၃နဲ့၎နဲ့အဖြစ်လို
ကျောချင်းကပ် အနေအထားနဲ့
ဆန့်ကျင်ဘက်အရပ်ကို
ခြေတစ်လှမ်းလှမ်းတိုင်း
မျက်ရည်တစ်စက် ဘာလို့ကျနေရတာလဲ။
ပေးဆပ်သူလို့လည်း ဟန်မဆောင်လိုပါဘူး
ပိုင်ဆိုင်လိုစိတ် နည်းနည်းတော့ရှိခဲ့တာပဲလေ
အချစ်ကြီးရင် အမျက်လည်းကြီးတတ်တယ်တဲ့
ကြီးမားတဲ့အချစ်တစ်ခုတော့ သူ့အပေါ်ထားခဲ့ဖူးပါရဲ့
ဒါပေမဲ့ မုန်းမျက်လို့မရခဲ.ပါဘူး။
ဦးနှောက်နဲ့ မာနရဲ့စေခိုင်းရာကို
လိုက်နာခဲ.ရတာ
နှလုံးသားက ဓားစာခံပေါ့
တောင်းတဲ့ဆုတိုင်းသာပြည့်မယ်ဆိုရင်
ဖြစ်ချင်တာနဲ့ဖြစ်နေတာ ထပ်တူကျပါရစေ။
ကျောချင်းကပ် အနေအထားနဲ့
ဆန့်ကျင်ဘက်အရပ်ကို
ခြေတစ်လှမ်းလှမ်းတိုင်း
မျက်ရည်တစ်စက် ဘာလို့ကျနေရတာလဲ။
ပေးဆပ်သူလို့လည်း ဟန်မဆောင်လိုပါ
ပိုင်ဆိုင်လိုစိတ် နည်းနည်းတော့ရှိခဲ့တာပဲလေ
အချစ်ကြီးရင် အမျက်လည်းကြီးတတ်
ကြီးမားတဲ့အချစ်တစ်ခုတော့ သူ့အေ
ဒါပေမဲ့ မုန်းမျက်လို့မရခဲ.ပါဘူး
ဦးနှောက်နဲ့ မာနရဲ့စေခိုင်းရာကို
လိုက်နာခဲ.ရတာ
နှလုံးသားက ဓားစာခံပေါ့
တောင်းတဲ့ဆုတိုင်းသာပြည့်မယ်ဆိုရင်
ဖြစ်ချင်တာနဲ့ဖြစ်နေတာ ထပ်တူကျပါ
လောကမှာ လူတွေမှာရွေးစရာ၂လမ်းပဲရှိတယ်လေ..........
ReplyDeleteပျော်ရင်ပျော်၊ မပျော်ရင်မော်နိုင်ရမယ်တဲ့....
မင်းရွေးတဲ့လမ်းမှာကော............................