>

20 June, 2011

ကျရှုံးခြင်းဟူသည်


ကျရှုံးခြင်းဆိုတာ မင်းကို အရှုံးသမားတစ်ယောက်လို့ ဆိုလိုတာ မဟုတ်ပါဘူး

ခုထိတော့ မင်းမအောင်မြင်သေးတာကို ဆိုလိုတာပါ

ကျရှုံးတယ်ဆိုတာ မင်းဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိသေးဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး

မင်းအနေနဲ့ တခုခုကို လေ့လာပြီးခဲ့တာကို ဆိုလိုတာပါ။

ကျရှုံးတယ်ဆိုတာ မင်းကို လူနုံလူအ တစ်ယောက်လို့ မဆိုလိုပါဘူး။

မင်းမှာ ယုံကြည်မှု အများကြီး ရှိနေတယ် လို့ ဆိုလိုတာပါ။

ကျရှုံးမှုဆိုတာ မင်းကို အရှက်ကွဲအကျိုးနဲစေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး

မင်းအနေနဲ့ ကြိုးစားဖို့ဆန္ဒရှိနေတာ ကို ဆိုလိုတာပါ

ကျရှုံးခြင်းဆိုတာ မင်းမှာ အဲဒီဟာ မရှိဘူးလို့  ဆိုလိုတာ မဟုတ်ပါဘူး

မင်းမှာ ခြားနားတဲ့ နည်းလမ်းနဲ့  တစ်ခုခု လုပ်စရာရှိတာကို ဆိုလိုတာပါ

ကျရှုံးတယ်ဆိုတာ မင်းဟာ အရည်သွေးညံ့နေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး

ခြောက်ပစ်ကင်း မဟုတ်ဘူးလို့  ဆိုလိုတာပါ

ကျရှုံးတယ်ဆိုတာ မင်းရဲ့ဘ၀ကို ဖြုန်းတီးပစ်လိုက်တယ်လို့ မဆိုလိုပါဘူး

အသစ်တဖန် ပြန်စဖို့ အကြောင်းပြချက်ရလိုက်တာလို့ ဆိုလိုတာပါ။

ကျရှုံးတယ်ဆိုတာ လက်လျော့လိုက်သင့်တယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး

ပိုပိုပြီး ကြိုးစားသင့်တယ်လို့ ဆိုလိုတာပါ။

ကျရှုံးတယ်ဆိုတာ အဲဒါကို ဘယ်တော့မှ မင်းလုပ်လို့ မရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး

အချိန်နဲနဲ ပိုယူရလိမ့်မယ် လို့ဆိုလိုတာပါ။

3 comments:

  1. ဟုတ်ကဲ့ မှတ်သားသွားပါတယ်နော် ....

    ReplyDelete
  2. စိတ်ညစ်နေတဲ့အခါဝင်ဖတ်တော့ ကိုယ့်စိတ်ကိုပြန်အားပေးရာရောက်သွားတယ်။ ကျေးဇူးနော်။

    ReplyDelete