21 June, 2010

Love's Diary

Love is war for some
there are well known words
"there is no good or bad
in war and love"
so how can you offense ?
Love a beautiful things for some
love is just for a moment for them
Love is hearing sweet words for some
Love is just a scary movie for some
start with excitation
and end with nothing
love is a coffee for some.
But love is alcohol for some
for them,
love make them drunk all times

Well, Love is poem for me
I can make my love pretty one
I can make my love hear a good voice
I can make my love felt a exciting things
I can make my love a Cappuccino coffees
I can make my love screwed at loving me.

There there, my little gentle girl
You little are my poem.
 So, just as a pirce
 let me kiss on you chinks for once
Well, my little gentle girl
love is the poem of heart which have start
and should never end!

                                                                  Soul

My little gentle love

My little gentle love
If someone asked me
" How do you love your girl ? "
I'll ans like a 5 yr old kidz
" I love her like a big blue sky "
( see ? the stars laughing at my words )
They shout " thar du " three times
When i donated my heart to you
I was foolish again and again for you
Sometime living silence
Make the heart hurts
So, just for both of us
Speak more like a talkactive one
My Little Gentle love
The fake kindness you gave me
Is the big price for me
And love is the heart's poem
Which have good start
But should never end!.

                                                                               Soul

20 June, 2010

လမ်းခွဲ

ကောင်မလေး ။    ။ ငါ့တို့လမ်းခွဲကြရအောင်....
ကောင်လေး ။     ။ ဘယ်လိုမှ စေ့စပ်ကြည့်လို့မရတော့ဖူးလား "ကောင်မလေး" ရယ်
ကောင်မလေး ။   ။ အင်း..... ဘယ်တော့မှဘယ်လိုမှ.....
ကောင်လေး ။     ။ ငါ့ကို ခဏလောက်တော့အချိန်ပေးပါဟာ...
ကောင်မလေး။   ။ ဘယ်လောက်လဲ... ၁ လ လား ၁ နှစ်လား ငါမစောင့်နိုင်တော့ဖူး...
ကောင်လေး ။    ။ မဟုတ်ပါဖူး တစ်မိနစ်ထဲရယ်ပါ....
                      
နင်မရှိတော့မယ့်နောက် ကွယ်ပျောက်သွားမဲ့ ငါ့မျက်ဝန်းတွေက အလင်းရောင်အတွက်
တစ်ဘ၀စာ တစ်မိနစ်စာ ပိုကြည့်ခွင့်လေးပါပဲ.... ပြီးရင် နင်သွားပါ.....ပြန်လှည့်မကြည့်ပါနဲ့။
( ဒါပေမယ့် နင်ငါ့အမြင်အာရုံတဆုံးက ပျောက်ကွယ်သွားရင်တောင် ငါ့ရင်ထဲမှာ              အမြဲရှင်သန်နေမှာပါ... ) ဘာကြောင့်နင်လမ်းခွဲ သွားလည်း ငါကိုယ်တိုင်သိလည်း ဘယ်လိုမှ မတားရက်ခဲ့တာပါ...နင်ဘယ်သူနဲ့ ဘယ်လိုပဲ ပျော်နေပါစေ ငါကျေနပ်ပါတယ်။

ချစ်ဦးမေ

လွမ်းရစ်မြူဝေ

ဆိုင်းခိုလေသလား

ရင်ကိုခါးသက်

အိမ်မက်ပျက်စီး

အနီးဆုံးလည်း.......

ငါ့မှာသောကမဲ့ခဲ့ပြီ။


တိမ်ထူညအဆင်း

ဖော်မဲ့ခြင်းမှာ

တမ်းတခါခါ

မင်းတယောက်သာမို့

လွမ်းရည်ညှိ့တက်

လွမ်းရက်ဆက်ပြီ

လွမ်းရစ်မြူဝေ....

ချစ်ဦးမေ။  ။

19 June, 2010

အမေ

ဆင်းရဲခြင်းဆိုတဲ့
အခြေခံလူတန်းစား အင်္ကျီကိုဝတ်
နွမ်းလှတဲ့ မာနတွေနဲ့အတူ
အဖေသိလား...
အဖေမရှိတော့တဲ့နောက်
သားတို့မှာ ဘာမှ မကျန်ခဲ့ဖူး....။
အမေ့မှာတော့ ရွေတောင်ကြီးပြို
သွားလေချင်းဆိုပြီး အပြည့်အဝ
လွမ်းဆွတ်ခွင့်တောင်မရခဲ့ဖူး...
ငါ့သား ငါ့ သွေးဆိုတဲ့ အတ္တတခုနဲ့တင်
သူ့ဘ၀ အစကပြန်စခဲ့တယ်..။
ဘယ်သူ့ဘယ်သူ ရဲ့အကူအညီမျိုးကိုမှ
မယူပဲ ကျွှန်တော့ဘ၀ ဒီနေ့ဒီမျှထိ
အမေ့ရဲ့ ချွှေးတွေသွေးတွေနဲ့
တည်ဆောက်ပေးခဲ့တာ....။
ကျွှန်တော့ ဘ၀သက်တမ်းတလျှောက်
“ အဲ့ ဒါမုဆိုးမ သားပေါ့”
ဆိုတဲ့ နိမ်ချတဲ့ အကြည့်မျိုးတွေ
နိမ်ချတဲ့အပြောမျိုးတွေ
တခါမှမခံခဲ့ရဖူး...။
ဘယ်အရာကိုမှ လိုချင်ဘာတယ်
ဆိုပြီး ဖွင့်ပြောခွင့်တောင်မရလိုက်ဖူး
အမေဖြည့်ဆည်းပေးခဲ့တာပဲ...။
ဒါတောင်မှ မသိတတ်မလိမ်မာတဲ့
သားမိုက်ရဲ့အပြစ်တွေကြောင့်
ချစ်လှစွာတဲ့ အမေနဲ့အဝေးမှာ
ရောက်နေရတယ်။
“လူ့အောက်ကျို့ လို့ လူပိမသေပါဖူးသားရယ်
အမေ ဘယ်လောက်ပဲအောက်ကျို့ရပါစေ
သားရဲ့ မျက်နှာ တချက်ညှိးသွားမှာကြောက်ပါတယ်”
တဲ့ အမေ့ရဲ့စကားလေ...
အမေရယ်.....
သားမိုက်ခဲ့မိတဲ့ အတွက်
အမေနဲ့ အတူမနေရပေမယ့်
သားက အမေ့မေတ္တာလောင်းရိပ်အောက်က
ဘယ်တော့မှ ထွက်ခွာသွားနိုင်မှာမဟုတ်ဖူး..။
ဘယ်လောက်ပဲပေခဲ့တေခဲ့
အမေ့ကို ဘယ်လောက်ပဲ
မျက်ရည်ကျအောင်လုပ်ခဲ့လုပ်ခဲ့
“ အမေ သားကလေ... ”
ဆိုပြီး ချွှဲလိုက်တိုင်း
အမေ့မျက်နှာပေါက လျှော့သွားတဲ့
တင်းမာရိပ်တွေ....
အမေ့မျက်နှာပေါက ပီတိအပြုံးတွေကို
သားဘယ်တော့များမှ မေ့နိုင်ရက်ပါ့မလဲအမေရယ်။
ကံဇာတ်ဆရာရဲ့ စာမျက်နှာ
အလှည့်အပြောင်းကြောင့်
အမေ့ရဲ့အဝေးတနေရာမှာ
ရောက်နေရပေမဲ့..
အမေ့ရဲ့ ရင်ထည်းမှာတော့
သားက ထာဝရရှိနေမှာသေချာပါတယ်။
သားလုပ်ခဲ့တဲ့အပြစ်တွေ
သားအတွက်ကျခဲ့ရတဲ့
အမေ့မျက်ရည်တွေကို
ကျေစေဖို့ သားဒီကဗျာလေးနဲ့
အဝေးတနေရာကနေ
မေမေ့ကို ဦးချကတော့လိုက်ပါတယ်....အမေ ။   ။

အကယ်၍သာ

အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။

အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .


အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. . . . . .။

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။


အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .။


အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်ေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။

ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။

                                                                   ဒေါ်အောင်ဆန်းစုကြည်

16 June, 2010

ချစ်သူကိုနမ်းခြင်းဖြင့်ကျန်းမာရေးထောက်ကူပေးပုံ

သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။
RefMy suboo.comမှတဆင့်ကူးယူဖော်ပြသည် ။    ။
မူလဆောင်းပါးကိုပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။မူလဆောင်းပါးဧ။်အနှစ်အရသာ
ပျောက်ပျက်သွားမည်ဖြစ်သောကြောင့်ကော်ပီဖော်ပြထားခြင်းဖြစ်ပါသည်။

13 June, 2010

ပုဂံ ရဲ့ ကျက်သရေဆောင် ဘုရားစေတီ ပုထိုးပုံတွေပါ . . . . .


ရွှေစည်းခုံပုံပါ




ဓမ္မရံကြီးဘုရားပုံပါ။ ပုဂံမှာ တော့ ထုထည် အကြီးဆုံး ဘုရားပါပဲ 


ပုဂံမှာ မိုးများပြီး သရပါ တံခါး ပြိုကျ ပျက်စီးသွားတာကို ပြန်လည် ပြုပြင်နေတုန်း ရိုက်ထားတာပါ။



ဒါလဲ သရပါ တံခါးပုံပဲ . . .



ကျန်စစ်မင်း တည်ခဲ့တဲ့ အာနန္ဒာ စေတီပုံပါ . . .



ဒါကတော့ ပုဂံ SunSet ပုံပါဗျာ . . .  ရွှေဆံတော် ဘုရားပေါ်က ရိုက်ထားတာပါ . . . .
 ရွှေဆံတော်ဆိုတာ SunSet ကြည့်လို့ အကောင်းဆုံး တစ်နေရာပေါ့ . . . .




ဗူး ဘုရားပုံတော်ပါ . . . . ဧရာဝတီ မြစ်ကမ်းဘေးက ဗူးဘုရားကို လဲ ဖူးတွေ့ရသည်  ဆိုတဲ့ သီချင်းထဲကလိုပါပဲ . . .
အရမ်း ကြည်ညိုစရာကောင်းပါတယ်ဗျာ . . .




ဓမ္မရံကြီး ဘုရားအတွင်းက
ရုပ်ပွားဆင်းတု ပုံကို အလင်းပေး ရိုက်ထားတာပါ . . . .




ဒါက ရွှေဆံတော် ဘုရားပေါ်ကို
 ကိုရင်လေး SunSet ကြည့်မလို့ တက်လာတဲ့ပုံ လေးပါ . . . .




Bagan View ပေါ့ . . . .
ရှင်အဇ္ဖျဂေါဏ ဘုရား ထီးတင်တုန်း
( 6-Jul-2009 ) ငြမ်းအပေါ်က တက်ရိုက်ထားတာပါ . . . . ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ် . . . .




ဒါက ရှင်အဇ္ဖျ ဂေါဏ ဘုရား ဆင်းတုပုံပါ  . . . .
ပုဂံကို ရွှေမိုး ငွေမိုး သွန်းဖြိုးစေတယ်လို့ ဆိုကြတဲ့
ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံး တစ်ဖက် ပိုင်ရှင်
ရှင်အဇ္ဖျဂေါဏ မထေရ် တည်ထားကိုးကွယ်ခဲ့တာပါ . .
အဓိဌာန် အောင်ပါတယ် . . . .




ကျွန်းနက်သားနဲ့ ထုဆစ်ထားတဲ့ ဌာပနာထည့် ဆင်းတု ပုံတော်ပါ . . . .
Down Load ဆွဲပြီး အဆောင်အဖြစ်ထားလို့ ရပါတယ် . . .
ရှားပါးသလို တန်ခိုးလဲ ကြီးပါတယ် . . . .



အထွဋ် အထိပ်မှာ အမြဲ ရှိတဲ့ စိန်ဖူးတော်ပုံပါဗျာ . .
ရှင်အဇ္ဖျဂေါဏ ဘုရားမှာ တင်မယ့် စိန်ဖူးတော်ပါ . . .

                                                                      ကူးယူဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်.....