>

07 January, 2010

မှတ်သားစရာများ

လင်းယုန်ငှက်တစ်ကောင်သည် သစ်ပင်ပေါ်တွင် နားကာ ဘာမှမလုပ်ဘဲ ထိုင်နေသည်။ ယုန်ငယ်လေးတစ်ကောင်က လင်းယုန်ကို မြင်သွားပြီး မေးကြည့်သည်။
”ကျွန်တော်ရော ခင်ဗျားလို ထိုင်ပြီး ဘာမှ မလုပ်ဘဲ နေလို့ရနိုင်လား”
”သိပ်ရတာပေါ့..ဘာလို့ မရရမှာလဲ” ဟု. လင်းယုန်က ဖြေ၏
ထို့ကြောင့် ယုန်သည် လင်းယုန်အောက်ဘက် မြေပြင်ပေါ်တွင်ထိုင်ကာ အနားယူနေလေသည်။ ဗြုန်းခနဲ မြေခွေးတစ်ကောင် ရောက်လာကာ ယုန်ပေါ်ခုန်အုပ်ပြီး စားပစ်လိုက်လောတော့၏

သင်ခန်းစာ-ဘာမှမလုပ်ဘဲ ထိုင်ပြီး နေနေဖို့ဆိုပါက သင်သည် အလွန့် အလွန်အမြင့်မှာ ထိုင်နေရမှ ဖြစ်ပေမည်



ငှက်ကလေးတစ်ကောင်သည် ဆောင်းခိုရန်အတွက် တောင်အရပ်သို့ ပျံသန်းလာလေသည်။အလွန်အေးသောကြောင့် အအေးဒဏ်ခံစားရပြီး ငှက်သည် ကွင်းကျယ်ကြီးထဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ မြေပြင်ပေါ်လဲနေခိုက် နွားမတစ်ကောင်ရောက်လာပြီး ငှက်အပေါ် မစင်စွန့်ချလိုက်သည်။
ထိုအခါ အအေးဒဏ်ခံစားနေရသည့် ငှက်အနေဖြင့် နွားချေးပုံ၏ နွေးထွေးမှုကို စတင်နားလည် လာသည်။နွားချေးက သူ့ကို အမှန်တကယ် နွေးလာစေခဲ့သည်။ သူသည် ထိုနေရာမှာ လုံးဝနွေးထွေးပျော်ရွှင်စွာနှင့် လဲလျောင်းနေပြီး မကြာပီ သူ၏ ပျော်ရွှင်မှုအတွက် သီချင်းစတင် သီကြူးလေသည်။
ဖြတ်သွားသည့် ကြောင်တစ်ကောင်က ငှက်တေးသီနေသည်ကို ကြားသွားပြီး လေ့လာကြည့်ဖို့ရောက်လာသည် အသံနောက်လိုက်ရင်း နွားချေးပုံအောက်က ငှက်ကို ရှာတွေ့သွား၏။
ချက်ခြင်းအပြင်သို့တူးဆွ ထုတ်ကာ ငှက်ကို စားပစ်လိုက်လေတော့၏

သင်ခန်းစာ- (၁)သင့်အပေါ် ချေးပါချသူတိုင်းသည် သင့်ရန်သူမဟုတ်၊
(၂)သင့်ကို ချေးပုံထဲမှ ဆွဲထုတ်သူတိုင်းသည် သင့်မိတ်ဆွေ မဟုတ်၊
(၃)သင်ချေးပုံထဲ နစ်နေသောအခါ သင့်ပါးစပ်ကို ပိတ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်



ဟောပြောပွဲတစ်ခုမှာ ဟောပြောသူတစ်ဦးကလက်ထဲမှာ ဒေါ်လာ ၂၀ ကို ထောင်ပြပြီး
ပရိသတ် ၂၀၀ ကို “ ဒီ ဒေါ်လာ ၂၀ ကိုဘယ်သူလိုချင်လဲ” လူအတော်များများ လိုချင်ကြောင်း လက်ထောင်ကြတယ်။ သူ ဒေါ်လာ ၂၀ ကို လုံးချေလိုက်ပြီး “ဘယ်သူယူမလဲ” လို့ထပ်မေးပြန်တယ်။ လက်ထောင်တဲ့သူကတော့ ရှိနေသေးတာပဲ။ “ဒါဆို ဒီလိုလုပ်လိုက်ရင်ကော” သူ ဒေါ်လာ ၂၀ကိုအောက်ပစ်ချလိုက်ပြီး ခြေထောက်နဲ့ နင်းချေလိုက်တယ်။ ဒေါ်လာ ၂၀ တွန့်ကြေပြီး ညစ်ပတ်သွားတယ်။ “ကယ် ဘယ်သူယူအုံးမလဲ” လက်ထောင်ကြသေးတယ်။ “သူငယ်ချင်းမိတ်ဆွေတို့ အရမ်းအနှစ်သာရရှိတဲ့အကြောင်းကိုပြောသွားတာ သိလိုက်ကြလား။ ဘယ်လိုလုပ်လုပ် ဒေါ်လာ ၂၀ က ဒေါ်လာ ၂၀ ပဲ။ အားလုံးလိုချင်နေတာပါပဲ။ တန်ဖိုးမလျော့သွားပါဘူး။

လူ့ဘ၀ခရီးလမ်းမှာလဲ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကြောင့် ဒါမှမဟုတ် ဆုံးဖြတ်ချက်တစ်ခုကြောင့် မှားယွင်းတာကို ကိုယ့်ဘာသာကို လုံးဝအသုံးမကျဘူးလို့ ယူဆကြတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သင်ကသင်ပါပဲ။ ညစ်ပတ်နေတဲ့ အ၀တ်တွေကိုဝတ်ထားပါစေ။အားလုံးဟာ အဖိုးမဖြတ်နိုင်တဲ့သူတွေပါပဲ။



2 comments:

  1. သုံးပုဒ် လုံးကောင်းပါတယ် ဒါပေမဲ့ နောက်ဆုံးအပုဒ်ကို ပိုကြိုက်တယ်

    ReplyDelete
  2. သုံးပုဒ် လုံးကောင်းပါတယ် ဒါပေမဲ့ နောက်ဆုံးအပုဒ်ကို ပိုကြိုက်တယ်

    ReplyDelete