>

14 July, 2011

မင်္ဂလာလက်ဖွဲ့

မကြင်နာလို့ ထားခဲ့ပြီးပြီပဲ

ရင်နာမယ့် စကားတော့

မကြားပါရစေနဲ့လား

တမင်တကာရှောင်ရင်း

မင်္ဂလာဆောင်နှင်းသွားတဲ့...နင်

တစ်သက်မက ယုံချင်ပေမယ့်

အမှတ်တရ ပုံပြင်တွေသာကျန်

ပုံမှန်လက်ရေးတွေက

စုံကန်ထွက်ပြေးချင်နေမှတော့

ဘဝတစ်လျောက်လုံးအတွက်

ပျောက်ဆုံးတော့မယ့်

အမှတ်တမဲ့လေးတွေကို

ငါ့ရဲ့...

နောက်ဆုံးလက်ဖွဲ့ အဖြစ်ပေးခဲ့ပါရစေ။   ။


3 comments: