ ဒါပေမဲ့ ချစ်သူကြောင်မ ကုတ်ဖဲ့တာကိုတော့
ဘာမှမတုံ့ပြန်ဘူး။ ဒီသဘာဝကိုမြင်နိုင်ရင် ပရမတ္ထတရားရဲ့ အခြားတစ်ဖက်မှာ
အဖိုနဲ့အမ နက်နဲတဲ့ခြားနားချက်တွေရှိနေတာ သေချာတယ်။
အမျိုးသားတွေနဲ့ရင်ဘောင်တန်းဖြစ်ဖို့ ဘယ်လောက်ပဲအရေးဆိုစေ
အားလုံးထပ်တူတော့ မဖြစ်နိုင်ဘူး။ အမျိုးသမီးတွေအားလုံး အမျိုးသားတွေရဲ့
အကျင့်စရိုက်လိုဖြစ်ကုန်ပြီဆိုရင်လည်း လောကကြီးဟာ ကမ္ဘာဦးခေတ်ကို
ပြန်ရောက်သွားနိုင်တယ်။ အမျိုးသမီးတစ်ယောက် လမ်းပေါ်မှာ
ဝတ်လစ္စလစ်အိပ်နေလို့ သင့်တော်နိုင် ပါ့မလား။ ယောက်ျားကတစ်ပြိုင်နက်
မိန်းမနှစ်ယောက်ယူတာ၊ မိန်းမက တစ်ပြိုင်နက် ယောက်ျားနှစ်ယောက်ယူတာ ဘယ်ဟာက
အခြေအနေပိုဆိုးမလဲ။



ဒီခြားနားချက်တွေကို မြတ်ဗုဒ္ဓ မသိကျိုးကျွံ ပြုတော်မမူဘူး။ မြတ်ဗုဒ္ဓဟာ
အဲဒီ လောကအထာနဲ့ ကိုက်ညီမယ့် ဘိက္ခုနီ (ရဟန်းမ)တွေအတွက်
သီးခြားစည်းကမ်းလေးတွေ ပညတ်ပါတယ်။ ရဟန်းမတွေ ရဟန်းမပြုခင်
အထူးလိုက်နာရမယ့် စည်းကမ်း ၈ ခုထဲမှာ ရဟန်းမိန်းမတွေ သိက္ခာ ဘယ်နှဝါရရ
(၀ါဘယ်လောက်ကြီးကြီး) ယနေ့ပြုတဲ့ ရဟန်းပေါက်စကို ရှိခိုးရမယ်ဆိုတာပါတယ်။
ဒါလည်း အမျိုးသမီးတွေကို နှိပ်တဲ့သဘောမျိုးမဟုတ်နိုင်ဘူး။ ဂုဏ်ရည်တူရင်
ယောက်ျားတွေထက် ဘ၀င်မြင့်တက်တဲ့ အမျိုးသမီးသဘာဝ (အထူးသဖြင့် မိထွေးတော်
ဂေါတမီလို မာန်ကြွတဲ့ သကျမျိုး မိန်းမတွေ) ကြောင့်
မဂ်ဖိုလ်ကိုတကယ်ရချင်တဲ့ အမျိုးသမီးတွေကို ဦးစွာမာန်မာန ချိုးနှိမ်ဖို့
ရည်ရွယ်ခဲ့တာ ဖြစ်နိုင်တယ်။ (သကျမင်းသားခြောက်ယောက်ရဟန်းပြုစဉ်က)
ဆံသလုလင် ဥပါလိကို အရင်ရဟန်းပြုခိုင်းတာ ကလည်း ကိုယ့်ရဲ့အမျိုးမာန်
ပညာမာန် ရာဇမာန်တွေကို ချိုးနှိမ်ဖို့ရည်ရွယ်ခဲ့ တာပဲ။



ခြားနားတဲ့ယဉ်ကျေးမှုတွေ



သီရိလင်္ကာဘုန်းကြီးနဲ့အတူ သီရိလင်္ကာအိမ်ကို ဆွမ်းစားလိုက်သွားဖူးတယ်။
ဆွမ်းစားပြီးလို့ ပရိတ်ရွတ်မယ်လုပ်တော့ အိမ်ရှင်မိန်းကလေးက ဇတ်ကနဲဆို
ဘုန်းကြီးတွေဖက် ခြေဆင်းပြီး ထိုင်ချ လိုက်တယ်။ ၀တ်ထားတဲ့ဂါဝန်က
ဒူးခေါင်းဖုံးရုံလေး။ လက်အုပ်တော့ချီထားပါတယ်။ ဒါ သူတို့ ယဉ်ကျေးမှုပဲ။
မြန်မာမိန်းကလေးဘုန်းကြီးရှေ့ ဒါမျိုးလုပ်ရင် ရိုင်းတယ်ဆိုမှာပေါ့။
လူနာရှင်ဟာ ဆေးကို လက်ခလယ်နဲ့ဖျော်ရင် လူနာလပ်ကီး ဆေးထိမယ်ဆိုတဲ့
သဘောလို့ မြန်မာဗိန္ဓောဆရာတွေက ယူဆတယ်။ အမေရိကမှာတော့ လူတစ်ယောက်ကို
ကျန်လက်ချောင်းတွေကိုစုကွေးပြီး လက်ခလယ်တစ်ချောင်းတည်းကို ထောင်ပြရင်
ပြတဲ့လူ သေနတ်နဲ့ တောင်ပစ်သတ်ခံရနိုင်တယ်။ အဲဒီလို လုပ်ပြတာဟာ
ယောက်ျားအင်္ဂါပုံကို လုပ်ပြသလိုမျိုးတဲ့။ စကားမစပ် မြန်မာရုပ်ရှင် နှစ်ခု
သုံးခုမှာ မင်းသားက မင်းသမီးကို အဲဒါမျိုးလုပ်ပြတာ တွေ့ဖူးတယ်။
(မြန်မာ့ရုပ်ရှင် အဆင့်မြင့်ရေးအတွက် ဒါရိုက်တာတွေ သတိထားဖို့ပါပဲ။)
ဖိနစ်စ်မြို့ ရုက္ခဗေဒဥယျာဉ်ကို သွားတုန်းက
ဗုဒ္ဓဘာသာကိုရီးယားအဘိုးကြီးတစ်ယောက်နဲ့တွေ့တယ်။
ဘာသာရေးတော်တော်ကိုင်းရှိုင်းပုံပဲ။ သူက ဘုန်းကြီးကို သစ်ပင်တွေကို
ခြေထောက်နဲ့ထိုးပြတယ်။ စပ်ဖျင်းဖျင်းတော့ ခံစားမိရဲ့။
မြန်မာရှုထောင့်နဲို့ရင် အဲဒီလူ ငရဲကြီးမှာပဲ။ ဒါကြောင့် စိတ်ထားကိုပဲ
ဘုန်းကြီးညွှန်းတာပေါ့။ အဲဒီလို ခြားနားတဲ့ရှေးရိုးယုံကြည်စွဲလမ်းမှုတွေကို
အခြေပြုတဲ့ကျားမ ခွဲခြားမှုတွေ ရှိရာကနေ ဘာသာတရားနဲ့ရောထွေးသွားပြီး
ဘုရားပေါ်မိန်းမမတက်ရ ဆိုတာမျိုးတွေ ဖြစ်လာပုံရတယ်။



အယူအဆပြောင်းလဲခြင်း



ဝိနည်းမသင်ဖူးတဲ့ တောထွက်ကိုယ်တော်တစ်ပါးနဲ့ အတူနေဖူးပါတယ်။
ဆွမ်းစားနေတုန်း အကပ်ခံပြီးသား ဆွမ်းဟင်းခွက်ကို လူတွေ မမီအောင်လို့
ဘုန်းကြီးနားကိုတိုးပေးရင် ငယ်ပါကို သံစူး သလောက်စိတ်ဆိုးတာပဲ။ သူက
ဆရာကြီးဆိုတော့လည်း ကြည့်နေရတာပေါ့။ ပတ်သက်သူ ဒကာ ဒကာမတွေလည်း
ကပ်ပြီးသားကို မကိုင်ကောင်းဘူးလို့ပဲ နားလည်နေကြပြီ။ ကြာရင် အဲဒီ ၀ိနည်း
မဟုတ်တဲ့ ၀ိနည်းဟာ ၀ိနည်းအစစ်လိုဖြစ်သွားနိုင်တယ်။ (“စွန့်ချပေးလု ပစ္စု
လိင်ပြန် ဤခြောက်တန် ကပ်ခံပျက်ကြောင်းတည်း”တဲ့။ တော်ပြီ
လို့စွန့်လိုက်ရင်၊ လူထွက်ရင်၊ စားနေဆဲ လူသာမဏေကို ပေးလိုက်ရင်၊
အလုခံရရင်၊ ဘုန်းကြီးသေရင်၊ ဘိက္ခုကနေ ဘိက္ခုနီပြောင်းသွားရင် ဒီ ၆
မျိုးကြောင့်ပဲ အကပ်ပျက်တာပါ။) ယိုးဒယားမှာ အမျိုးသမီးလက်ထဲက
အလှူပစ္စည်းကို ဘုန်းကြီးက လက်နဲ့ထိပြီး အလှူမခံဘူး။ သင်္ကန်းရောင်
ပိတ်စရှည်လေးနဲ့ထိပြီး ခံယူရတယ်။ ဒါပေမဲ့ ၀ိနည်းအမှန်မှာ အဲလို
လုပ်စရာမလိုဘူး။ ဒါလည်း ခုနက တောထွက်လို ဟန်လုပ်ပြီး
ဝိနည်းကိုလေးစားပြရာကနေ ပြောင်းလဲ သွားတဲ့အယူအဆဖြစ်နိုင်တယ်။ (ဆက်ကပ်သူဟာ
မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဘုန်းကြီးအနေနဲ့ ခန္ဓာကိုယ်နဲ့
ဒါမှမဟုတ်ကိုယ်နဲ့ ထိစပ်နေတဲ့ပစ္စည်းနဲ့ ခံယူကောင်းပါတယ်။)



တစ်ခုတော့ရှိတယ်။ လေးစားလွန်းလို့ ဆရာတော်ကြိးတွေ ဘုဉ်းပေးနေတုန်း
ဆွမ်းခွက်ကို ဟိုကိုင် ဒီရွှေ့မလုပ်ဘူး၊ ဘုန်းကြီးကိုကြည်ညိုလွန်းလို့
ဒကာမတွေက ဘုန်းကြီးလက်ထဲကို အလှူပစ္စည်းကို မထည့်ဘူးဆိုရင်တော့
ကိုယ့်သဘောပဲ။ ၀ိနည်းနဲ့တော့မဆိုင်ဘူး။ ရတနာသုံးပါးကို အထွတ်အမြတ်
ထားလွန်းရာကနေ တည်ရှိပြီး ရိုးရာယုံကြည်မှုတွေနဲ့ရောပြီး ဒီအထွတ်အမြတ်
နေရာတွေကို မိန်းမ မတက်ရ မ၀င်ရဆိုတဲ့အထိ ယုံကြည်မှုပြောင်းလဲသွားခဲ့တာလည်
ဖြစ်နိုင်တယ်။



အ၀ိရောဓိ (မဆန့်ကျင်တဲ့)အမြင်



ဗုဒ္ဓ၀ါဒရှုထောင့်အရ ယောက်ျားတက်ခွင့်ရတဲ့ ဘုရားပေါ်ကို မိန်းမတက်လို့
ငရဲမကြီးဘူးလို့မှတ်ဖို့ပါ။ မိန်းမ မတက်ရကန့်သတ်ချက်ဟာ
ရိုးရာစွဲကိုအခြေခံနိုင်သလို ရတနာသုံးပါးကို လေးစားလွန်းရာကနေ
ပြောင်းလဲသွားတဲ့ အယူအဆလည်း ဖြစ်နိုင်တယ်။ စေတီဘုရားစတဲ့ နေရာအချို့မှာ
မိန်းမ မတက်ရ၊ မိန်းမမ၀င်ရ ဆိုတာဟာ ရှိပြီးယုံကြည်စွဲလမ်းမှု အခြေခံနဲ့
ရာစုနှစ်တွေချီပြီး ကြာနေပြီဖြစ်တဲ့ တားမြစ်ချက် ဖြစ်နိုင်ပါတယ်။
မိန်းမတွေတက်လို့ ၀င်လို့ မရှေးမနှောင်းမှာ တိုက်ဆိုင်မှုဆိုးကျိုး
တစ်ခုခု ဖြစ်ရင် ဒါကြောင့်ပဲလို့ ယိုးမယ်စွဲကြမှာပဲ။ ဒါကြောင့်
မိန်းမတွေတက်ခွင့်ပြုဖို့ အရေးဆိုမယ် ဆိုရင်တောင် လူတွေနားလည်လက်ခံအောင်
ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရပါလိမ့်ဦးမယ်။ ကျားမ မခွဲပါဘူးဆိုတဲ့
အမေရိကမှာတောင် အမျိုးသမီးသမ္မတဖြစ်ဖို့ မလွယ်သေးဘူး။ အမေရိကန် ပြည်တွင်း
လေယာဉ်တွေကို ဘုန်းကြီးတို့စီးရင် များသောအားဖြင့် အထူးစစ်ခန်းကို
သွားရတယ်။ ခြားနားတဲ့ ယဉ်ကျေးမှုကြောင့် အမြင်မတူလို့ ယောက်ျားဖြစ်လျက်နဲ့
အဲဒီလို ခွဲခြားဆက်ဆံခံရသေးတာပဲ။ အချိန်ကို စောင့်ပါဦး။
လူငယ်မျိုးဆက်သစ်တွေ ဂေါပကလူကြီးဖြစ်လာချိန်မှာ ရွှေတိဂုံဘုရား
အထက်ပစ္စယံမှာ အမျိုးသမီးတွေ ပုတီးစိပ်ခွင့် ရကောင်းရပါလိမ့်မယ်။




--~--~---------~--~----~------------~-------~--~----~
Thanks for reading the message,
Although some mails are repeated frequently.
If you can get something good or bad from this group,
It is the meaning of existing this group.
Best regards.
-~----------~----~----~----~------~----~------~--~---

24 November, 2009

တီထွင်မှုလေးများ

ကင်မရာ

တီထွင်သူ ....၀ီလျံတောလ်ဘော့စ် ၊ လူးဝစ်စ် ဒက်ဂူရီ ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၈၃၅ ၊ ၁၈၃၉ ။
ရည်ရွယ်ချက်.....အမြဲစွဲထင်မယ့် ပုံရိပ်များဖန်တီးရေး ။
တိုးတက်မှူရလဒ်......ယနေ့ခေတ် ကင်မရာများ ။

ကွန်ပျုတာ

တီထွင်သူ ....ချားလ်စ် ဘက်ဘေ့ခ်ျ ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၈၂၃ ။
ရည်ရွယ်ချက်.....ရှည်လျားစွာတွက်ချက်စစ်ဆင်နိုင်ရေး ။
တိုးတက်မှူရလဒ်......အသိပညာ နှင့် အီလက်ထရောနစ်ကွန်ပျုတာများ ။

ကော်ဖီ

တီထွင်သူ ....အဆီးနီးယား နိုင်ငံသားများ ။
လူမျိုး .......... အာဖရိကန် ။
ခုနှစ်............၁၀ ရာစု။
ရည်ရွယ်ချက်..... ဖျော်ရည်လုပ်နိုင်ရေး ။
တိုးတက်မှူရလဒ်......ချောကလက် ၊ အဖျော်ရည်စုံ ။

ခဲတံ

တီထွင်သူ ....ဖက်ဘာမိသားစု ၊ အဲန်ဂျေကွန်တီ ။
လူမျိုး ..........ဂျာမန် ။
ခုနှစ်............၁၇၆၀ ၊ ၁၇၉၅ ။
ရည်ရွယ်ချက်.....စာရေးရန် ။
တိုးတက်မှူရလဒ်......ဖန် ၊ အ၀တ် ၊ ပလတ်စတစ်မှာရေးတဲ့ ခဲတံများ ။

အက်တမ်

တီထွင်သူ ....ဂျွန်ဒေါ်လန်တန် ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၈၀၃ ။
ရည်ရွယ်ချက်.....ရုပ်ကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာလေ့လာရေး ။
တိုးတက်မှူရလဒ်......အက်တမ်သီအိုရီ ၊ အက်တမ်စွမ်းအင် ၊ အဏုမြုဓတ်ပေါင်းဖို ။

ဟယ်လီကော်ပတာ

တီထွင်သူ ....ပေါလ်ကောနု ။
လူမျိုး ..........ပြင်သစ် ။
ခုနှစ်............၁၉၀၇ ။
ရည်ရွယ်ချက်.....လေထဲတိုက်ရိုက်တက်နိုင်ရေး ။
တိုးတက်မှူရလဒ်......ခက်ခဲတဲ့နေရာတွေမှာ လူသားတွေဆက်းသက်နိုင် ။

သာမိုမီတာ

တီထွင်သူ ....ဂယ်လီလီယို ။
လူမျိုး ..........အီတာလီယန် ။
ခုနှစ်............၁၅၉၂ ။
ရည်ရွယ်ချက်.....အပူတိုင်းဖို့ ။
တိုးတက်မှူရလဒ်......ခေတ်မီလျှပ်စစ်သုံး အပူတိုင်းကိရိယာ ။

သေဘာၤ

တီထြင္သူ ....ေရွးလူၾကီမ်ား ။
လူမျိုး ..........အီဂျစ်ရှင်း ။
ခုနှစ်............ရာစုနှစ်ပေါင်းများစွာက ။
ရည်ရွယ်ချက်.....ပင်လယ်ကို ဖြတ်သန်းသွားလာရေး ။
တိုးတက်မှူရလဒ်......ယနေ့ခေတ်သဘောင်္ ။

လျှပ်စစ်မီး

တီထွင်သူ ....ဆာဟပ်ဖရီဒေဗီ ၊ ဂျေ ၊ ဒတ်ဘယ်လ်ယူစတား ။
လူမျိုး ..........အင်္ဂလိပ် ၊ အမေရိကန် ။
ခုနှစ်............၁၈၀၂ ၊ ၁၈၄၅ ။
ရည်ရွယ်ချက်.....အိမ်မီး ၊ လမ်းမီးထွန်းရန် ။
တိုးတက်မှူရလဒ်......ယနေ့ရောင်စုံမီးများ ။

ရောင်ခြည်

တီထွင်သူ ....၀ိုင်ဟဲမ် ရွန်ဂျင် ။
လူမျိုး ..........ဂျာမန် ။
ခုနှစ်............၁၈၉၅ ။
ရည်ရွယ်ချက်.....ဓတ်မှန်ရိုက်ကူးရေး ။
တိုးတက်မှူရလဒ်......နည်းပညာ ၊ စက်မှု ၊ဆေးဝါးအတွက် အရေးပါတဲ့ ရောင်ခြည် ။

မီးခြစ်ဆံ

တီထွင်သူ ....ရောဘတ်ဘွိုင်လီ ၊ ဂျွန်ဂေါ့တာ ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၆၈၁ ။
ရည်ရွယ်ချက်.....မီးထုတ်လုပ်ရေး ။
တိုးတက်မှူရလဒ်......မီးခြစ်အမျိုးမျိုး ။

မီးရထား

တီထွင်သူ ....ဂျော့စတီဗင်ဆင် ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၈၂၅ ။
ရည်ရွယ်ချက်.....ခရီးသည်နဲ့ ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေး ။
တိုးတက်မှူရလဒ်......ဒီဇယ်ရထား ၊ လျှပ်စစ်ရထား ။

ဖဲချပ်

တီထွင်သူ ....ရှေးလူများ ။
လူမျိုး ..........တရုတ် ၊ အင်ဒီယန် ။
ခုနှစ်............ရှေးလွန်သောအခါက ။
ရည်ရွယ်ချက်.....ဖျော်ဖြေ ၊ လှည့်စားတွက်ဆရတဲ့ ကစားနည်း ။
တိုးတက်မှူရလဒ်......ကစားနည်းအမျိုးမျိုး ။

ဆေးပညာရဲ့ ဖခင်ကြီး

တီထွင်သူ ....ဟစ်ပရို ခရေးတီး ။
လူမျိုး ..........ဂရိ ။
ခုနှစ်............ဘီစီ ၄၀၀ ။
ရည်ရွယ်ချက်.....ဆေးပညာလေ့လာရေး ။
တိုးတက်မှူရလဒ်......ခေတ်မှီသော ဆေးဝါးများ ။

ရီလေတီဗတီ သီအိုရီ

ရှာဖွေတွေ့ရှိသူ....အဲလဗတ် အိုင်းစတိုင်း ။
ရည်ရွယ်ချက်.....ဒြပ်ထုနဲ့ စွမ်းအင်တို့ အညမညဖြစ်မှုကို လေ့လာရေး ။

ရေဒီယမ်

ရှာဖွေတွေရှိသူ ....မာရီကျုရီနဲ့ ပါရီကျုရီ ။
ရည်ရွယ်ချက်.....ရေဒီယိုဒြပ်စင်များကို လေ့လာရေး ။

ရေဒါ

တီထွင်သူ ....ရောဘတ် ၀ပ်ဆင် ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၉၃၅ ။
ရည်ရွယ်ချက်.....ရန်သူ့လေယာဉ်ဝင်လာမှု သတိပေးစေခြင်း ။
တိုးတက်မှူရလဒ်......ရေကြောင်းသုံးကိရိယာ ။

ရေမွှေး

တီထွင်သူ ....ရှေးလူမျိုး ။
လူမျိုး ..........အီဂျစ်ရှင်း ။
ခုနှစ်............လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကျော်က ။
ရည်ရွယ်ချက်.....ရနံ့မွှေးကြိုင်ရေး ။
တိုးတက်မှူရလဒ်......ဓာတုနည်းနဲ့ ဖော်စပ်ထားတဲ့ ရေမွှေး ။

မျက်မှန်

တီထွင်သူ ....အာလ်ဟာဇန် ။
လူမျိုး ..........အရေးဘီးယန်း ။
ခုနှစ်............၁၀ ရာစု ။
ရည်ရွယ်ချက်.....မြင်ကွင်းရှင်းရေး ။
တိုးတက်မှူရလဒ်......တောင်တက်မျက်မှန် ၊ ၀င်ရိုးစွန်းသုံးမျက်မှန်များ ။

ဖောင်တိန်

တီထွင်သူ ....အမေရိကန် ။
ခုနှစ်............၁၈၈၀ ။
ရည်ရွယ်ချက်.....မင်ထည့်ပြီး စာရေးဖို့ ။
တိုးတက်မှူရလဒ်......ဖောင်တိန် ၊ ဘောပင် နဲ့ အခြား ။

စက်ရုပ်

တီထွင်သူ ....ပိုင်ရာဂျီ ဂျက်ကွက် ဒရော့စ် ။
လူမျိုး ..........ဆွီဒစ်ရှ် ။
ခုနှစ်............၁၇၇၀ ။
ရည်ရွယ်ချက်.....လူသားတို့ အလုပ်စေခိုင်းခြင်း ။
တိုးတက်မှူရလဒ်......စက်ရုံသုံးစက်ရုပ်များ ။

အလံ

တီထွင်သူ ..ရှေးလူများ ..။
လူမျိုး ..ဂရိ ၊ ရိုမန် ။
ခုနှစ် ..ရှေးတုန်းက ။
ရည်ရွယ်ချက် ..စစ်ပွဲကာလအတွင်း အထိမ်းအမှတ် ။
တိုးတက်မှုရလဒ် ...နိုင်ငံတောင်္အလံများ ။

လက်ရေးတို

တီထွင်သူ ..အိုက်ဆစ်ပစ်တ်မန်း ။
လူမျိုး ..အင်္ဂလိပ် ။
ခုနှစ် ..၁၈၃၇ ။
ရည်ရွယ်ချက် ..လျင်မြန်စွာရေးသားနိုင်ရေး ။
တိုးတက်မှုရလဒ် ...ခေတ်မီလက်ရေးတိုရေးနည်းများ ။

ဆပ်ပြာ

တီထွင်သူ ..ဂေါလများ ။
လူမျိုး ..ရိုမန် ။
ခုနှစ် ..အေဒီ ၁ ရာစု ။
ရည်ရွယ်ချက် ..တကိုယ်ရေ သန့်ရှင်းရေး ။
တိုးတက်မှုရလဒ် ...ရှန်ပို အစရှိတဲ့ ခေတ်မှီဆပ်ပြာများ ။

သံလိုက်အိမ်မြှောင်

တီထွင်သူ ..တရုတ်လူမျိုးများ ။
လူမျိုး .....တရုတ် ။
ခုနှစ် ....အေဒီ ၁၀၀၀ ။
ရည်ရွယ်ချက် ..အရပ်ဒေသသိရှိရန် ။
တိုးတက်မှုရလဒ် ...ရေကြောင်းပြကိရိယာ ။

သတင်းစာ

တီထွင်သူ ..တရုတ်လူမျိုးအုပ်ချုပ်သူများ ။
ခုနှစ် ..( ၇ ) ရာစု ။
ရည်ရွယ်ချက် ..ပြည်သူ သတင်းအချက်အလက် သိရှိစေရန် ။
တိုးတက်မှုရလဒ် ...နေ့စဉ်သတင်းစာကြီးများ ။

အသံထက်မြန်တဲ့လေကြောင်း

တီထွင်သူ ...အင်္ဂလိပ်နှင့် ပြင်သစ် ပူးတွဲ ။
လူမျိုး........အင်္ဂလိပ် နှင့် ပြင်သစ် ။
ခုနှစ် ........၁၉၆၉ ။
ရည်ရွယ်ချက် ....အသံထက်မြန်အောင်ပျံသန်းနိုင်ရေး ။
တိုးတက်မှုရလဒ်....အသံထက်မြန်တဲ့ လေကြောင်းလိုင်းများ ။

ဂဏန်းတွက်စက်

တီထွင်သူ ...ဘလိုင်းဆီး ပက်စကယ် ။
လူမျိုး........ပြင်သစ် ။
ခုနှစ် ........၁၆၄၂ ။
ရည်ရွယ်ချက် ....ပေါင်း နှုတ် မြောက် စား ။
တိုးတက်မှုရလဒ်....လျှပ်စစ် ဂဏန်းတွက်စက်များ ။

ခြေတု လက်တုများ

တီထြင္သူ ...အမ္ဘေရာ္စီ ပါရီ ။
လူမျိုး........ပြင်သစ် ။
ခုနှစ် ........၁၆ ရာစုအတွင်း ။
ရည်ရွယ်ချက် ....ခြေတု လက်တုများတပ်ဆင်ပေးရေး ။
တိုးတက်မှုရလဒ်....အခြားကိုယ်ခန္ဓာ အစိတ်ပိုင်းအတုများ ။

မိုးပျံတိုက်

တီထွင်သူ ...၀ီလျံ လေး ဘာရွန် ဂျင်နီ ။
လူမျိုး........အမေရိကန် ။
ခုနှစ် ........၁၈၅၃ ။
ရည်ရွယ်ချက် ....မြေနေရာ ပိုမိုရရှိရေး ။
တိုးတက်မှုရလဒ်....ခောတ်မီ မိုးပျံတိုက်ကြီးများ ။

ပလတ်စတစ်

တီထွင်သူ ...အလက်ဇန္ဒား ပတ်ခေဒစ် ။
လူမျိုး........အင်္ဂလိပ် ။
ခုနှစ် ........၁၈၆၀ ခန့် ။
ရည်ရွယ်ချက် ....တိရိစ္ဆာန်ချို အတုလုပ်ရေး ။
တိုးတက်မှုရလဒ်....ဓာတု ပလတ်စတစ်များ ။

ပနယ်စလင်

တီထွင်သူ ...ဆာ အလဇန္ဒားဖလင်းမင်း ။
လူမျိုး........အင်္ဂလိပ် ။
ခုနှစ် ........၁၉၂၈ ။
ရည်ရွယ်ချက် ....ရောဂါပေးတဲ့ ဗက်တီးရီးယား နှိမ်နင်းရေး ။
တိုးတက်မှုရလဒ်....အခြားခုခံဆေးများ ။

ထောပတ်

တီထွင်သူ ...ရှေးလူများ ။
လူမျိုး........ဂရိ ၊ ရိုမန် ၊ အင်ဒီးယန်း ။
ခုနှစ် ........ဟိုးရှေးရှေးက ။
ရည်ရွယ်ချက် ....ကိုးကွယ်မှု ၊ ဆေး ။
တိုးတက်မှုရလဒ်....စွမ်းအင်အတွက် အဓိက အစားစာများ ။

တင်းနစ်

တီထွင်သူ .......ရှေးလူများ ။
လူမျိုး ...........ဂရိ ၊ ရိုမန် ။
ရည်ရွယ်ချက် ..ကျန်းမာပျော်ရွင်ရေး ။
တိုးတက်မှုရလဒ် ....တင်းနစ်အမျိုးမျိုး ။

ဆပ်ကပ်

တီထွင်သူ ....ရိုမန်စ်
ခုနှစ်...........၁၇၀၀ ။
ရည်ရွယ်ချက် ..ရင်ဖိုအောင်ဖျော်ဖြေခြင်း ။
တိုးတက်မှုရလဒ် ....ခောတ်မီဆပ်ကပ် ၊ ကပွဲရုံကြီးများ ။

ဂျော်မေတြီ

တီထွင်သူ .......သေးလ်စ် ။
လူမျိုး ............ဂရိ ။
ခုနှစ် .............ဘီစီ ၆၀၀ ။
ရည်ရွယ်ချက် .. အရာဝတ္ထု ပုံသဏ္ဍန်ကိုလေ့လာခြင်း ။
တိုးတက်မှုရလဒ် ....ဆက်စ်တဲ့န် ၊ သီအိုဒိုလိုက် ၊ တြီဂိုမေတြီ ၊ 3 D လေ့လာခြင်း ။

အမေရိက

တီထွင်သူ ....ခရစ်စတိုဖာ ကိုလံဘတ်စ် ။
လူမျိုး ........စပန်းနစ်ရှ် ။
ရည်ရွယ်ချက် ..နယ်မြေသစ်ရှာခြင်း ။
တိုးတက်မှုရလဒ် ....အမေရိကန်ပြည်ထောင်စု ။

အဘိဓာန်

တီထွင်သူ ....ရစ်ခ်ျတ် ဟူးလိုရက် ။
လူမျိုး .........အင်္ဂလိပ် ။
ခုနှစ် ............ ၁၅၅၂ ။
ရည်ရွယ်ချက် ..ခက်ခဲတဲ့ စကားလုံးများကို ပြောပြစေခြင်း ။
တိုးတက်မှုရလဒ် ....စာလုံးပေါင်းစုံပါဝင်တဲ့ အဘိဓာန်များ ။

တယ်လီဖုန်း

တီထွင်သူ ....အလက်ဇန္ဒား ဂရေဟမ်ဘဲလ်
လူမျိုး .........ကနေဒါ။
ခုနှစ် ............ ၁၈၆၀ ။
ရည်ရွယ်ချက် ..စကားပြောဆက်သွယ်ရေး ။
တိုးတက်မှုရလဒ် ....ယနေ့ခေတ် ဆက်သွယ်ရေး၊ မိုဘိုင်းဖုန်း



18 November, 2009

လေယာဉ်ပျံရေငုပ်သင်္ဘော

ကမ္ဘာ့တိုက်ကြီးများရှိ ပင်လယ်ရေအောက်တွင်ရှိသော အရာများကို စူးစမ်းရှာဖွေရာ၌ အကန့်အသတ်ရှိနေခြင်းအား ချိုးဖျက်နိုင်မည့် ကမ္ဘာပထမဆုံးလေသာဉ်ပုံစံ ရေငုပ်သင်္ဘောထွက်ပေါ်လာပြီဖြစ်သည်။ Super Aviator ဟုအမည်ပေးထားသော ယင်းရေငုပ်သင်္ဘောသည် ရေအောက်အနက်ပေ ၁၀၀၀ အထိဆင်းသက်နိုင်ပြီး အမြန်ဆုံးရေမိုင် ခြောက်မိုင်အထိ မောင်းနှင်နိုင်သည်ဟု သိရသည်။ ခေတ်မှီပြီး ပုံစံဆန်းသစ်သော အလေးချိန် ၃၈၀၀ ပေါင်၊ အရှည်၂၂ ပေရှိသည့်Super Aviator ကိုချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျနှင့် ရစ်ချတ်ဘရန်ဆင်စသော ဘီလျံနာများက ၀ယ်ယူရန် စိတ်ဝင်စားနေကြသည်။ ရေငုပ်သင်္ဘောအများစုက မိုးပျံပူဖောင်းလိုပဲ အပေါ်တက်အောက်ဆင်းပဲ လုပ်နိုင်တယ်။ သူတို့မှာအကန့်အသတ်ရှိတယ်။ Super Aviator မှာ လေသာဉ်ပျံလို တောင်ပံပါတယ်။ လားရာနဲ့ နိမ့်မြင့်ထိန်းချုပ်နိုင်တဲ့ လက်ကိုင်တွေလည်းပါတော့ လွတ်လွတ်လပ်လပ်သွားလာနိုင်တယ်။ ပြီးတော့ ရေအောက်မှာသွားနေတုန်း မြင်ကွင်းကျယ်ကြီးတွေကို အချိန်အကြာကြီးကြည့်ရှုနိုင်လိမ့်မယ်" ဟု အမေရိကန်ရေတပ်တိုက်ခိုက်ရေးနျူကလီးယားရေငုပ်သင်္ဘောတပ်မှူးချုပ်ဟောင်း မက်လာရင်ကပြောကြားခဲ့သည်။ သိပ္ပံပညာရှင်များသည် Super Aviator ကို အသုံးပြု၍ သမုဒ္ဒရာရေအောက် စူးစမ်းလေ့လာရေး ၊ ရေအောက်တွင်နစ်မြုပ်နေသော သင်္ဘောပျက်များကို ရှာဖွေရေးနှင့် ယခင်က သွားရောက်လေ့လာရန်ခက်ခဲသော သန္တာကျောက်တန်းဖွဲ့စည်းပုံကို လေ့လာနိုင်မည်ဖြစ်ကာ ရေအောက်သက်ရှိ သတ္တ၀ါများကိုလည်း ၃၆၀ ဒီဂရီ ရေအောက်မြင်ကွင်းပုံစံဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေရန်နှင့် ဆူညံသံကင်းစေရန်လုပ်ဆောင်ထားပြီး ဘက်ထရီစွမ်းအင်ကို အသုံးပြုထားသည်။ ပေါင်၁ ဒသမ ၅ သန်းတန်ဖိုးရှိသော ယင်းရေငုပ်သင်္ဘောကို Super Aviator System SAS ကုမ္ပဏီက တီထွင်ခဲ့ပြီး ရေအောက်စူးစမ်းရှာဖွေလေ့လာရေးလုပ်ငန်းများကို အဆုံးမရှိလုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု သိရသည်။ Super Aviator ၏ ထိပ်ပိုင်းသည် ရိုးရိုးလေယာဉ်ဦးပိုင်းနှင့် တူညီပြီး လားရာနှင့်နိမ့်မြင့်ထိန်းချုပ်သောလက်ကိုင်၊ သံလိုက်အိမ်မြောင်၊ ပဲ့ထိန်းခြေနင်း၊ အာကွာအဝေးနှင့် အနိမ့်အမြင့်ပြ ကိရိယာများနှင့် အခြားကိရိယာများပါဝင်သည်။

ငယ်ရွယ်စဉ် စိတ်ဖိစီးမှုများလျှင် မျိုးဗီဇပြောင်းလဲသွားနိုင်

ငယ်ရွယ်စဉ်တွင် စိတ်ဖိစီးမှုများလျှင် မျိုးဗီဇပြောင်းသွားနိုင်ကြောင်း ဂျာမနီနိုင်ငံ၊ မက်ပလန့်စိတ်ရောဂါ ကုသမှု ပညာတက္ကသိုလ်မှ သိပ္ပံပညာရှင် ခရစ္စတိုဖာမာဂါထရွိုက် ဦးဆောင်သော အဖွဲ့ကလေ့လာတွေ့ရှိခဲ့သည်။ ယင်းသိပ္ပံပညာရှင်များသည် မွေးကင်စကြွက်ကလေးများကို ကြွက်မိခင်နှင့် ခွဲခွာထားရှိ၍ စမ်းသပ်ခဲ့သည်။ ခွဲခွာထားခံရသော ကြွက်ပေါက်စကလေးများသည် နောက်ပိုင်းတွင် အပြု အမူပိုင်းဆိုင်ရာပြသနာများရှိလာခဲ့သည်။ ကြွက်ကလေးများနှင့်လေ့လာစမ်းသပ်မှုအရ ငယ်စဉ်က စိတ်ဒဏ်ရာနှင့်စိတ်ဖိစီးမှုများသည် မျိုဗီဇများကို ပြောင်းလဲစေပြီး အပြုအမူပိုင်းဆိုင်ရာ ပြသနာများအား ဖြစ်ပေါ်စေနိုင်သည့်လမ်းစများတွေ့ရှိခဲ့သည်။ ကြွက်ပေါက်စလေးများတွင် ကာလကြာရှည်သည် အထိ စိတ်ဖိစီမှုများ ဆက်လက်တည်ရှိနေသည်ဟု သိပ္ပံပညာရှင်များက Nature Neuro science ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။ စိဖိစီးမှုဖြစ်ပေါ်နေသော ကြွက်ကလေးများတွင် မျိုးဗီဇပြောင်းလဲစေသော ဟော်မုန်းများထွက်ရှိပြီး ၎င်းတို့၏ ဘ၀တစ်လျှောက်အပြုအမူများအပေါ်တွင် ထိခိုက်မှုများရှိလာခဲ့သည်။ ယခုလေ့လာမှုကို မော်လီကျုးများဖြစ်စဉ်အထိ အသေးစိတ်လေ့လာခဲ့ပြီး ငယ်စဉ်ဘ၀က စိဖိစီးမှု ခံစားရသော အတွေ့အကြုံများသည် ကာလတာရှည် အပြုအမူအပေါ် အတိအကျပြဠာန်းသွားနိုင်သည်ဟု ခရစ္စတိုဖာက ပြောကြားခဲ့သည်။ "ကြွက်ပေါက်စလေးတွေကို သူတို့မိခင်တွေဆီကနေ တစ်နေ့ကို သုံးနာရီနှုန်းနဲ့ ဆယ်ရက်ကြာခွဲထားလိုက်တယ်။ ကြွက်ကလေးတွေဟာ အာဟာရမပြည့်ဝတဲ့ ဒဏ်မခံရပေမယ့် စွန့်ပစ်ခံရတယ်ဆိုတဲ့စိတ်ခံစားမူတော့ရှိခဲ့ပါတယ်" ဟု၎င်းကပြောကြားခဲ့သည်။ ငယ်ရွယ်စဉ် စွန့်ပစ်ခံရသော ကြွက်ကလေးများသည် ၎င်းတို့၏ဘ၀တစ်လျှောက် စိဖိစီးမှုများသော အခြေအနေများကို ရင်ဆိုင်နိုင်စွမ်းနည်းပါးလေ့ရှိပြီး မှတ်ဥာဏ်လည်းအားနည်းလာလေ့ရှိသည်ဟု တွေ့ရှိရသည်။                                                                                                         

16 November, 2009

ဥပဒေ

ပုဒ်မ (၁)။ ။ပိုးပမ်းသူများသော အမျိုးသမီးများသည်မိမိနှစ်သက်ရာတစ်ယောက်ကိုရွေးချယ်ပြီး ကျန်သောယောင်္ကျားလေးများအား လိုအပ်နေသောသူများထံသို့ လွှဲပြောင်းပေးရမည်။
ပုဒ်မ(၂)။ ။ပူအိုက်သောရာသီတွင် ရင်စေ့၊ လက်ရှည်၊ ထမီနှင့် လုံအောင်ဖုံးထားသော အမျိုးသမီးများအား "သဘာဝတရားကို အံတုသူများ" အဖြစ်အရေးယူမည်။
ပုဒ်မ(၃/က)။ ။ယောင်္ကျားတို့ကို ဂရုမစိုက်သော အမျိုးသမီးများအား "ဒုက္ခရောက်နေသူကို လျစ်လျူရှုမှု" ဖြင့်လည်းကောင်း၊
ပုဒ်မ(၃/ခ)။ ။ချစ်စဖွယ်စကားဆိုပြီး ညာညာခိုင်းတတ်သော အမျိုးသမီးများအား "လုပ်အားခမပေးဘဲ စေခိုင်းမှုဖြင့်" လည်းကောင်း၊
ပုဒ်မ(၃/ဂ)။ ။ချစ်သူရှိသော အမျိုးသားတစ်ဦးကို အခြားအမျိုးသမီးတစ်ဦးမှ ချစ်စဖွယ် အမူအယာများဖြင့် ချဉ်းကပ် သိမ်းသွင်းခြင်းကို "နွားခိုးမှု" ဖြင့်လည်းကောင်း အရေးယူမည်။
ပုဒ်မ(၄/က)။ ။မိဘချင်း ရင်နှီးမှုကို အသုံးချ၍ ချဉ်းကပ်လာသော အမျိုးသားများအား"ယုံကြည်မှုအား အလွဲသုံးစားပြုမှု" ဖြင့်လည်းကောင်၊
ပုဒ်မ(၄/ခ)။ ။ရည်းစားထည်လဲတွဲသူများအား"ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားပြုမှု" ဖြင့်လည်းကောင်း၊
ပုဒ်မ(၄/ဂ)။ ။မိမိချစ်သူအား လက်ဖျားနှင့်ပင်မထိ၊ Shopping Mall၊ လှော်ကား၊ ချောင်းသာ၊ ဟိုတယ် စသော သမီးရည်းစားတို့၏ ဆောင်ရွက်ဖွယ် ကိစ္စအ၀၀ တို့ကို မပြုလုပ်ပါက "အလုပ်တာဝန် လစ်ဟင်းမှု" ဖြင့်လည်းကောင်း အရေးယူမည်။
ပုဒ်မ(၅)။ ။အိမ်ထောင်ရှိမိန်းမ တို့ကို ပိုးပမ်းသူ ယောင်္ကျားများအား"တားမြစ်နယ်မြေတွင် အမဲလိုက်မှု" ဖြင့် အရေးယူမည်။
ပုဒ်မ(၆)။ ။သူတစ်ပါး၏ ယောင်္ကျားနှင့် ပေါင်းသင်းနေထိုင်သူ အမျိုးသမီးများကို "မီတာဘောက်စ် မထားဘဲ လျှပ်စစ်ဓါတ်အားကို ခိုးယူသုံးစွဲမှု" ဖြင့် အရေးယူမည်။
ပုဒ်မ(၇)။ ။အသက်(၂၅)နှစ်ပြည့်သူ အမျိုးသား၊ အမျိုးသမီးတိုင်း အိမ်ထောင်မပြုရသေးလျှင် "မိဘကို ဒုက္ခပေးသူ" အဖြစ် အရေးယူမည်။

15 November, 2009

သိပ္ပံနှာခေါင်း စမ်းသပ်တီထွင်

သိပ္ပံနှာခေါင်း စမ်းသပ်တီထွင် အမေရိကန်နိုင်ငံ မိန်ပြည်နယ် ရူပဗေဒ စက်မှုအင်ဂျင်နီယာ တက္ကသိုလ်မှ မကြာမီက ထုတ်ပြန်ကြေည်ရာတွင် သိပ္ပံနှာခေါင်းကို စမ်းသပ် တီထွင်ခဲ့သည်မှာ အတော်တိုးတက်အောင်မြင်မှု ရှိသည်ဟု ဆိုပါသည်။ ယခု စမ်းသပ်တီထွင်ထားသော သိပ္ပံနှာခေါင်းသည် ကန့်သတ်၊ သတ်မှတ်သည့် အကွားအနေရာ၌ ဗုံး၊ ဆီးချိုသွေးချို ဝေဒနာရှင်များ၊ ကင်ဆာရောဂါ ဝေဒနာရှင်များ ရှိမရှိ နှာခေါင်းဖြင့် အနံ့ခံ သိရှိနိုင်သည် ဆိုပါသည်။ အဆိုပါ မိန်းပြည်နယ်မှ ရူပဗေဒ စက်မှုအင်ဂျင်နီယာ တက္ကသိုလ်၊ ဇီဝဆေးပညာ အင်ဂျင်နီယာ (ဗဟိုဌာန) ဒုတိယ တာဝန်ခံ ဦးစီးအရာရှိ သုတေသီပညာရှင် အမေရိကန်နိုင်ငံသား တရုတ်နွယ်ဖွားဖြစ်သူ မစ္စတာ ကျန်စုကွမ်းက သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားရာတွင် နောက် မကြာမီကာလ၌ သိပ္ပံနှာခေါင်းသည် အနံ့ခံကောင်းသော စုံထောက်ခွေး၊ ရဲခွေး၊ စစ်ခွေးတို့ကို အစားထိုး၍ အသုံးချကာ ဓာတုဗေဒ အဆိပ်လက်နက်၊ ဗုံး စသည်တို့ကို အနံ့ခံသွားနိုင်လိမ့်မည်ဟု ဆိုပါသည်။ ထိုနည်းတူစွာ ရနံ့မတူ၊ ထူးခြားကွဲပြားသည်ကို အနံ့ခံခြင်းအားဖြင့် ဘိန်းစွဲသူ၊ ဆေးစွဲသူ ခံစားနေရသော ရောဂါဝေဒနာ အမျိုးမျိုးတို့ကို အနံ့ခံ၊ အာရုံခံပြီး ချက်ချင်းထိုးဖောက်သိရှိနိုင်သည် ဆိုသည်။ လူသားရိုးရိုးသည် ရနံ့အမျိုးပေါင်း ၄၀၀ ကျော်ခန့်ကိုသာ အနံ့ခံ၊ အာရုံခံသိရှိနိုင်၏။ ခွေးနှင့်ကြွက်တို့ကတော့ လူသားတို့ထက် ပိုမို အနံ့ခံ၊ အာရုံခံနိုင်ပေသည်။ ယခု အောင်မြင်စွာ စမ်းသပ်တီထွင်ထားသည့်သိပ္ပံနှာခေါင်းသည် ရနံ့ ၁၀၀၀ခန့်ကို အနံ့ခံ၊ အာရုံခံနိုင်သည်ဟု သိရ၏။ ၎င်းထက်ပို၍လည်း အနံ့ခံနိုင်ပေသေး၏။ ထူးခြားလှပေသည်။  သိပ္ပံနှာခေါင်းကို နှစ်ပေါင်း ၃၀ ခန့်ကြာ စမ်းသပ်တီထွင်ခဲ့သော အင်္ဂလန် ၀ါးဝေခက်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ မစ္စတာ ဒေါင်တာက ထုတ်ဖော် ပြောကြားရာ၌ နှစ်ပေါင်းများစွာ စမ်းသပ်တီထွင်၊ ပင်ပန်းကျိုးနပ်သည်ဖြစ်၍ ကန့်သတ်၊ သတ်မှတ်ထားသော အကွာအဝေးနေရာမှ ကော်ဖီရနံ့လား၊ လက်ဖက်ရည်ရနံ့လား ဆိုသည်ကို မမှားမယွင်းရလေအောင် အနံ့ခံ သိရှိနိုင်သည်ဟုဆိုပါသည်။ သို့ရာတွင် သိပ္ပံနှာခေါင်းသည် ရိုးရိုးနှာခေါင်းကဲ့သို့ပင် အနံ့ကို ခံနိုင်သော်လည်း အရေအတွက်၊ အလေးချိန်၊ အချိုးအစားကိုတော့အနံ့ခံပြီး မသိရှိနိုင်ပေ။ အင်္ဂလန် သိပ္ပံပညာရှင်တို့က စမ်းသပ်တီထွင် ပြုလုပ်ထားသော သိပ္ပံနှာခေါင်းမှာ အနံ့ခံ၊ အာရုံခံ စက်ပစ္စည်းကိရိယာ ၁၂ မျိုး (၀ါ) လျှပ်ညှို့ကိရိယာ (ခေါ်) အင်ဒတ်တာ (Inductor) 12 ခုရှိသည်ဆိုသည်။ ယင်းကိရိယာများသည်ကား အီလက်ထရွန်းနစ် စနစ်အရ အလုပ်လုပ်လေသည်၊ အမြင်အာရုံကိုလည်းရရှိစေ၏။ တစ်ဖန် လူသားတို့၏ ရိုးရိုးနှာခေါင်းအတွင်းရှိ အမွေးအမှင်များသည် ကိုယ်ခန္ဓာပြင်ပမှ ပန်းမှုန့်၊ အညစ်အကြေးများ၊ ဖုန်မှုန့်များတို့ကို ကောင်းစွာ မတားဆီး မကာကွယ်နိုင်သော်လည်း ယခု တီထွင်ထားသည့် သိပ္ပံနှာခေါင်းကမူ ဖုန်မှုန့်၊ အညစ်အကြေးများကို ကောင်းစွာ ကာကွယ်တားဆီးနိုင်သည် ဆိုသည်။ ထို့ပြင် သိပ္ပံနှာခေါင်းပေါက်ကို ကောင်းစွာ ဆေးကြော သန့်စင်နိုင်၏။ သို့ရာတွင် သိပ္ပံနှာခေါင်းကို ပိုမို တိကျ ကောင်းမွန်အောင် ဆက်လက် သုတေသနပြုရန် ရှိသေးသည်ဟု ဆိုသည်။

12 November, 2009

ရည်းစားစာ

" အင်တာနတ်မင်းကြီး " မ " ပါ ဒဗလျူ ဒဗလျူ ဒဗလျူဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန်တဲ့ ၊ခက်ပါ့ဟာကျုပ်သိသလောက်တော့ ဒေါ့ဆိုတာ ဒီအိုဂျီ (dog) ခွေး တဲ့၊ပါဠိလိုတော့ "သုနက္ခ" ပေါ့ဟာ ၊ ဒါပေမယ့် နင်ပေးတဲ့ လိပ်စာက ဒေါ့ကျတော့ အင်္ဂလိပ်လို ဖူးစတော့လို့ခေါ်တဲ့ဟာကြီး ၊ ခက်ပါဘိ ရွှေမိရယ်… ဘကြီးဘုန်းကြီးရှေ့မှာသာ ဒီလိုဖတ်လို့ကတော့ဟာ ကျောင်းတိုင်ကိုဖက်ပြီး ကြိမ်နဲ့အနှက် ခံရမှာ သေချာတယ် ။နောက်ပြီး ကွန် ဆိုတာကပါသေးတယ် ၊ ကျုပ်သိသထားသလောက်ကတော့ ကွန်ဆိုတာ ငါးပစ်ပြီးဖမ်းတဲ့ဟာကြီး ၊ အကုသိုလ် သိပ်များတာပေါ့ဟာ ။ နင်ပြောလို့သာ အဲဒီကွန်ကြီးကို သုံးပြီး ခေတ်မှီအောင် အင်တာနတ် ကနေ အီးမေးဆိုတာကြီးနဲ့ ရည်းစားစကား ပြောရတယ် လို့ဟာ ၊ကြား မကြားဖူးပါဘူး ၊ နင့်အမေကြီး ဆုတောင်းနေတဲ့ ဟို ဘာလဲ အတွင်း ၃၇မင်း ၊ အပြင် ၃၇မင်း ၊ အရံ ၃၇မင်း ၊၁၁၁ ပါးသောနတ်မင်းတွေထဲမှာတော့ အဲဒီ အင်တာနတ်မင်းကြီးကို မကြားဖူးပါဘူးဟာ ၊ ကျုပ်အထင်တော့ သူက၃၈ မင်းမြောက်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရွှေမိ ရယ် …နင့်ကိုသာကျုပ်ချစ်ရမယ် ဆိုလို့ကတော့ဟာ အင်တာနတ်မကလို့ ဘယ်နတ်မင်းကြီးပဲ ပင့်ရပင့်ရ ကျုပ် ပင့်ပါ့မယ် ရွှေမိရယ်….အဟုတ်ပြောတာ ။ ။ ကျုပ်အချစ်ဆုံး အကြိုက်ဆုံး ကွယ်လွန်သူ တေးရေးတေးဆို ဓာတ်ရှင်မင်းသားကြီး တွံတေး သိန်းတန် ရဲ့သီချင်းထဲမှာတော့ " ကျေးမစေ ၊ စာလွှာတွေမပို့ပဲ လမင်းကတစ်ဆင့် ချစ်တဲ့အကြောင်းတွေ ပြောပါမယ်  လို့ပဲကြားဖူးပါတယ် ရွှေမိရယ် ၊ အဲ…အဲ နင်အသစ်ပြောင်းထားတဲ့ "အင်ဂျလီနာ ညိုမီ" ရယ်….ကျုပ်ကတော့ နင့်ကိုရွှေမိလို့ပဲခေါ်နေကြမို့ နှုတ်ကျိုးနေပြီဟာ ။ ဒါနဲ့နေပါဦး ရွှေမိရယ် နင်ပြောတဲ့အဲဒီ အင်တာနတ်မင်းကြီးက အောင်သွယ်တော်လုပ်ပေးတဲ့ အချစ်နတ်မင်းကြီးလားဟ ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်သာကျုပ်ကို ပြန်ချစ်မယ်ဆိုလို့ကတော့ရိုးရာ ကိုင် ချင်ကိုင်ပါစေဟာ အဲဒီ နင်ပြောတဲ့ အင်တာနတ်မင်းကြီးကိုပဲ "မ" ခိုင်းမယ်ဟာ ၊ တကယ်……တကယ် ။  ရွှေမိရယ် နင်ကမြို့မှာကျောင်းသွားတတ်တာ အရမ်းပြောင်းလဲလာတယ်နော် ၊ နင်ဝတ်နေကျ လုံချည်နဲ့ နင်ဖြီးနေကျ ဆံပင်က"တို"သွားပြီး နင်စီးနေတဲ့ ဖိနပ်ဒေါက်နဲ့ နင့်လက်သည်းတေ "ရှည်"လာတာရော ၊နောက်ပြီးအရင်ကဆို ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ဖတ်တိုင်း စူဠသုဘဒ္ဒါက ဘယ်လိုလုပ်ပြီး ဆင်စွယ်ကို ပန်နိုင်မှာလဲလို့ ကျုပ်စဉ်းစားမိတယ် သိလား ၊ အခုတော့ နင့်နားမှာ အမျိုးမျိုးပြောင်းနေတဲ့ နားဆွဲတွေကိုမြင်ပြီး ကျုပ်ယုံသွားပါပြီ ရွှေမိရယ် ။ ပြီးတော့ နင်ကမျက်နှာဖြူစကားတွေလည်း တော်တော်ပြောတတ်လာတယ်နော် ၊ နင်ပြောပြောနေတဲ့ ဘာလဲဟို….၀က်ဆိုဒ် ဆိုလား ၀က်ဆိုင်ဆိုလားဟာ အေး အဲဒီဟာကြီးက နင်တော်တော်ကြိုက်တယ် ထင်တယ် ၊ ကျုပ်သိတာကတော့ ရွာဈေးက ကိုဖိုးသောင်း ၀က်ဆိုင်ပဲ သိတယ် ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်ကြိုက်ရင် ဘယ်လောက်ပဲ ဈေးကြီးကြီး ကျုပ်ဝယ်ကျွေးပါ့မယ်ဟာ ။ ပြီးတော့ ကျန်ပါသေးတယ် ဘာတဲ့ အော် ဒေါင်းလုပ်ဆိုလား ဒေါင်းရုပ်ဆိုလားဟာ ၊ နင်ကြိုက်တယ်ဆိုရင် ဈေးကြီးစမ်းပါစေဟာ ကျုပ်ဝယ်ပြီးလက်ဆောင်ပေးပါ့မယ်ဟာ ။ ဒါနဲ့နေစမ်းပါဦး အဲဒီအရုပ်က တို့ ဖိုးဝရုပ်ထက်လှလားဟ ၊ အေးပါ လှလှ မလှလှ နင်ကြိုက်ရင် ကျုပ်လည်းကြိုက်တယ် ၊ နင်ပြောရင်ကျုပ်နားထောင်မယ် ၊ နင်ယုံတဲ့အဲဒီ အင်တာနတ်မင်းကြီးကို ကျူပ်လည်းယုံပါတယ်ဟာ ။ နောက်ပြီး နင်ပြောပြောနေတဲ့ ဟိုကမ္ဘာကြီးက ပူနွေးလာပြီဆိုလားပဲ ၊ ဟုတ်တယ် ကျုပ်ထင်ပါတယ် ၊ ဘာလိုလဲဆိုတော့ နင်ဝတ်တဲ့ အင်္ကျီတွေ စကဒ်တွေကို ကြည့်ပြီးကျုပ်တို့ရွာလေးတောင် တော်တော်ပူနေမှန်းသိလိုက်ရတယ် ။ ဒါ့ကြောင့် ကျုပ်လည်းဒီနေ့ကစပြီး နင်ဝတ်သလိုမျိုးစွပ်ကျယ်အင်္ကျီနဲ့ ပုဆိုးခါးတောင်းကြိုက်ပြီးတော့ပဲ နေတော့မယ်ဟာ။ ကျုပ်ကစကဒ်မှဝတ်လို့ မရတာ ၊ ဒီတော့လဲအဆင်ပြေသလို လုပ်ရတာပေါ့ဟာ ။ ဘာပဲဖြစ်ဖြစ် ကျုပ်ကိုနင် ပြန်ချစ်ရင်ပြီးတာပါပဲ ရွှေမိရာ….။ ဘကြီးဘုန်းကြီး ကတော့ပြောပါတယ် ရွှေမိရယ် ၊ က္ကတ္တိဝင်္က နဒီဝင်္က တဲ့ မိန်းမနဲ့ မြစ်တို့သည် ကောက်ကွေ့သောသဘောရှိသည် "တဲ့ ၊ နင့်ဆံပင်လိုပေါ့ရွှေမိရယ်။ ဒါပေမယ့်ရွှေမိရယ် ဘကြီးဘုန်းကြီးက ဘကြီးဘုန်းကြီးပါဟာ ၊ ကျုပ်ကပုထုဇဉ်လေ ဘကြီးဘုန်းကြီးမှ မဟုတ်တာ နော့် ။ "ပုထုဇန္နော ဥမ္မာတကော" တဲ့ ရွှေမိရဲ့ ပုထုဇဉ်ဆိုတာ အရူးလို့ တို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့တယ်လေ ။ ကျုပ်လည်း နင့်ကိုချစ်မိတော့ ရူးနေပြီပေါ့ ရွှေမိရယ် ။ ဘကြီးဘုန်းကြီး ကတော့ဘယ်သိပါ့မလဲ သူက လောကုတ္တရာသမားကိုး ၊ ကျုပ်တို့ကလောကီသား ၊အဲဒီတော့လည်း နင့်ကိုကျုပ်က ချစ်ရတာပေါ့ ရွှေမိရယ် ၊ ဘကြီးဘုန်းကြီးကတော့ ပြောပါတယ် "ဒကာလေးကအပူ ရှာနေတာကိုး "တဲ့ ၊ ကျုပ်ကလည်း"တပည့်တော် စွပ်ကျယ်ဝတ်ထားပါတယ်ဘုရား"လို့ မပြောတော့ပါဘူး ရွှေမိရယ် သူကတရားသဘောနဲ့ပဲမြင်တာကိုး ၊ ကျုပ်ကတော့ "ပိယေဟိ ၀ိပ္ပယောဂေါဒုက္ခော"ဆိုတဲ့ ချစ်သူနဲ့ကွေကွင်းရခြင်း ဒုက္ခ ကိုမခံစားနိုင်ဘူုးဗျ ၊ အဲဒါကြောင့် နင့်ကို ချစ်ရတာပါ ရွှေမိရယ်….။ ကျုပ်က နင့်ရဲ့အဇ္ဇတ္တကိုလည်းချစ်တယ် ၊ ဗဟိဒ္ဒ ကိုလည်းချစ်တယ် ၊ မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် စိတ် ဆိုတဲ့ အာရုံခြောက်ပါးလုံးနဲ့ ချစ်တယ်ဟာ ။ ရှင်းရှင်းပြောရရင် နင်နဲ့ကျုပ်နဲ့ က ဓမ္မာ ၊သောက ၊အင်းဝ၊ရာဇာ ပဲဖြစ်နေပါစေ ကျုပ်ကချစ်တယ်ဟာ ၊ ကိန္နရီ ကိန္နရာ မောင်နှံဟာ တစ်ညတာဝေးတာကို နှစ်ပေါင်းခုနှစ်ရာ ၇၀၀ ဆွေး လို့မပြေဘူးတဲ့ ၊ ကျုပ်ကလည်းနင့်ကို သူတို့ထက်မလျော့အောင်ချစ်ပြမှာပါဟာ ။ တကယ်ပါ ရွှေမိရယ် "လူတွေဟာ ချစ်သူရဲ့ အသံကိုကြားရတဲ့နေရာမှာ တင်းတိမ်မှု့မရှိနိုင်ဘူး "တဲ့ ၊ ကျုပ်လဲနင့်အသံလေးကိုပဲ အမြဲကြားချင်နေတာပါ ။ နင်ကကျုပ်အတွက်တော့ ဓာတုကလျာ ၊ ရှင်နှောင်း ၊ ရခိုင်မင်းသမီး ၊ ဒိုင်းခင်ခင် ၊ ၀ဏ္ဏပဘာ ပါပဲဟာ ၊ ကျုပ်ကနင့်အတွက်ဆို " ကောင်းကင်တမွတ် ကြယ်ကိုဆွတ် " မယ့်သူပါဟာ ။ တကယ်ပါ ရွှေမိ ကျုပ်ကနင့်ရဲ့ ပထ၀ီတစ်လုံး အာကာတစ်လုံး ဖြစ်နေတဲ့ မျက်လုံးလေးကစပြီး ကြေးညိုရောင် ခြေဖျားလေးအထိ ချစ်ပါတယ် ရွှေမိရယ် ။ ဒါပေမယ့် ရွှေမိရယ် ကျုပ်ကနင့်ကိုချစ်တဲ့ အထဲမှာလေ ဘာလောဘမှ မပါပါဘူးဟာ ။ ဆယ်တန်းတင်မကပထမနှစ်မှာပါ စာကျေအောင်ဆိုပြီး ၃နှစ်ဆီနေခဲ့တဲ့ နင့်ရဲ့ပညာရေးဂုဏ်ကို လည်း ကျုပ်မမက်ပါဘူး ရွှေမိ ။ ပြီးတော့ ဟိုးအရင်ဘ၀က ဘုန်းကြီးကျောင်းသူများရဲ့ ခေါင်းလောင်းအလှူပွဲမှာ ထမင်းစားကောင်း အောင် သာဓု ၀င်ခေါ်ခဲ့တဲ့ဆုလို့ ထင်ရလောက်အောင် အသံကောင်းတဲ့နင့်အမေ ၊ စကားတစ်ခွန်းကို အရပ်ဆယ် မျက်နှာက ခုနှစ်အိမ်စေ့ ကြားနိုင်အောင် ပြောနိုင်တဲ့သူ ၊ အရင်ဘ၀က ရေဒီယိုလှူခဲ့ဖူးသလား မှတ်ရအောင် သတင်း၊အတင်း စုံတဲ့မှတ်ဥာဏ်နဲ့ နင့်အမေ ၊ လဆန်းနဲ့ လလယ် ရောက်တိုင်း ကန်တော့ပွဲထဲ ဘောက်ချာထိုးပြီး အတွင်း ၃၇မင်း ၊အပြင် ၃၇မင်း ၊အရံ ၃၇မင်း ၁၁၁ပါးသောနတ်မင်းတွေနဲ့ ဘိုးတော်အပေါင်းကို ရန်မဖြစ်ဖြစ် အောင် ထမင်းတစ်ဝိုင်းတည်းပြင်ပြီး ဖိတ်ကျွေးတတ်တဲ့ နင့်အမေ ၊ ဈေးထိပ်နားကညောင်ပင်အောက်မှာ သူ့ဘာသာသူ တစ်ယောက်တည်း နေတတ်တဲ့ အရူးမကြီးကို ဒီနေ့ဘာကောင်းလဲလို့ တစ်နေ့နှစ်ခါမေးပြီး ဂရုစိုက်တတ်တဲ့ နင့်အမေရဲ့ စေတနာ မေတ္တာ ၊ ဂုဏ်သတင်းတွေ ကိုမက်လို့လည်း နင့်ကိုကျုပ်ချစ်ခဲ့တာ မဟုတ်ပါဘူး ရွှေမိရယ် ။ သေသွားတာ ၂နှစ်လောက်ကြာပြီဖြစ်တဲ့ သင်တုန်းဓားလောက်ပဲ ကိုင်ဖူးတဲ့ ရွာထိပ်က ကိုရင်ကြီး လူထွက် ဦးပြောင်ကြီးဆီမှာ အရက်တစ်လုံးကို တစ်ယောက်တစ်ဝက်သောက် ၊ ကိုယ့်ဘာသာကို ဆရာတင် ၊ ကိုယ့်ဘာသာကို တပည့်လုပ်ပြီး တစ်ညနေတိတိ ပညာဆည်းပူးလာတဲ့ ဆံပင်ညှပ်သမား ညည်းအဖေ ၊ တစ်ရွာ လုံးကယောကျာင်္းတွေ သူ့လက်အောက်ကထွက်တာပါလို့ မကြာမကြာ မူးတိုင်းပြော ၊ ဆံပင်သာကုန်စေ ရမယ် ပညာမကုန်စေရဘူးဆိုတဲ့ ရှေ့တစ်လက်မနောက်ပြောင်ပုံစံကို မူပိုင်ခွင့်ယူထားတဲ့ ညည်းအဖေ ဦးကတုံး ၊ အဲအဲ ညည်းအခေါ်ကတော့ ရန်ကုန်မှာ တိုနီထွန်းထွန်း ၊ တို့ရွာမှာတော့ တိုနီကတုံး ၊ ကိုရီးယားကတောင် လာငှားရဆိုတဲ့ ဟဲယားဒီဇိုင်းနာဆိုတာကြီးပေါ့ ၊ အေး နင့်ကိုကျုပ် ချစ်တာ က လည်း နင့်အဖေကြီးရဲ့ အဲဒီ လ္ဘက်ရည်ဖိုး သာသာ ၀င်ငွေကိုမက်မောလို့ မဟုတ်ပါဘူး ရွှေမိရယ် ။ နောက်ပြီး နင့်အစ်ကို ၊ တစ်ရပ်ကွက်လုံးက သတ်မှတ်ထားကြတဲ့ သင်္ဘောသား ၊ သင်္ဘောနဲ့ ပတ်သတ် လို့ကတော့ နိုင်ငံခြားသင်္ဘော ၊ ပြည်တွင်းသင်္ဘော ကိုထားဦး လှေရဲ့လှော်တက်မပြောနဲ့ ရေတောင် ကိုယ့်ကိုယ်ကို မသေအောင်တောင် မကူးတတ်တဲ့ နင့်အစ်ကို ၊ သဘောင်္ပင်ရဲ့အသားလို အစိုလည်းသုံးမရ ၊ အခြောက်လည်း အသုံးမ၀င်လို့ ခေါ်ရတဲ့သင်္ဘောသား ၊ ချဉ်ဖတ်ရောင်းတဲ့ဆိုင်မှာတောင် ၀ယ်လို့မရတဲ့ ရှားရှား ပါးပါး ရပ်ကွက် ချဉ်ဖတ်ကြီး ၊ ရှစ်တန်းမှာ နှစ်ခါကျပြီး ကျောင်းခေါ်ကြိမ်စာအုပ်က သူ့နာမည်ကို ယမကာ ဆိုင် အကြွေးစာရင်းမှာပြောင်းရေး ၊ သူ့လက်ကအနုပညာသည်လက်ဆိုပြီး ဘာအလုပ်မှ လက်ကြောတင်း အောင် မလုပ်ပဲ သင်္ဘောသားဖြစ်နေတဲ့ နင့်အစ်ကိုရဲ့ ဂုဏ်အရှိန်အ၀ါတွေကို မက်မောပြီး ကျုပ်ကနင့်ကိုချစ်ခဲ့တာ မဟုတ်ရပါဘူး ရွှေမိရယ် ။ ဟောဒီရင်ဘတ်ကြီးထဲကဘုံးဘုံး( ရင်ဘတ်ပုတ်သံ ) မိ…မိ….မိ…မိ…မိ…မိ… လို့အော်နေတဲ့ ငါ့နှလုံးသား ကြောင့်ပါဟာ ၊ လုံးကြီးတင်ကို ၀တ်ဆံခတ် ၀စ္စနှစ်လုံးပေါက်ထည့်ပြီးတော့ တော့မဖတ်လိုက်ပါနဲ့ ရွှေမီး ရယ် ဟယ်ဟုတ်ပါဘူး ရွှေမိ ရယ်……… ။  ကျုပ်ကနင်ပြောပြောနေတဲ့ ဆော့ဖ်ဝဲဆိုလားဘာဝဲဆိုလားအဲဒီဝဲဆေးဖော်ရောင်းပြီး အရမ်းချမ်းသာ နေတဲ့ အမေရိကန်ဆိုတဲ့ တိုင်းပြည်က ဇောတိကကြီး ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးလို ချမ်းသာမှ ပြန်ချစ်မှာလား ရွှေမိ ရယ် ၊ " တူနှစ်ကိုယ် တဲအိုပျက်မှာနေရ "ဆိုတဲ့သီချင်းကို နင်က မြို့ပေါ်က ရက် သီချင်းတွေလောက်မကြိုက်ပေမယ့် ကျုပ်ကတော့ လက်ခံတယ် ရွှေမိ လက်ခံတယ် ၊ နင်က ဒေးဗစ်ဘက်ခမ်းဆိုတဲ့ ဗြိတိသျှဘောလုံးသမားပုံပါတဲ့ အင်္ကျီလက်ပြတ်ကိုဝတ် ရွာရိုးကိုးပေါက် လျှောက်ပြီး စိတ်ကူးပဲယဉ်နေတော့မှာလား ရွှေမိရယ် ။ နင့်ကိုကျုပ်ပြောဖူးပါတယ် "အပုပ်ကောင်ရုပ်ဆောင်နေကြတာပါ"လို့ ၊ လောကဓံရှစ်ပါးကို နင်ပြောတဲ့ ၀ဲဆေးဆရာ ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ရော၊ ဟိုဘောသမားရော ဒေးဗစ်ဆိုတဲ့ပုဂ္ဂိုလ်ရော ကြုံရမှာပဲရွှေမိ ၊ အေးအဲဒီလိုပဲ နင်လည်း လောကဓံရှစ်ပါးကိုကြုံရတဲ့အခါ နင့်ဘေးမှာကျုပ်ရှိနေချင်တယ်ဟာ ။ ကိုင်း အဲဒီတော့ ဆိုင်ရာပိုင်ရာများနဲ့ အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း ၊ အရံ ၃၇ မင်း ၁၁၁ပါးသော မင်း တွေရဲ့ နောက် ကမ္ဘာ့ရွာကြီးကို အပိုင်စားရတော်မူသော ၁၁၂ မင်းမြောက် အင်တာနတ် မင်းကြီးခင်ဗျား တပည့်တော်ရဲ့ နှလုံးသား ၀က်ဆိုင်က ( Website ) ဒီရည်းစားစာ ကို ရွှေမိ ဒေါင်းရုပ် ( download ) လုပ်ပါစေလို့ ဆုတောင်းရင်း ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန် ဆိုတဲ့ လိပ်စာကို ခေတ်မှီအောင် အမြန်ချော နဲ့ ကမ္ဘာ့ရွာတောင်ပိုင်းနေ ဘုန်းကြီးကျောင်းသား ကိုရင်ညိန်းမှ ကမ္ဘာ့ရွာတောင်ပိုင်းမှာပဲ နေတဲ့ ဘုန်းကြီးကျောင်းရဲ့ နှစ်အိမ်ကျော်က အင်ဂျလီနာညိုမီ့ ထံ ပေးပို့လိုက်ရပါတယ် ။ နင့်ကိုခေတ်မှီအောင် ချစ်ချင်တဲ့ ကိုရင်ညိန်း ( ကမ္ဘာ့ရွာတောင်ပိုင်း ဘုန်းကြီးကျောင်း )

Googleလျှို့ဝှက်ချက်

Google စွယ်စုံကျမ်း ဖြစ်အောင် ဘယ်လိုလုပ်ယူမလဲ။MP3 သီချင်းတွေကို google ကနေ ဘယ်လို ရှာဖွေမလဲ၊ အတိုင်းအတာယူနစ်တွေနဲ့ အဓိပ္ပယ် ဖွင့်ဆိုချက်တွေ အပြည့်အစုံ ရရှိနေတဲ့ google ရဲ့ လျှိုရ၀ှက်ချက်တွေ……….
၁။ ဂဏန်းတွက်စက်လိုအသုံးပြုနိုင်တယ် သင့်စားပွဲပေါ်မှာ လက်ကိုင် ဂဏန်းတွက်စက် မရှိလို့များ အခက်အခဲ ကြုံရလိမ့်မယ်လို့ တွေးကြောက်နေစရာ မလိုပါဘူး။ google ကို ဂဏန်းတွက်စက် (caculator) လို့ သဘောထားပြီး သုံးစွဲနိုင်ပါတယ်။ ဂဏန်းတွက်စက်မှ တကယ့်ကို အဆင့်မြင့်နည်းပညာ သုံးစွဲထားတဲ့ online caculator တစ်ခုလို သုံးစွဲနိုင်ပါတယ်။ သင့်ရဲ့ညီမျှခြင်းတွေ၊ ပုံသေနည်း တွေအားလုံးကို google အင်ဂျင်က ခွင့်ပြုပါတယ်။ လိုချင်တဲ့ အဖြေတွေအတွက် google search box ထဲကို ရိုက်ထည့်လိုက်ရုံပါပဲ။ သင်ယခင်က သာမန် search လုပ်ခဲ့တဲ့ display အတိုင်းကို ပြသပေးမှာပါ။ သိပ်လွယ်ပါတယ်။ အခြေခံအဆင့် Algebra တွက်ချက်နည်းတွေ ဖြစ်တဲ့ addition (ပေါင်းခြင်း)၊ subtraction (နုတ်ခြင်း)၊ Multiplication (မြှေက်ခြင်း)၊ division (စားခြင်း) စတဲ့ အချက်အလက်တွေကို ပြုလုပ်နိုင်ပါတယ်။ (ဥပမာအားဖြင့် ၂ နှင် ၃ ကို ပေါင်းချင်တဲ့အခါ (2+3) ပြီးရင်တော့ Enter ခေါက်ပေါ့။
ဥပမာ ၁၀ ကို ၂ ဖြင့် စားချင်တဲ့အခါ (10/2) ဆိုပြီး (slash) button ကို သုံးစွဲနိုင်တာပေါ့။အဲဒီ ပေါင်း၊ နုတ်၊ မြှောက်၊ စားလောက်ကို google က စာကို မဖွဲ့တာတချို့ ဂဏန်းတွက်စက်တွေလို ဂဏန်းအလုံးရေ (၁၀လုံး၊ ၁၂ လုံး စသဖြင့်) ကန့်သတ်ထားတာ မရှိဘဲ စိတ်ကြိုက် တွက်ချက် နိုင်ပါတယ်။ ဒါဟာ တကယ့် သိပ္ပံ ပညာရှင် တွေနဲ့ သင်္ချာ မာစတာ သမားတွေ ကိုင်ဆောင် ကြတဲ့ လက်တွေ့ အသုံးချ တွက်ချက် နည်းစနစ် ကိရိယာ အကြီးစား တစ်ခုလို ပါဘဲ။ တြီဂို နိမေတြီ (sin-cos-tan) ဆိုတဲ့ functions တွေ တန်ပြန် တွက်ချက်မှု (cosin-cosec-cotan) စတာတွေ၊ hyperbolic functions (ထပ်ကိန်း စနစ် ပုံသေနည်း) နဲ့ လောဂရစ်သမ် စနစ် တွေက အစ တွက်ချက် နိုင်ပါတယ်။
၂။ သင်္ချာပိုင်းဆိုင်ရာတွေကိုနားလည်တယ်။
အံ့သြဖို့ကောင်းတာက google ဟာတွက်ချက်မှုပိုင်းဆိုင်ရာ ဖော်ပြချက်မျိုးစုံနဲ့ သိပ္ပံနည်းပညာနယ်ပယ်မှာသာ သုံးလေ့သုံးထရှိတဲ့ စကားလုံးတွေ ဝေါဟာရတွေ ပုံသေနည်းတွေကိုပါ သိရှိထားပါတယ်။ pi ( ) Avogadro number, Planck’s constant, ကမ္ဘာမြေကြီးရဲ့အချင်း၊ နေစကြ၀ ရဲ့ အလေးချိန်၊ ထုထည်၊ အလင်ရဲ့ အလျင်၊ ဆွဲငင်အားနဲ့ ပက်သက်တဲ့ ကိန်းဂဏန်းအရေအတွက်တွေ စတဲ့ စတဲ့ ဝေါဟာရ ဖော်ပြချက်မျိုးစုံကို သိထားပါတယ်။ (ဥပမာအားဖြင့် pi တန်ဖိုး အတိအကျကို သင့်အနေနဲ့ ဇဝေဇ၀ါဖြစ်ပြီး မသဲမကွဲဖြစ်နေရင် ဒီအတိုင်း စမ်းကြည့်ပါ။ဥပမာ (၁) ၁။ google.com ဟုရိုက်ပါ။ ၂။ Search box မှာ ‘pi’ ဟု ရိုက်ပါ။ ၃။ Enter ခေါက်ပါ။ ၄။ 3.14159265 ဆိုတဲ့ အဖြေကို ရလိမ့်မယ်။(ငယ်ငယ်တုန်းက (pi) စက်ဝိုင်းတစ်ခုရဲ့ အလျားကို =3.14 လို့ သင်ကြား ဖူးခဲ့ရ သ ဖြင့် googleအဖြေသည် လက်ခံချင် ဖွယ်ရာ မဟုတ် ပါလား။) ဥပမာ (၂) အလင်းရဲ့ အလျင်ကို သိချင်ရင်…. ၁။ google.com ဟုရိုက်ပါ။ ၂။ google.search box မှာ ’speed of light’ ဟု ရိုက်ပါ။ ၃။ 299, 792, 458 m/sm/s ဆိုတာက mile per Second ပါ။( တစ်စက္ကန့်မှာ ရောက်တဲ့ခရီးရဲ့ အကွာအဝေးကို မှိုင်နှုန်းဖြင့် ဖော်ပြ ထား ခြင်း ဖြစ်ပါတယ်။) ၃။ အတိုင်းအတာတွေကိုလည်း ပြောင်းလဲပေးနိုင်တယ်။ နောက်ထပ် အံ့သြစရာ ကောင်းတာတစ်ခုက အင်ဂျင်ထဲမှာ ရှိတဲ့ နည်းစနစ်က လက်ကိုင် တွက်စက်တွေလိုပဲ မိုင်တွေ၊ မီတာတွေ၊ ဖာလုံတွေ၊ အလင်းနှစ်၊ စက္ကန့်၊ ၁၄ရက် တစ်ကြိမ် စတဲ့ အရာအားလုံးကို သူသိနေတယ်။ သိရုံတင် မဟုတ်ပါဘူး။ မူလယူနစ်ကို နောက်ထပ် အတိုင်းအတာ ယူနစ်တစ်ခု အဖြစ် ပြောင်းလဲ ပေးနိုင် စွမ်းရှိပါတယ်။ အဲ သုံးရမယ့် keyword တွေနဲ့ သင်္ကေတလေးတွေကိုတော့ သိထားရမှာပေါ့ လေ။ google ကတော့ ‘x’ ဆိုတဲ့ ပထမ unit ကို ဒုတိယ unit ဖြစ်လာဖို့ ‘in’ ဆိုတဲ့ word ကို သုံးပါသတဲ့။ နားရှုပ် သွားပါသလား။ တွက်ချက်ပုံနဲ့ အဖြေ ရှင်းထုတ်ပုံတွေက အလွယ်လေးပါ။ ဥပမာ ဆိုရရင် တစ်မီတာမှာ ပေဘယ်လောက် ရှိသလဲ။ တွက်ကြည့်စမ်းပါဆိုရင် ဘယ်လောက်ကိုများ သတိ ရမှာပါလိမ့်။ နောက်ဆုံးပေါ် ဂဏန်း တွက်စက်တွေလား၊ ဒါမှမဟုတ် ရှေးယခင်က လေယာဉ်ပျံတံဆိပ် ပေတံ အဟောင်းလေးလား၊ ‘M’ တံဆိပ် သံကွန်ပါဘူးလေးလား၊ ဘာကိုမှ အတွေးမှား မနေပါနဲ့ အခုအတိုင်း ကြိုးစားကြည့်ပါ။ ၁။ google.com ဟုရိုက်ပါ။ ၂။ google search box မှာ ‘1 meter in feet’ ဆိုပြီး ရိုက်ပါ။(တစ်မီတာမှ ရှိတဲ့ ‘ပေ’ ယူနစ်ပေါ့) ! “in” ဆိုတာ syntax ပါ။ ဒါဆိုရင် တစ်မီတာမှာ ရှိတဲ့ ပေ အတိ အကျ ရလာပါလိမ့်မယ်။ နောက်ဥပမာတစ်ခုက ဖန်ခွက်လတ် တစ်ခုမှာ လက်ဖက်ရည်ဇွန်း (ငယ်) ဘယ်လောက်ပါဝင်သလဲ။ ရှာကြည့်ရအောင်…၁။ google.com ဟုရိုက်ပါ။ ၂။ half a cup in teaspoons
ဒေါ်လာ ၁၀၀ မှာ Euro ဘယ်လောက်ရှိလဲ။ ၁ ဒေါ်လာမှာ မြန်မာကျပ် ဘယ်လောက် ရှိသလဲ စသဖြင့် တွက်ချက် ကြည့် နိုင်ပါတယ်။ ! သူ့ရဲ့ ပုံသေနည်း ဒါမှမဟုတ် syntax က x first in second unit ! Search box မှာ ” ” မသုံးရပါ။
၎။ အဘိဓာန်တစ်ခုလိုလည်း သုံးစွဲနိုင်ပါတယ်။
dictionary တစ်ခု လိုချင်တယ်။ များသော အားဖြင့် သုံးလေ့ သုံးထ ရှိကြတဲ့ အဘိဓာန် နဲ့ ပတ်သက်တဲ့ Website တွေကို မသိဘူး ဆိုရင် google ကိုပဲ အဘိဓာန် စာအုပ်တစ်အုပ်လို သဘော ထားပြီး သုံးစွဲ နိုင်ပါတယ်။ ဥပမာ …chatting ဆိုတာဘာလဲ၊ (what is chatting) ဆိုတဲ့ အဖြေကို ရရှိဖို့ အတွက် google ရဲ့ search box မှာ ဒီအတိုင်း ကြိုးစားပါ။၁။ google.com ဟုရိုက်ပါ။ ၂။ search box မှာ what is chatting ရိုက်ပါ။(? အမှတ်အသား ထည့်ဖို့ မလိုပါ။) ၃။ ရလာတဲ့ အဖြေစာရင်းတွေနဲ့ ထိပ်ဆုံးမှာ chatting ဆိုတဲ့ စကားလုံးရဲ့ ဖွင့်ဆိုချက်ကို ရှင်းပြထားပါတယ်။ ၄။ နောက်တစ်ကြောင်း ဖြစ်တဲ့ “definition in context” ဆိုတဲ့ Link စာမျက်နှာကတော့ သက်ဆိုင်ရာ webpage ဆီကို အရောက်သွားနိုင်ဖို့ အကောင်းဆုံး လမ်းညွှန်ချက်ပါ။
၅။ အဆိုပါ ‘what is chatting ‘ ဆိုတဲ့ စကားစုံကို ဝါကျထဲမှာ သုံးစွဲပုံ သုံးစွဲနည်းကို နမူနာအနေနဲ့ ဖော်ပြထားပါသေးတယ်။ ၅။ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုလည်းရရှိနိုင်ပါတယ်။
စကားလုံး အသစ်၊ အသစ်တွေဟာ အမြဲမပြတ် ထွက်ပေါ်နေတတ်တာမို့ တစ်ခါတရံမှာ ကိုယ်သိချင်တဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မှန်မှန်ကန်ကန် မရရှိပဲ ဖြစ်တတ်ပါတယ်။ အဲဒီ အခက်အခဲကို google ဟာ ကူညီဖြေရှင်းပေးပါတယ်။ ကောင်းပြီ ဒါဆိုရင် အခုတလောမှာ လူပြောသူပြော များလာတဲ့ ‘p2p’ လို့ အတိုကောက် ခေါ်ဆိုကြတဲ့ ‘peer to peer’ ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာကြည့်ကြရအောင်… ၁။ google.com ဟုရိုက်ပါ။ ၂။ search box မှာ define: “peer to peer ” ဟုရိုက်ပါ။ (define ဆိုတာက google ကသတ်မှတ် ပေးထားတဲ့ operator တစ်ခုဖြစ်ပြီး အဲဒီလို ဖွင့်ဆိုချက်(definitions) တွေကို ရည်ညွှန်းပါတယ်။) ၃။ peer to peer ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို စနစ်တကျနဲ့ သေချာစွာ စာမျက်နှာထဲမှာ အပြည့်အဝ ရှင်းလင်း ပြသပါလိမ့်မယ်။ ၄။ မှတ်သားဖို့ တစ်ခုရှိတာကတော့ (operator) define ကို သုံးစွဲတဲ့အခါမှာ ပါဝင်ရမယ့် သင်္ကေတတွေ အပြည့်အဝပါဝင်ဖို့ လိုပါတယ်။ Semicolum(;) နှင့် open comma, close comma (”,”) တွေပြုတ်ကျန်နေခဲ့လို့ မရပါဘူး။ ! define: “သင်ရှာလိုသော စကားလုံး” ဆိုတဲ့ ပုံသေနည်းကိုသာအလွတ်နည်းပါး မှတ်သားဖို့ လိုပါတယ်။ ၆။ တိကျတဲ့ အချက်အလက် တွေရှိတယ်။ ဘွဲ့ယူစာတမ်းတင်ဖို့၊ သေချာခိုင်မာတဲ့ ဖြီးလုံးဖြန်းလုံးတွေ မဟုတ်တဲ့ အချက်အလက်တွေ လိုအပ်နေပြီဆိုတော့ google ကို အားကိုးနိုင်ပါတယ်။ (များသောအားဖြင့် google အပါအဝင် spider engine တွေဟာ အဖြေတွေကို မရေမတွက်နိုင်အောင် ဖေါ်ထုတ်ပေးတတ်ကြပေမယ့် အလိုချင်ဆုံးအဖြေဟာ Search result ရဲ့ ထိပ်ဆုံးနားမှာ ရှိတတ်ပါတယ်။) သတင်းရင်းမြစ်တွေ ရှိပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း key လေးတွေကို တိုလိုရှင်း ထည့်ပေးနိုင်မှ ဖြစ်မှာပါ။ ပုံသေနည်းမှန်မှ အဖြေမှန်မယ့် သဘောပါပဲ။ ဥပမာ (၁) စာရေးဆရာကြီး မတ်တွိုင်း ရဲ့ မွေးရပ်ကို သိချင်ရင်…  birth-place mark twin ဥပမာ (၂) ကုလသမဂ အတွင်း ရေးမှုးချုပ် ဟောင်း ဦးသန့်ရဲ့ မွေးရက်နဲ့ ချက်မြုပ် ဇာတိကို သိချင်ရင်…  birth-place U Thant ဥပမာ (၃) ကိုရီးယားကြယ်ပွင့်လေး ရိန်းကိုတော့ သူ့ နာမည်ရင်း ဖြစ်တဲ့ Jung Ji Hoon နဲ့ ရှာပါ။ သတ်ပုံတွေအလိုအလျှောက်ပြင်ဆင်ပေးတယ်။ မင်းသမီးတစ်ယောက်ရဲ့ ပုံတွေကို ရှာဖွေချင်တဲ့ အခါမှုာ search box မှာ ရိုက်လိုက်မိပါတယ်။ (ပဲရစ်ဟီတန်) ဆိုတဲ့ စကားလုံးအတွက် (peris-hetton) ဆိုပြီး ရိုက်လိုက်တဲ့ အခါမှာ google ရဲ့ search results ရဲ့ ထိပ်ဆုံးမှာ တောက်ပတဲ့ အပြာရောင်နဲ့ (…..) ကို မေးတာလားဆိုပြီး ပြင်ဆင်ပေးပါတယ်။ဒါဟာ ဘယ်လို စကားလုံး၊ စကားစု မျိုးအတွက်မဆို အလိုအလျှောက် ပြင်ဆင်ပေးတဲ့ “spelling checker” တစ်ခုပါ။ ဒါကြောင့် နောက်နောင်မှာ အမည်နာမ မေ့သွားလို့ဖြင့် ပြဿနာတက်စရာ မရှိပါဘူး။ နည်းနည်းတော့ ဥာဏ်သုံးပြီး စဉ်းစားရမှာပေါ့။ လူကို မှတ်မိတယ်။ နာမည်ကို အလွတ်မရဘူး။ ထိုသူရဲ့ website ကို ရှာဖွေချင်တယ်ဆိုရင်… ၁။ images.google.com ကို ခေါ်ပါ။ ၂။ search box မှာ ကိုယ် မှတ်မိသမျှ အမည်နာမကို ရတတ်သလောက် ရိုက်ထည့်ပါ။ ၃။ google ကနေ အမှား ပြင်ဆင်ပေးပါမယ်။ ၄။ ရလာတဲ့ image တွေမှာ ကိုယ်သိထားတဲ့ လူရဲ့ ပုံပန်းသဏ္ဍာန်ကို ရှာဖွေပြီး ထိုနေရာမှ တစ်ဆင့် copy ကူးပြီး google ရဲ့ သာမန် search box ထဲမှာ paste လုပ်ပါ။ ၅။ Enter ခေါက်ပါ။ ၆။ အဲဒီအခါမှာ အလွန်ကို လွယ်ကူချောမွေ့စွာနဲ့ လိုချင်တဲ့ အဖြေကို ရရှိသွားပါလိမ့်မယ်။ ၈။ လိုချင်တဲ့ အဖြေတစ်ခုပဲ လိုချင်လျှင် လူတိုင်းလိုလိုကတော့ သတင်းရင်းမြစ်များများ ရရှိတာကို ကြိုက်နှစ်သက်ကြပါတယ်။ဒါမှလည်း အားလုံးကို ခြုံငုံသုံးသပ်နိုင်မှာလေ။ ဒါပေမယ့် လူတချို့ကတော့ တိကျတဲ့၊ မှန်ကန်ပြည့်စုံတဲ့ အဖြေတစ်ခုတည်းကိုသာ တောင့်တကြလေ့ ရှိကြပါတယ်။ ဆိုပါစို့ ‘ဘယ်သူဟာ ကွန်ပျူတာ ဗိုင်းရပ်စ်ကို စတင် တီထွင်ခဲ့ ပါသလဲ’ ဆိုပြီး ရှာဖွေလိုက်တဲ့အခါမှာ ရလာတဲ့ အဖြေပေါင်း ခြောက်သောင်းကျော်လောက် ကြားမှာ မူးနောက်နောက်ဖြစ်ပြီး ဟိုဟာပဲ မှန်သလိုလို၊ ဒီဟာပဲ မှန်သလိုလို တွေ့ရှိခံစားဖူးပါလိမ့်မယ်။ အဲဒီ ကိစ္စကို ကူညီဖို့ search engine လောကမှာ google တစ်ယောက်သာ အဆင်သင့် ရှိတာပါ။ ဒီလို ကြိုးစားကြည့်ရအောင် ၁။ google.com ရိုက်ပါ။ ၂။ Search box မှာ ‘first inventer of computer virus’ ဟုရိုက်ပါ။ပြီးလျှင် Enter မခေါက်ပါနှင့် ’search buttom’ ကို နှိပ်ပြီး မရှာဖွေခိုင်းလိုက်ပါနှင့်။ ၃။ search buttom ဘေးမှာရှိတဲ့ ‘I am feeling lucky’ဆိုတဲ့ buttom ကို နှိပ်လိုက်ပါ။ ၄။ အပြည့်စုံဆုံး အတိကျဆုံးနှင့် အမှန်ကန်ဆုံး အဖြေရှိတဲ့ website ထဲကို ရောက်ရှိ သွားပါလိမ့်မယ်။ ၅။ များသောအားဖြင့် အဲဒီ အဖြေဟာ wikipedia လို့ ခေါ်တဲ့ ကမ္ဘာ့စွယ်စုံကျမ်းထဲမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် အဲဒီ link ဟာ wiki ရဲ့ စာမျက်နှာမှာ ခေါင်းစဉ်နဲ့အတူ အဆင်ပြေပြေ ဖတ်ရှုနိုင်ပါတယ်။ ၆။ ဧရိယာအမှတ်အသားတွေလည်းနားလည်တယ်။ Email တွေ ယူတဲ့အခါမှာ ဧရိယာ code ကို ထည့်သွင်းပေးခဲ့ရဖူးတယ် မဟုတ်ပါလား။ တကယ်လို့ သင်ဟာ နိုင်ငံခြားမှာ ရောက်နေခဲ့တဲ့ လူတစ်ယောက်ဆိုရင် ရန်ကုန်က ဖုန်းနံပါတ် ၃၈၇၃၀၅ ဆိုတဲ့ ဖုန်းနံပါတ်ကို နှိပ်ဖို့အတွက် ၀၉၅-၀၁-၃၈၇၃၀၅ ဆိုတာကို နှိပ်ရမှာပါ။ အဲဒီ အရှေ့ ဆုံးက (၀၉၅) ဆိုတာဟာ မြန်မာနိုင်ငံရဲ့ area code ပါ။(၀၁) ဟာရန်ကုန်ရဲ့ area code ပေါ့။ ဒါကြောင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  အတွင်းမှာရှိတဲ့ ၃၈၇၃၀၅ ကို ချိတ်ဆက်ပေးပါလို့ ဆိုတာပါ။ ဒါကို google မှာ ရှာဖွေ ကြည့်လိုက်ပါ။ ၁၀။ ရာသီဥတု အခြေအနေတွေကိုလဲ သိရှိထားတယ်။ တစ်နေရာဆီ ခွဲခွာနေရလို့များ သင့်ရဲ့ ဇာတိချက်မြှုပ်မြေမှာ ဘယ်လိုမျိုး ရာသီဥတု ဆိုးရွားမှုတွေကို တွေ့ကြုံနေရပါလိမ့် ဆိုပြီး တွေးတော သောကဖြစ်နေစရာ မရှိပါဘူးခင်ဗျာ။ ရန်ကုန်က မိုးလေဝသ အခြေအနေကို သိချင်ရင် … ၁။ google.com ရိုက်ပါ။ ၂။ Search box မှာ yangon weather ဟုရိုက်ပါ။ ၃။ နေပူမိုးရွာ ပုံစံလေးကို ကာတွန်းပုံ သင်္ကေတလေးတွေနဲ့ကို ပြသပေးမှာ ဖြစ်ပြီး အောက်မှာ ရှိနေမယ့် Link ကတော့ အသေးစိတ် သိချင်သူတွေ ဆက်လက် လျှောက်လှမ်းသွားနိုင်မယ့် နေရာလေးတစ်ခုဖြစ်ပါတယ်။ ၁၁။ ဘာသာပြန် တစ်ယောက်လည်း ဖြစ်တယ်။ ဥပမာ အားဖြင့် ဂျပန်နိုင်ငံမှာ ဖွင့်လှစ် သင်ကြားနေတဲ့ ကျောင်းတွေကို လေ့လာချင်လို့ ရိုက်ကြည့်လိုက်တဲ့ အခါမှာ http://www.iujac.jp/j/ ကို စမ်းသပ်ကြည့်ပါ။ ဂျပန် ဘာသာစကားနဲ့ တည်ဆောက်ထားတဲ့ home page ကို သာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ထို့အတွက် FPRIVATE "TYPE=PICT;ALT=Huh?" တွေနဲ့ အဓိပ္ပာယ် ပြန်ဆိုလို့ မရနိုင်တဲ့ page တွေမှာ ယခင်အချိန်တွေ တုန်းကတော့ status bar အားကိုးနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ ဒီအတိုင်းကြိုးစားကြည့်ပါ။ ၁။ google.com ရိုက်ပါ။ ၂။ ဖွင့်မရ၊ ကြည့်မရ ဖြစ်နေတဲ့ လိပ်စာကို copy ကူးပြီး search box မှာ paste လုပ်ပါ။ ၃။ Enter ခေါက်ပါ။ ၄။ ပေါ်လာတဲ့ search မှာ ရှိတဲ့ ‘translate this page’ ကို Click နှိပ်ပါ။ ၅။ အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုထားတဲ့ home page တစ်ခုကို google မှ ဖန်တီးပေးပါလိမ့်မယ်။google ရဲ့ translation page ဟာ ဘာသာစကားပေါင်း ၂၀ ကျော်ကို ပြန်ဆို ရရှိနိုင်တဲ့ အတွက် အာရေဗျ နဲ့ အီတလီ တို့လို ဖတ်ရခက်တဲ့ ဘာသာစကားတွေနဲ့ ရေးသားထားတာကြောင့် website ကလေး လှပလို့ လှည့်ပတ် ကြည့်ရှုချင်သူတွေရဲ့ မချင့်မရဲ ဖြစ်တဲ့ စိတ်တွေ ပြေပျောက်စေမှာ အသေအချာပါပဲ။ ၁၂။ ရုပ်ရှင် ဗီဒီယိုသတင်းတွေကိုလည်း သူသိတယ်။ တလောက ရုံတင်သွားတဲ့ ဂျိမ်းစ်ဘွန်း ဇာတ်ကားသစ်ကို သတိရတယ် မဟုတ်လား။ မင်းသားက လူကြမ်းမျက်နှာပေးနဲ့ ငနဲလေး၊ ဒီလို movie သတင်းမျိုး လောက်ကတော့ google အတွက် အသေးအမွှားလေးတွေပေါ့။ ၁။ google.com ဟုရိုက်ပါ။ ၂။ Movie:Casino Royale ဟု search box မှာရိုက်ပါ။အဖြေကတော့ ၁၉၆၇ ခုနှစ်ကတည်းက ရိုက်ကူးခဲ့တဲ့ မူလရုပ်ရှင် Casinon Royale ရဲ့ အကြောင်းအရာကိုရော၊ ၂၀၀၆ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဒန်ရီရယ်ခရိတ် ပါဝင်တဲ့ ဇာတ်ကားအကြောင်းကိုရော Review တွေတင် ဖတ်ရမှာ မဟုတ်ဘဲ Casino Royale ရဲ့ ကျောရိုးဖြစ်တဲ့ စုံထောက်ဂျိမ်းစ်ဘွန်း ဇာတ်ကားတွေ အကြောင်းကိုပါ သိရှိရမှာ ဖြစ်ပါတယ်။ ၁၃။ ဂီတရဲ့ လျှို့ ဝှက်ချက်တွေလည်းရှိနေတယ်။ google ဟာ ဗီဒီယို ရုပ်ရှုင် တစ်ခုတည်းအတွက်တင် မဟုတ်ပါဘူး။ သီချင်းဂီတတွေ အတွက်ပါ အသုံးဝင်ပြီး ကျော်ကြားထင်ရှားတဲ့ ဂီတ သမားပေါင်း ထောင်ချီပြီး သူ့ရဲ့ server ထဲမှာ စုပေါင်း သိမ်းဆည်း ထားသလိုပါပဲ။ Search box မှာ လိုချင်တဲ့ အနုပညာရှင်ရဲ့ နာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ဥပမာ မိုက်ကယ်ဂျက်ဆင် ဆိုပါတော့၊ google ကနေ အလွှာသုံးခု၊ အပိုင်းသုံးပိုင်းနဲ့ ခွဲခြားပြီး ပြသပေးပါလိမ့်မယ်။ ပထမပိုင်း (Artists) ဆိုတာကတော့ “Michael Jackson” ဆိုတာကို ရိုက်ပြီး ရှာဖွေခဲ့တဲ့အတွက် “မိုက်ကယ်” နဲ့ “ဂျက်ဆင်” မျိုးနွယ်စုတွေနဲ့ တူညီတဲ့ အမည်နာမရှိတဲ့ အနုပညာရှင်တွေကို ပြသပေးမှာ ဖြစ်ပါတယ်။ဒုတိယ (Albums) ကတော့ မိုက်ကယ်ဂျက်ဆင် သီဆိုခဲ့တဲ့ သီချင်းခွေတွေ အယ်လ်ဘမ် cover အဖုံးတွေကို ဖော်ပြထားပြီး အဲဒီ အယ်လ်ဘမ်တွေထဲမှာ ဘယ်လို သီချင်းမျိုးတွေ ပါဝင်သလဲ ဆိုတာတွေကအစ ပါဝင်မှာ ဖြစ်ပါတယ်။တတိယ (songs) ကတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်းတွေနဲ့ တည်ရှိနေတဲ့ store တွေရဲ့ တည်နေရာနဲ့ လိပ်စာတွေကအစ ပါဝင်မှာ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်တဲ့ အဆိုတော် တစ်ယောက်ရဲ့ သီချင်းခွေတွေနဲ့ နှစ်သက်တဲ့ သီချင်းတွေကို ရှာဖွေကြည့်ဖို့အတွက် keyword ကတော့ “music:” ဖြစ်ပါတယ်။
၁၄။ google စွယ်စုံကျမ်း ဖန်တီးနိုင်ခြင်း။ ၁။ firefox browser ကို ဖွင့်ပါ။ ၂။ http://www.google.com ရိုက်ပါ။ ၃။ Search box မှာ သိချင်တဲ့ စကားလုံး၊ ဥပမာ- ‘hacker’ ကိုရိုက်ပါ။မြင်နေရတဲ့ မြင်ကွင်းဟာ သမရိုးကျ google ရဲ့မြင်ကွင်းပါ။ ဒါကို google နဲ့ wiki တို့ ပူးပေါင်းပေးနိုင်တဲ့ add-ons တစ်ခု လောက် ပေါင်းထည့်ကြည့်ရအောင်။ ၄။ tag အသစ်တစ်ခု ခေါ်ပါ။(Ctrl+T) ၅။ ရောက်လာတဲ့ next page မှာ http://add-ons.moxilla.org/firefox/2517 ဟုရိုက်ပါ။ ၆။ install Now ကို click နှိပ်ပါ။ (အဲဒီ add-ons ဟာ firefox version 1.5 နှင့် အထက်အတွက် အလုပ်လုပ်နိုင်ပါတယ်။) ၇။ ပေါ်လာတဲ့ box မှာ install Now ကို Click နှိပ်ပါ။ ဂ။ အခုဆိုရင် google pedia ကို install လုပ်နေပါပြီ။ပြီးရင် အောက်နားမှာ ရှိတဲ့ restart firefox buttom ကို click နှိပ်ပါ။ Firefox ကို restart ပြန်လုပ်ပေးပါလိမ့်မယ်။ ၉။ ယခုအခါမှာ Firefox ကို အသစ်ပြန်ခေါ် နိုင်ပါပြီ။address bar မှာ စမ်းသပ် ကြည့်ရအောင် Http://www.google.com ရိုက်ပါ။ ၁၀။ Hacker ဟု search box မှာရိုက်ပါ။ ၁၁။ မြင်တွေ့ရမယ့် မြင်ကွင်းဟာ ယခင်မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းမျိုး မဟုတ်တော့ဘဲ စကားလုံးတစ်ခုကို ရှာဖွေချင်တဲ့ အခါတိုင်းမှာ ဘေးနားကနေ google pedia တစ်ခုကနေ Frame နှစ်ခုခွဲပြီး ဖော်ပြ ပေးတာကို ပိုင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် google ကို ဖွင့်ကြည့်နေရင်းနဲ့မှ wiki ရဲ့ တန်းဖိုးရှိတဲ့ ဖွင့်ဆိုချက်တွေကို ရရှိနိုင်ပါလိမ့်မယ်။ ၁၅။ enlarge scripts ပေါင်းထည့်ခြင်း။ ၁။ Firefox ကို ခေါ်ပါ။ ၂။ images.google.com ဟုရိုက်ပါ။ ၃။ Search box မှာ vista ဟု ရိုက်ကြည့်ပါ။ အကြီးအသေး၊ အရွယ်အစား စုံလင်တဲ့ vista စတိုင်လေးများစွာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ သမားရိုးကျ google image ရဲ့ မြင်ကွင်းပါ။ကြိုးစားကြည့်ရအောင်။ ခန page တွေအားလုံးပြန်ပိတ်လိုက်ပြီးFirefox အသစ်ပြန်ခေါ်ပါ။ ၁။ http://www.grease-pot.net ဟု ရိုက်ပါ။ ၂။ ညာဘက်ထောင့်မှာရှိတဲ့ download greasemonkey ကို clickနှိပ်ပြီး install လုပ်ပါ။ ၃။ ပြီးရင် နောက်စာမျက်နှာမှာ http://userscript.org ကို ရိုက်ပါ။ ၄။ (install လုပ်နည်းနှင့် scripts များသွင်းနည်းကို မေလထုတ် ကွန်ပျူတာဂျာနယ် မှာ ဖော်ပြခဲ့ဖူးပါတယ်)greasemonkey ရောက် မရောက်ကို tools>greasemonkey> မှတစ်ဆင့် ကြည့်နိုင်သလို tool>add-ons များမှ တစ်ဆင့်လည်း ကြည့်နိုင်ပါသည်။ ၅။ User script များမှာ ဝင်ခွင့်ရဖို့ အတွက် a.sign up လုပ်ပြီး register မဖြစ်မနေ လုပ်ရပါလိမ့်မယ်။ b.ယုံကြည်စိတ်ချရတဲ့ website ဖြစ်တဲ့အတွက် gmail အပါအဝင် standard Mail များကို အသုံးပြုလို့ ရပါတယ်။ c.မှတ်ပုံတင်ဖြည့်၊ ပုံစံသွင်းပြီဆိုလျှင် သင့် Email ထဲကို အတည်ပြု ခိုင်းတဲ့ စာတစ်စောင်ကို userscripts ရဲ့ admin တွေဆီမှ ပို့လွှတ် လိုက်ပါလိမ့်မည်။ click နှိပ်ပြီး confirm လုပ်ပေးပါ။ d.သို့မှသာ user scripts ကို ဝင်လို့ရပါလိမ့်မယ်။ ၆။ Login form မှာ Email နှင့် password ဖြည့်သွင်းပြီး ဝင်ပါ။ ၇။ ပြီးရင် search box မှာ”google enlarge” ဟု ရိုက်ထည့်ပြီး ရှာဖွေပါ။ ၈။ ရလာတဲ့ အဖြေမှ install this script ကို click နှိပ်ပြီး install လုပ်ပါ။ ၉။ Scripts ဟာ greasemonkey ရဲ့ scripts ဂိုဒေါင်ထဲကို ဝင်ရောက် သွားပါလိမ့်မည်။ ၁၀။ ပြီးရင် browser ကို ပိတ်ပစ်လိုက်ပါ။ ၁၁။ ခဏကြာလျှင် Firefox ကို ပြန်ဖွင့်ပါ။  http://www.google.com ရိုက်ပါ။ Search box မှာ vista ရိုက်ပါ။ ရလာတဲ့ scripts ရဲ့ အဖြေဟာ image လှလှလေးများကိုရှာချင်သူတွေအတွက် တွေ့ရပါမယ်။ Search မြင်ကွင်းမှာ ရှိတဲ့ ပုံသေးသေးလေးတွေကို image size ချဲ့ ပြီး ထပ်မံပြပေးပါတယ်။

အင်တာနက် မှ ရှာဖွေနည်းများ

ကျွန်တော်တို့ Search Engine များဖြစ်ကြတဲ့ Google,Yahoo,MSN တို့ကို ကောင်းမွန်စွာ မိမိလိုချင်သိချင်တဲ့ အကြောင်းအရာများကို ရှာဖွေတက်ပြီလား..။ ကွန်ပျူတာ အသုံးပြုသူများ အနေဖြင့်တစ်နည်း မဟုတ် တစ်နည်းကွန်ပျူတာ ဆိုင်ရာပြသာများနှင့် ကြုံတွေ့ကြရာဝယ် ဖြေရှင်းနိုင်ဖို့ နည်းနာ နိသာယများ၊နောက်ဆုံးပေါ် software products များ၊ဗိုင်းရပ်နှင့် ပတ်သက်သော အကြောင်းအရာများသတင်း အချက်အလက်များကို ရှာဖွေဖို့လိုအပ်လာပါပြီ သင် မည်သည်နည်းနှင့် သင်လိုချင်သော အရာများ အခက်အခဲ များကို ဖြေရှင်းခဲ့ပါသလဲ ....နည်းပညာဆိုင်ရာ မြန်မာဖိုရမ်များ၊ဘလော့များတွင် သွားရောက်မေးမြန်း ခဲ့တာ လား?နီးစပ်ရာ ကျွမ်းကျင်သူများမှ အကူအညီတောင်းခံ ဖြေရှင်းခဲ့တာလား ? ဒါမှ မဟုတ် သင်ကိုယ်တိုင် သင့်ပြဿနာ လိုအပ်ချက်များကို ရှာဖွေ ဖြေရှင်းနိုင်ခဲ့တာလား နောက်ဆုံးမေးမြန်းချင်တာ တစ်ခုက သင် Search Engine များကို ထိရောက်စွာအသုံးပြုတက်ပြီလားဆိုတာပါပဲ အောက်ဖော်ပြ အချက်အလက်များက တော့ အင်တာနက်မှ လိုချင်တဲ့ Informations များ ကို ပိုမိုတိကျ ကောင်းမွန်သော result များရရှိအောင် keyword များနှင့် အပေါင်း(+) ၊ အနှုတ်(-)၊လက္ခဏာများဖြင့် တွဲဖက်အသုံးပြုပုံ တွေဖြစ်ပါတယ်...။ Search Engine အပေါ်လိုက်ပြီး အနည်းငယ် ကွဲပြားမှု့ ရှိနိုင်ပေမဲ့ Search Engine အများစုမှာ သုံးနိုင်တဲ့ အခြေခံ အကျဆုံး tip များပဲဖြစ်ပါတယ်Tip1) "1" ကို ကိုယ်အဓိကလိုချင်တဲ့ အရေးကြီးဆုံးဖြစ်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါတယ်ဒါမှသာ မလိုအပ်ပဲ Related index များကို ရှာဖွေခြင်းမှ ရှောင်ရှားနိုင်ပြီး page index အားလုံးမှာမိမိသတ်မှတ်ပေးထားတဲ့ Keyword ပါကို ပါရမည်ဟု စေခိုင်းလိုက်ခြင်းဖြစ်ပါတယ်ဥပမာ - +ဖန်ခါးမြေ+ကိုဖြိုးငြိမ်း(သတိထားရမှာကတော့ + နှင့် keyword ကြားတွင် space bar မခြားရပါ)ဒါဆိုရင် ရရှိလာတဲ့ webpage စာမျက်နှာတိုင်းမှာ ဖန်ခါးမြေ၊ကိုဖြိုးငြိမ်း ဆိုတဲ့ စကားလုံးနှစ်လုံး ပါဝင်လာမှာဖြစ်ပါတယ်Tip2)"-" အင်တာနက်မှ ရှာဖွေရာတွင် တစ်ခါတစ်ရံမှာ မိမိ ရှာဖွေသော အကြောင်းအရာနှင့် တိုက်ဆိုင်ဆီလျှော်ခြင်းမရှိသော အကြောင်းအရာများ ကန့်လန့် ကန့်လန့် ပါဝင်နေလေ့ရှိပါတယ် မြန်မာဘာသာစကားနှင့် ရှာဖွေရာတွင် ပိုမိုသိသာစွာ ကြုံတွေ့ရတာကို တွေ့ရပါတယ် "-"ကိုတော့ ကိုယ်မလိုချင်တဲ့keyword ပါတဲ့ webpage များကို ချန်လှပ်ခဲ့ဖို့ ခိုင်းလိုက်တာပဲ ဖြစ်ပါတယ်ဥပမာ - -ကိုဖြိုးငြိမ်း+ဖန်ခါးမြေResult အဖြစ် SEO မှရှာဖွေပေးလိုက်သော web page စာမျက်နှာတိုင်းတွင် ကိုဖြိုးငြိမ်း ဆိုသောစကားလုံး လုံးဝ ပါဝင်မှာမဟုတ်ပါဘူးTip3) keyword တစ်ခုတည်းသာ မဟုတ်ပဲ phrase စကားစု၊အသုံးအနှုန်းများကို ရှာဖွေလိုတဲ့အခါမှာdouble quotation " " ကိုအသုံးပြုရပါတယ် ဒါမှသာ SEO မှာ သတ်မှတ်ထားတဲ့ စကားစု ပါဝင်တဲ့web page များကိုသာလျှင် ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်ဥပမာ- " somebody dream about you every single night"result အနေနဲ့ ကတော့ " somebody dream's about you every single night" ပါရှိတဲ့ webpageများကိုသာ ဖော်ပြပေးပါလိမ့်မယ်Tip 4) Tilde(~) ဆိုတဲ့ သင်္ကေတ ဟာ သင်္ချာဘာသာရပ်မှာ အနီးစပ်ဆုံး approximately ဆိုတဲ့သဘောဆောင်တယ်ဆိုတာ အများသိပြီးဖြစ်ပါတယ် ဒီ operator ကိုအသုံးပြုပြီးတော့ ကျွန်တော်တို့အကြောင်းအရာတစ်ခုနှင့် ဆက်နွယ်သော web page မှန်သမျှကို ရှာဖွေချင်တဲ့အခါတွင် အသုံးပြုနိုင်ပါသည်ဥပမာ computer~hacksဟုရှာဖွေလျှင် hack နှင့်ဆင်တူ ဆက်နွယ်သော web page စာမျက်နှာများကို ဖော်ပြပေးပါလိမ့်မယ်Tip 5) စကားစု(phrase) များနှင့် စကားလုံးများကို တွဲဖက်အသုံးပြုလိုတဲ့ အခါမှာတော့ +,-" " သင်္ကေတ ပုံစံဖြင့် ရှာဖွေနိုင်ပါတယ်ဥပမာ- +"The others"+ house-ghostဒါဆိုရင်တော့ Search Engine ကို The others ဆိုတဲ့ စကားစုပါရမယ် house ဆိုတဲ့ စကားလုံးလဲပါရမယ် ghost ဆိုတဲ့ စကားလုံးမပါဝင်တဲ့ webpage များကို ရွေးချယ်ရှာဖွေ ခိုင်းလိုက်တာပဲ ဖြစ်ပါ တယ်Tip 6)အင်တာနက်တွင် ရှာဖွေရာတွင် stop words လို့ခေါ်တဲ့ a,an,by,the,be အစရှိသော စကားလုံးများဟာ အင်္ဂလိပ်စာတွင် မကြာခဏအသုံးပြုလေ့ ရှိတဲ့အတွက် ဒီစကားလုံးများကို ထည့်သွင်းရှာဖွေခြင်းဖြင့် ထိ ရောက် မှု့ မရှိတဲ့အပြင် ရှာဖွေမှု့ အချိန်ကို ပိုမိုကြန့်ကြာစေပါတယ် ဥပမာ အားဖြင့် the personal firewall ဟုထည့်သွင်းရှာဖွေလိုက်တဲ့ အခါမှာ "the" ဟာ web page တိုင်းတွင်ပါဝင် နိုင်သော စကားလုံးဖြစ်တဲ့ အတွက် ရှာဖွေချိန်ကို မလိုအပ်ပဲ ကြာမြင့်စေပါတယ် ဒီတော့ stop words ကို ရှာဖွေရာတွင် အသုံးမပြုပဲ ဖယ်ထားသင့်ပါတယ်Tip 7)လိုအပ်တဲ့ အကြောင်းအရာများကို အင်တာနက်ပေါ်တွင် ရှာဖွေတဲ့ အခါမှာ မိမိလိုချင်တဲ့ file typeအမျိုးအစားကို "filetype:" ဆိုတဲ့ syntax အသုံးပြုပြီး တစ်ခါတည်း သတ်မှတ်ရှာဖွေ ခိုင်းနိုင်ပါတယ်ဥပမာ - "Search Engine"filetype:pdfTip 8)ကိုင်ပိုင် ၀က်ဆိုဒ်၊ဘလော့ ရှိသူများအနေဖြင့် မိမိ ဆိုဒ်အား မည်သည့် ဆိုဒ် ဘလော့မှ လင့်ထားသလဲ သိလိုလျှင် link: ဆိုတဲ့ syntax ကိုအသုံးပြုနိင်ပါတယ်ဥပမာ-link:www.fankharmyay.co.ccTip 9) word,term or phrase တစ်ခုခုရဲ့ means ကိုသိလိုတဲ့ အခါမှာ "define:" ဆိုတဲ့ syntaxကိုအသုံးပြုပြီး ရှာဖွေနိင်ပါတယ်ဥပမာ- define:NASAresult အနေနဲ့ကတော့ NASA ရဲ့ means "National Aeronautics and Space Administration"အပြင် NASA ဆိုတဲ့ စကားလုံးနှင့် ပက်သက်ဆက်နွယ်သော အကြောင်းအရာများ သမိုင်းကြောင်းများကိုပါ ရှာဖွေပေးပါလိမ့်မယ်Tip 10)ebook များ၊software များ ၊mp3 သီချင်းများ ကို ဒေါင်းလုပ်ချရန် ရှာဖွေရာတွင်Index of/SEO/books ဆိုတဲ့ syntax ပုံစံအတိုင်းရှာဖွေနိုင်ပါတယ်Tip 11) အင်တာနက်မှ မိမိ နှစ်သက်သဘောကျတဲ့ song lyric များကို အောက်ပါ operator ကိုအသုံးပြုပြီး ရှာဖွေနိုင်ပါတယ်ဥပမာ - “Friday I am in love” lyricsအခြား အသုံးပြုနိုင်တဲ့ Advanced Operators များကတော့..." cache:", " related:" , " info:" ," stocks:" ," site:" ," allintitle: " ," intitle:" ," allinurl:" ," inurl:" ," safesearch:" စသည်တို့ ဖြစ်ကြပါတယ်..။

11 November, 2009

အတိတ်

အတိတ်တွေနဲ့ ရောထွေးစုပုံထားတဲ့ အတွေးတွေကို သိုဝှက်သိမ်းထားခဲ့ တာကြာပါပြီ...

ကြီကျယ်ခမ်းနားပြီး ယုံပါဆိုတာလောက်နဲ့  မေတ္တာတရားကိုအလွဲသုံးစား မလုပ်ပါနဲ့...

တစ်ချိန်က မင်းပေးခဲ့တဲ့ အချစ်တွေဟာ ကိုယ့်ကို ထိုးမယ့်ဓားမှန်း မသိခဲ့ပါဘူး...

ပစ်စလက်ခတ် မဖြစ်ချင်ခဲ့ပေမယ့်  နှလုံးသားက ဖျားနာမှုကိုတော့ မျက်စပစ် ပြနေပါပြီ...

ရက်စက်ခြင်းကို မေ့ဆေးကျွေးရုံနဲ- ဒဏ်ရာတွေအေးခဲသွား ရင်သိပ်ကောင်းမှာပဲ...

နောက်ဆုံးတော့ အဆုံးသတ်မကောင်းတဲ့  ဇာတ်လမ်းတစ်ပုဒ်ကို ဒဏ်ရာတွေ တနင့်တပိုးနဲ့....

နာကျင်နေလဲ ရိုးရိုးလေးပဲ သရုပ်ဆောင်ပေးပါ့မ ယ် ...ကောင်မလေးရယ်...

အချစ်မခံရရင် နေပါစေ... အပစ်တော့ မခံချင်ဘူး...

လူတိုင်းမှာ အမှတ်တရဆိုတာ ရှိမှာပါ... အမှတ်တရ ဆိုတာ ပြုသူနဲ့ မဆိုင်ပါဘူး.... သိမ်းထားချင်သူရဲ့ လေးနက်မှုပေါ်မှာပဲ မှုတည်ပါတယ်

ညာနေမှန်း သိရက်နဲ့ အညာခံလိုက်ရတာလည်း အရှုံးထဲက အပြုံးတစ်ခုပါပဲ