20 September, 2010

ကမ္ဘာပထမဦးဆုံး ခြေနင်းပြီး မောင်းနှင်နိုင်သော ရေငုပ်သင်္ဘော စမ်းသပ်အောင်မြင်

ကာဗွန်ဖိုက်ဘာ ကိုယ်ထည်ကို အသုံးပြုကာ ရေထုတွင် လွယ်ကူစွာ ထိုးဖောက် ခုတ်မောင်းသွားလာ လှုပ်ရှားနိုင်ရန် ပြေပြစ် သွက်လက် သည့် ပုံသ္ဌာန် ပြုလုပ်ထားသည့်  Scubster အမည်ရှိ ခြေနင်း ပြီးမောင်းနှင်ရသော တစ်ယောက်စီး ရေငုပ်သင်္ဘောကို ပြင်သစ် ဒီဇိုင်နာ Minh-Lôc Truong နှင့် Stephane Rousson တို့က တက္ကသိုလ် အင်ဂျင်နီယာ အဖွဲ့၏ အကူအညီဖြင့် တည်ဆောက်ခဲ့သည်။

၂၀၁၀ ဇူလိုင်လ ၂၈ ရက်နေ့က အဆိုပါ ခြေနင်း ရေငုပ်သင်္ဘော Scubster ကို  ဒီဇိုင်နာ Stephane Rousson က စီးနင်း လိုက်ပါလျက် ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ရေပြင်အောက်တွင် အောင်မြင်စွာ စမ်းသပ်မောင်နှင် နိုင်ခဲ့ပြီဖြစ်သည်။

http://patheincity.com/news/

http://patheincity.com/news/

http://patheincity.com/news/

http://patheincity.com/news/

http://patheincity.com/news/

http://patheincity.com/news/

ကိုယ်ထည် အဝါရောင် နှင့် တော်ပီဒို တစ်လုံးနှင့် ခပ်ဆင်ဆင်တူသော ထိုခြေနင်း ရေငုပ်သင်္ဘော Scubster ကို အမြန်နှုန်း တစ်နာရီလျင် ၁၀ ကီလိုမီတာ (တစ်နာရီ ၆.၂ မိုင်) အထိသွားနိုင်ပြီး ရေအနက် ၅ မီတာ (၁၆ ပေ) အထိငုပ်နိုင်ရန် ပုံစံထုတ်ထားသည်။

Scubster ကို လာမည့် ၂၀၁၁ ဇွန်လတွင် မေရီလန်းရှိ Naval Surface Warfare Center-Carderock Division တွင် ကျင်းပမည့် နိုင်ငံတကာ ရေငုပ်သင်္ဘော ပြိုင်ပွဲ (International Submarine Race) တွင် ပြသနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

ဂျပန်မော်ဒယ်ဂဲလ် ကေရိုဆာတိုက သူမသည် ယောကျာ်းတစ်ဦးဖြစ်ကြောင်း ဝန်ခံ

နာမည်ကျော် ဂျပန် ဖက်ရှင်မော်ဒယ် နှင့် Nico video game ကုမ္ပဏီ၏ ဂိမ်းဇတ်ကောင် သရုပ်ဆောင် တစ်ဦးဖြစ်သူ ကေရို ဆာတို(Kayo Sato) သည် သူမ၏ ဘဝ  အစစ်အမှန်မှာ အမျိုးသားတစ်ဦး ဖြစ်ကြောင်း ကို ရုပ်/သံအစီအစဉ်မှ တစ်ဆင့် ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သိရသည်။

သူမ၏ လိင်အစစ်အမှန်နှင့် ပါတ်သက်၍ ကောလာဟလ အချို့ ထွက်ပေါ်လာခဲ့ပြီးနောက် အသက် ၂၂ နှစ်အရွယ်ရှိ ဂျပန်မော်ဒယ်က လူအများအား ရှင်းလင်း ပြောကြားသင့်သည်ဟု ခံစားရသောကြောင့် ယခုကဲ့သို့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ Nico video game ကုမ္ပဏီ၏ ပင်တိုင် အစီအစဉ် တင်ဆက်သူ နှင့် ဂိမ်းသရုပ်ဆောင် ကေရိုသည် မကြာသေးမီက ရုပ်/သံ အစီအစဉ်မှတဆင့် သူမသည် အမှန်တစ်ကယ် ယောက်ျားတစ်ဦး ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

http://patheincity.com/news//HLIC/d47f22d9dad1562c9bc7e7d399d2c033.jpg

သူမသည် သူမ၏ ဇာတိမြို့မှ ထွက်ခွာခဲ့ပြီး နာမည်ပြောင်းကာ အမျိုးသမီးတစ်ဦး အဖြစ် ဇတ်မြှုတ် နေထိုင်ခဲ့ခြင်းကြောင့် သူမအား မည်သူမှ မမှတ်မိခြင်း ဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ပြောင်းရွေ့ပြီး မကြာမီ မော်ဒယ် အေဂျင်စီ တစ်ခုမှ သူမအား ရွေးချယ်ခဲ့သောကြောင့် အမျိုးသမီး ကိုယ်ဟန်ပြမယ် တစ်ဦးအဖြစ် စတင်အသက်မွေးခဲ့ခြင်း ဖြစ်ကြောင်း၊ အေဂျင်စီမှ မည်သူ တစ်ဦးတစ်ယောက်ကမှ သူမကို သံသယ မရှိခဲ့ကြောင်း သိရသည်။

သူမသည် ခန္ဒာကိုယ် ခွဲစိတ်ပြုပြင်ခြင်း မလုပ်ခဲ့သောကြောင့် ယခုအချိန်အထိ သဘာဝအတိုင်း ယောက်ျားတစ်ဦး အနေဖြင့်သာ ရှိသေးကြောင်း၊ ယခုကဲ့သို့ အမျိုးသမီးမော်ဒယ် အဖြစ် အောင်မြင်ခဲ့ခြင်းမှာ သူမ၏ ပင်ကိုယ် မျက်နှာအနေအထား၊ ခန္ဒာကိုယ် တည်ဆောက်ပုံ အချိုးအစား နှင့် မိတ်ကပ် အစွမ်းကြောင့် ဖြစ်ကြောင်း ကေရိုက ပြောကြားပါသည်။
http://patheincity.com/news//HLIC/168509cdca1c398e241820e32364e063.jpg
ကေရိုအနေဖြင့် ယခုကဲ့သို့ အမျိုးသား တစ်ဦးအဖြစ် ဝန်ခံလိုက်သော်လည်း ပရိသတ် အများစုက သူမအား မိန်းကလေးမော်ဒယ် တစ်ဦးအဖြစ် သဘောထားလျက်ပင်ရှိကာ ယခုကဲ့သို့ အဖြစ်မှန်ကို ထုတ်ဖော် ပြောဆိုလိုက်ခြင်းသည် လက်ရှိသူမ၏ အောင်မြင်မှု အနေအထားကို ထိခိုက်မှု မရှိကြောင်း သိရသည်။

http://patheincity.com/news//HLIC/1be131826b18cf797840e720b2855dd4.jpg

ကေရို သည် စတင်ဘာလ ၂ ရက်နေ့က သူမ၏ ဘလောဒ့်တွင် သူမ၏ ဘဝ အစစ်အမှန်ကို ဝန်ခံလိုက်ရသည့်အတွက် စိတ်ထဲတွင် ကျေနပ်မိကြောင်း၊ သူမကို အခွင့်ရေးပေး လက်ခံကြပြီး အားပေးစကား ပြောကြသည့်အတွက် အလွန်ဝမ်းသာမိပါကြောင်း၊ ဖော်ပြပါအတိုင်း ကျေးဇူးတင်စကား ရေးသားခဲ့သည်။

“To everyone who received my message.

Thank you everyone for the comments.
I have received so much courage from them.

As I said on the show I was born a boy.
I feel really good about being able to tell everyone about my past.

I appreciate you guys giving me this opportunity.

I will continue to work as Kayo Sato and keep moving forward.

I’m really happy that many people have accepted me and my new start.

Thank you all very much.”

ထို့ကဲ့သို့ သူမ ရေးသားပြီးနောက်ပိုင်း သူမ၏ သတ္တိရှိရှိ ထုတ်ဖော်မှု အတွက် မည်သို့သော အပြစ်တင်ရှုံ့ချမှုများကိုမှ မကြုံရဘဲ ပရိသတ်ပေါင်း များစွာက အပြုသဘော ဆောင်သော ဝေဖန်မှုများနှင့် အားပေးစကား များစွာသာ ရရှိခဲ့သည်။

http://patheincity.com/news//HLIC/d37f4a86d6e72c76466a400a7bb74e15.jpghttp://patheincity.com/news//HLIC/757216ce638220ec8602d6332afb7742.jpg http://patheincity.com/news//HLIC/780cfc35ff22ce0f3d6d04b54c6f4294.jpg

http://patheincity.com/news//HLIC/e6e31feebf9eae95417394fe31c96b6d.jpg

http://patheincity.com/news//HLIC/b999aeb976f51084866d9d5f5a72389f.jpg

http://patheincity.com/news//HLIC/f7d25969e97af2f5c6791abe469aeea2.jpg

http://patheincity.com/news//HLIC/0403c2981ae349a6e3853fb6fe6f9929.jpg

http://patheincity.com/news//HLIC/78571bd920b7143c84b9ec12f4680d58.jpg

http://patheincity.com/news//HLIC/80900c2acba4a64d70a1e3ff8b941d80.jpg

http://patheincity.com/news//HLIC/79f66443ccdacccccb7eb90a5a6259ea.jpg
http://patheincity.com/news/wp-content/uploads/2010/09/kayosato.jpg



18 September, 2010

နတ်သမီး

သူ့ပါးမို့မို့…ချစ်စရာမို့

သူ့မျက်ဝန်းရယ်…လဝန်းနှယ်

သူ့ကိုယ်ရောင်ရယ်…ငွေအဆင်းခြယ်

အလင်းတွေပေးတယ်..တစ်ကမ္ဘာလုံးဝယ်

ကြယ်လေးတွေလည်းမင်းနားဝယ်

ညဆိုစုဝေးခစားတယ်…

ငါလည်းအမြဲတမ်းမင့်အနားဝယ်

ခစားချင်တယ်..တစ်သက်လုံးကွယ်

မြတ်နိုးခွင့်တော့..ပေးသင့်တယ်

ချစ်လှစွာသော..နတ်သမီးရယ်

10 September, 2010

နင်ထားသွားရင်

ငါအရင်က နင်ထားသွားရင် ရူးသွားလိမ့်မယ်လို့ထင်တာ

ခု ရူးလဲမရူးသွားပါဘူး ...

ရူးမသွားတဲ့အပြင် အရင်ကမေ့ထားပြီးသား

အမှတ်တရလေးတွေတောင်ခုမှတစ်ကအစသတိတွေရလို့ ...


ငါအရင်ကနင်ထားသွားရင် မုန်းမိမယ်ထင်တာ

ခုတော့နင့်ကိုလဲမမုန်းဘူး ...

ငါကိုယ်တိုင်လဲမပျော်ဘူးဟာ..


ငါအရင်ကနင်ထားသွားရင် ခဏခဏငိုမိမယ်ထင်တာ

ခုတော့မငိုမိပါဘူး...

ဒါပေမယ့် ငါ့တစ်ဘ၀လုံးအပြုံးမရှိတော့ဘူး ...


ငါအရင်ကနင်ထားသွားရင် လွတ်လပ်သွားမယ်ထင်တာ

ခုတကယ်ကမလွတ်လပ်ဘူး..

ငါတစ်ယောက်တည်း နင့်အရိပ်တွေကြားမှာပိတ်မိလို့ ...

ငါတစ်ယောက်တည်းလွမ်းနေတာပါဟာ..........