သီကုံးခဲ့တဲ့ အလွမ်းတွေ
ကြိုးပြတ်ကျတဲ့ နေ့ ……
အခန်းထဲက လဲပြိုနေတဲ့
ဂီတာမှာ ကြိုးတွေ မရှိဘူး …
ပြတင်းပေါက်က ခုန်ထွက်ဖို့
ကြိုးစားနေတဲ့ ငါ့ရဲ့ မွမ်းကျပ်မှုတွေ …..
တော်ပါတော့ ….
လုံလောက်ခဲ့ပါပြီ …..
ပြန့်ကျဲ နေတဲ့ ကဗျာတွေ
ငါ လစ်လျူရှု့ထားတယ် …
သူတို့လည်း ငိုချင်မှာပေါ့ …
ငါ မတားပါဘူး …… …..
ငါ မပြောတော့ဘူး …….
အင်္ကျီ ဟောင်းတစ်ထည်ပေါ်က
ဆွေးမြေ့ ဒဏ်ရာတွေ ….
မလျှော်တော့ဘူး ….
သိမ်းထားလိုက်မယ်…
ခုချိန် ………
ငါ့ မှာ ချမ်းသာတာ ….
အလွမ်းတွေပဲ ရှိတယ် ……….. ။ ။
ခုချိန် ………
ReplyDeleteငါ့ မှာ ချမ်းသာတာ ….
အလွမ်းတွေပဲ ရှိတယ် ……….. ။
အားပေးသွားတယ်နော် ....
ReplyDeleteကျေးဇူးတင်ပါတယ်....
ReplyDelete