24 February, 2010

အနုပညာရှင်တွေရဲ့ ဖုန်းနံပါတ်ပါ

နေတိုး-095193318
မိုးအောင်ရင်-095012600
လင်းလတ်ဟိန်း-099927380
အစ္စဏီ-584501
စိုင်းစိုင်းခမ်းလှိုင်-095016053
ရဲလေး-095111281
ထွန်းထွန်း-095136585
နိုင်းနိုင်း-573737
Lလွန်းဝါ-095138878
နန္ဒစိုင်း-505403
မိုးမြင့်အောင်-095128683
ရန်အောင်-095015518 ၊ 3541372
လူမင်း-098022155 ၊ 095011771
ဟိန်းဝေယံ-379739 ၊ 250143
ကျော်ဟိန်း-34970 ၊ 5019252
ဟဲလေး-095117151



ရေဗက္ကာဝင်း-095149662
Lဆိုင်းဇီ-095191251
ဆုန်းသင်းပါရ်-095150990
ပုလဲဝင်း-095172505
စိုးပြည့်သဇင်-095001199
မေနန်းခေါင်-095199838
မေထွဋ်ခေါင်-095077999 ၊ 556570
ဇင်ဇင်ဇော်မြင့်-220831 ၊ 095108855
ပြည့်ဖူးခိုင်-095103940 ၊ 095144028
ရတနာ-660371 ၊ 095015515
ဟန်နွေငြိမ်းJenny-224610
မေကဗျာ-095019883
ရည်မွန်-512391
စန္ဒီမြင့်လွင်-095031411
သင့်ဇာဝင့်ကျော်-095012777
နန်းစုရတီစိုး-256851 ၊ 095019742
အေး/နှင်းဝတ်ရည်သောင်း 095035556
နန္ဒာလှိုင်-666510 ၊ 095131592
န၀ရတ်-095010034
သက်မွန်မြင့်-095022559
အူဝဲ-095163082 ၊ 548612
မိုးဟေကို-095109343
ချစ်သူဝေ-386732
ရတနာမိုင်-554259
အေးမြတ်သူ-09548563
ခရစ္စတီးနား-095179714
ဖြူဖြူကျော်သိန်း-098022834
သဇင်-095152992
ပုလဲဝင်း-095172505
မေသက်ခိုင်-095186681

22 February, 2010

VZO မှာ မြန်မာလိုချက်လို့ချက်ချင်ပါသလား

              VZO မှာ ပါတဲ့ ဖန်ရှင်အရဆိုရင် မြန်မာဖောင်နဲ့ ရိုက်လို့ မရပါဘူးခင်ဗျ.. ဒါပေမယ့်လည်း မြန်မာဖောင့်ပေါ်ပါတယ် word document မှာရိုက်ထားတဲ့ စာကို ကော်ပီကူးပြီး ပေ့ခ်ျလုပ်ကြည့်
ပါ တွေ့ မှာ မဟုတ်ဘူး မပေါ်ဘူး..ဒါပေမယ့် ပေါ်အောင်လုပ်လို့ ရပါတယ် လုပ်ရမှာကတော့ ဂျီတော့ ထဲမှာ ရိုက်ထားတဲ့ ဘောက်ထဲ မှာ ပေါ်ထားတဲ့ စာမှန်သမျှကို ပြန်ပြီးတော့ ကော်ပီကူးရင် ပေါ်ပါတယ်.. ကိုယ့်ဂျီတော့ ထဲမှာဘဲ အွန်လိုင်းမရှိတဲ့ လူတစ်ယောက်ကို ချက်ဆိုပြီးနိုပ်လိုက် ပါ. ပြီးရင် go off record ကို ပြောင်းလိုက်ပြီး ကိုရိုက်ချင်သမျှကို အဲ့မှာ ရိုက်ပြီးတော့ ကော်ပီကူး ပြီးတော့ VZO မှာ  ပေခ်ျ့လုပ်လိုက်ပါဗျာ လွယ်လွယ်လေးပါ ကော်ပြီလုပ်တဲ့ အခါ မြန်အောင်လို့  short key ဖြစ်တဲ့ Ctrl + C ကို ကော်ပီအတွက် သုံးလိုက်ပြီး Ctrl + V ကို တော့ ပေခ်ျ့ အတွက်သုံးပါတယ် ဗျာ ဒါတွေက တော့ ကွန်ပြူတာသုံးတဲ့ သူတိုင်းသိပါတယ်

ယောက်ျားလေးနဲ့မိန်းကလေးကွာခြားချက်

(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အတွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်ထားလို့။


(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွားနှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။

(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကိုသူတို့ သတိပြုမိကြလိမ့်မယ်။


(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထားတဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့ပြောတယ်။ သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေတတ်တယ်။



(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူနဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့လောင်းကစားလု
ပ်တာပဲ။


(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိမှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။


(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်းကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။

(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်ပြီ။ အဲဒါကတော့ အသက်လိမ်ခြင်းပဲ။


(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။


(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့ ယောက်ျားလေးကို လက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျားလေး ကျပြန်တော့ စိတ်မပါဘူး။


(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။


(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။


(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူတယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။



(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလိုယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။

(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။


(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။


(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်းဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေးအတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ  ယုံကြည်တယ်။


(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာထက်စာရင် ကောင်းသေးတယ်။

(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်ထားတဲ့ နေရာလည်းဖြစ်တယ်။


(၂၀) လူ….လူ…လူ…လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်လုံးဖြစ်တယ်။

အမျိုးသားများ ကိုယ်ဝန်ဆောင် နိုင်ပြီ

အမေရိကန်မှ ကိုယ်ဝန်ဆောင်သည့် အမျိုးသား
             
                   Thomas Beatie မှာ အမေရိကန် ပြည်ထောင်စု အော်ရီဂွန် ပြည်နယ် ရှိမြို့တွင် ၎င်း၏ ဇနီး Nany Roberts နှင့် အတူ နေထိုင်သူ ဖြစ်သည်။ ၎င်းတွင် မုတ်ဆိတ်မွှေးများ ရှိပြီး ယခုအချိန်တွင် ကိုယ်ဝန် (၅)လ ရှိနေပြီ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

                   Beatie မှာ လိင်ပြောင်းလဲ ထားသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး မူလက ဟာဝိုင်ရီတွင် နေထိုင်ကာ Tracy Lagondino အမည်ဖြင့် နေထိုင်ခဲ့သူဖြစ်သူ ၎င်း မှာ မိန်းမလျာများ အခွင့်အရေး လှုပ်ရှားသူ တစ်ဦးအဖြစ် ထင်ရှား ခဲ့သည်။ ၎င်းမှာ လိင်ပြောင်းလဲ ခွဲစိတ်မှု့လုပ်ခဲ့ပြီး နောက် ရင်သားများကိုလည်း ခွဲစိတ် ထုတ်ပစ်ခဲ့ပြီး testosterone ထိုးဆေးများ ပုံမှန်ထိုးသွင်း ခဲ့ကာ ယောကျာင်္းဘဝကို တရားဝင်ခံယူခဲ့သူဖြစ်သည်။ သို့ရာတွင် သူမ၏ အမျိုးသမီး မျိုးပွား အင်္ဂါကိုမှု ထုတ်ပစ်ခဲ့ခြင်း မရှိပေ။

                    လက်ရှိ အခြေအနေတွင်မူ ၎င်း၏ ဇနီးဖြစ်သည့် Nancy Robert မှာ ကလေးမရနိုင်တော့သည့် အခြေ အနေကြောင့် ယခုလို သူမကိုယ်စား ကိုယ်ဝန်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ယခင်က ပထမဆုံး အဖြစ် တစ်ကြိမ် စမ်းသပ်ခဲ့ဖူးပြီး အသက်အန္တရာယ် ထိခိုက်လောက်အောင် ဒုက္ခရောက်ခဲ့ရသည်။ ယခုအကြိမ်တွင်မူ အမည်မသိ သုတ်သွေး အလှူရှင်၏ အကူ အညီဖြင့် အောင်မြင်စွာ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။

                     ယခုလို ကိုယ်ဝန်ဆောင်ရသည့် အတွေ့ အကြုံအား မေးမြန်းရာ၌မူ ၎င်းအနေဖြင့် ကိုယ်ဝန်ဆောင်သည့် အမျိုးသားတစ်ဦးလို ပင်ခံစားရကြောင်း နှင့် လာမည့် ဇွန်လတွင် ကလေးမွေးရန် သက်မှတ်ထားကြောင်း ပြောကြားခဲ့သည်။

21 February, 2010

ကွန်ပျူတာကို keyboard မသုံး mouse မသုံးပဲ microphone နဲ့ ကွန်ပျူတာကို ကိုင်တွယ်အသုံးပြုနိုင်

window 7 ကွန်ပျူတာကို microphone ကနေတစ်ဆင့် ပါးစပ်နဲ့ပြောပြီး ကိုင်တွယ်အသုံးပြုနိုင်ပါတယ် . အသုံးပြုနည်းကတော့ လွယ်ပါတယ် .

အသုံးပြုနည်း
  • (၁) start >> control panel >> Ease of Access ကို ရွေးလိုက်ပါ .
  • (၂) speech recognition >> set up a microphone ကို နှိပ်လိုက်ပါ .
  • (၃) microphone ကို တစ်ခါတည်း plug ထိုးထားလိုက်ပါ . အဲ့ဒါဆိုရင်
  • Headset microphone , Desktop microphone, other ဆိုပြီးတော့ သုံးခုရှိတဲ့အထဲက ကိုအသုံးပြုတဲ့ microphone ကို ရွေးလိုက်ပါ ပြီးတော့ Next ပေါ့ .
  • (၄) Next ကို ဆက်နှိပ်လိုက်ပါ . အ၀ါ၊ အစိမ်း၊ အပြာ သုံးရောင်ခြည်ထားတဲ့ အတန်းတစ်တန်းကို တွေ့ရင် မိုက်ကနေ စမ်းပြီးတော့ပြောလိုက်တာနဲ့ mic ကောင်းရင် next ကိုနှိပ်ဖို့ပေါ်လာပေးပါတယ် . နောက်တစ်ခါ next ကို ထပ်နှိပ်လိုက်ပါ . အသံပြောလိုက်ပြီးရင် အဆင်ပြေသွားပြီဆိုတာနဲ့ finish ပေါ်လာပါလိမ့်မယ် .

Microphone ကိုတော့ စမ်းပြီးတော့ အိုကေသွားပြီထင်ပါတယ် အခုလောက်ဆို

ဒုတိယအဆင့်အသံစမ်းမယ် .
  • (၁) ဒုတိယအဆင့်က ကိုယ့်အသံကို စမ်းစစ်မယ် . နားကြပ်တပ်ထားလိုက်ပါ .
  • (၂) start >> control panel >> Ease of Access >> start speech recognition ကိုရွေးလိုက်ပါ .
  • (၃) ပေါ်လာတဲ့ box ကို on ထားလိုက်ပါ . ပြီးတာနဲ့ မိုက်နဲ့စမ်းပြီးတော့ အမိန့်ပေးပြီး အဖွင့်အပိတ် အမိန့်ပေးလို့ ရသွားပါပြီ . အဲ ကိုယ့်အသံက အသံနေအသံထား မှန်မမှန်ဆိုတာကို အရင်ဆုံး စမ်းစစ်လိုက်ပါ .
  • (၄) start >> control panel >> Ease of Access >> speech recognition ကိုရွေးလိုက်ပါ
  • (၅) train your computer to better understand you ဆိုတာကို နှိပ်လိုက်ပါ . နောက်တစ်ခုက take speech tutorial ကို ရွေးပြီးတော့လဲ ကျင့်လို့ရပါတယ် . သူပြောခိုင်းတဲ့ စကားလုံးတွေကို ကိုယ့်ပါးစပ်ကနေ လိုက်ပြောကြည့်ပါ မှန်တယ်ဆိုရင် နောက်ထပ်တစ်လုံး အလိုလိုတိုးသွားပါလိမ့်မယ် . ကဲ
  • (၆) အားလုံး အိုကေပြီ ကိုယ့်အသံကလဲ အသံနေအသံထားမှန်ပြီဆိုရင်တော့ ဖြင့် အပေါ်က ပထမနည်းအတိုင်း အသံကို On ထားလိုက်ပါ . ပြီးတာနဲ့ အားလုံးကို ပိတ်လိုက်ပြီး မိုက်ပုံစံလေးကို နှိပ်လိုက်တာနဲ့ Off ကနေ On ဖြစ်သွားပါလိမ့်မယ် . ကဲစပြီးတော့ လက်တွေ့စမ်းကြည့်လိုက်ပါ . မနက်ကျရင် ကျွန်တော် movie နဲ့ပြန်ရှင်းပြပါ့မယ် . ဒါပေမယ့်လွယ်ပါတယ် . စမ်းကြည့်လိုက်ပါ . အရင်ဦးဆုံး start ဆိုပြီးတော့ မိုက်နဲ့ ပြောကြည့်လိုက်ပါ . start menu bar တက်လာရင်တော့ အဲ့ဒါ အဆင်ပြေသွားပါပြီ ကျန်တာတွေကိုတော့ ကိုယ့်ဟာကိုပဲ အသံမှန်အောင် လေ့ကျင့်ပြီး ကွန်ပျူတာကို ခိုင်းလို့ရသွားပါပြီ .

                             http://www.nyinaymin.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်...

အင်တာနက်သုံးရင် သိထားသင့်တာလေးတွေပါ

(၁) မိမိမသိတဲ့မေးလ်ကို ဖွင့်ဖောက်မကြည့်မိပါစေနဲ့ . ဖွင့်ကြည့်မိသည့်တိုင်အောင် ဓါတ်ပုံနှင့် ပို့ပေးထားသည့် ဘာမှန်းမသိသည့် program ကို install မလုပ်ပါနှင့် . မည်သည့် program ကိုမဆို rename ပြောင်းလို့ရပါတယ် .
(၂) internet ကို အပြင်ဆိုင်များတွင် မဖြစ်မနေသုံးရင် keylogger ရှိမရှိ သေချာဆန်းစစ်ပြီးမှ သုံးပါ ..
(၃) firefox ကို သုံးပြီး email ၀င်တိုင်း remember this computer ကိုတာကို အမှန်ခြစ်မပေးမိပါစေနဲ့ . မိမိရဲ့ password ဟာ firefox browser မှာ ကျန်ခဲ့သလား မကျန်ခဲ့သလား သိချင်ရင် Tools >> options >> security ကို သွားလိုက်ပါ . ပြီးလျှင် saved passwords ကို နှိပ်ပါ . ပေါ်လာတဲ့ box ထဲက show password ကို ဆက်နှိပ်လိုက်ပါ . အဲ့မှာ ကျန်နေခဲ့လျှင် remove all ကို နှိပ်ပြီး ရှင်းလင်းခဲ့နိုင်ပါတယ် . cookies တွေ ကျန်နေခဲ့မှာ စိုးရင်တော့ ccleaner လို program မျိုးနဲ့ ရှင်းခဲ့လျှင် ပိုစိတ်ချနိုင်ပါသည် .
(၄) keylogger ကို ဖျက်ပစ်နည်းကို အရင်ပို့စ်တွေမှာ ရေးခဲ့ပြီးသားပါ . အဲ့ဒီ့အတွက်တော့ နားလည်မယ်လို့ မျှော်လင့်ပါတယ် . နောက်တစ်ခုက keylogger မဟုတ်ဘဲ တစ်ခြား မိမိလုပ်ဆောင်ချင်ကို မှတ်သားပေးနိုင်တဲ့ recorder တွေလဲ ရှိပါသေးတယ် ကျွန်တော် အလျင်းသင့်သလို ရေးသွားပေးပါ့မယ် .
(၅) နောက်တစ်ခုက flash drive တစ်ခုဆောင်ထားပြီး ဆိုင်က program တွေကို မသုံးပဲ လိုအပ်တဲ့ program တွေကို မိမိ flash drive ထဲမှာ portable အဖြစ် ယူလာပြီးသုံးတာ ပိုအဆင်ပြေစေပါတယ် .

20 February, 2010

Google Buzz

သူငယ်ချင်း တစ်ယောက်ဆီက အခုလိုလေးး Fwd Mail တစ်စောင်ဝင်လာတယ်.. ဖတ်ကြည့်လိုက်ကြပါဦးး Google Buzz နဲ့ ပတ်သတ်ပြီးးရှောင်ဖို့ တွေပေါ့ .ကျွန်တော်ကတော့ ပိတ်လိုက်ပြီဗျို့ ...

Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။

Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။ follow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရသွားပြီ။ ကျွန်တော် မတင်ဘဲနဲ့လဲအခြား Google က services တွေ မှာ ကျွန်တော်လုပ်သမျှ Buzz မှာ update
လုပ်နေတယ်။ ဥပမာ Google Reader မှာ တစ်ခုခု share တာမျိုးကို
အကုန်ကြည့်လို့ ရနေတယ်။ နောက် Gtalk Status message ကိုလဲ update လုပ်တယ်။

Google Profile မှာ ကိုယ့်ဖြည့်ထားသလောက် information ကလဲ လူတိုင်းကြည့်လို့ရနေပြီ။ အရင်က profile ကို hide လုပ်ထားလို့ရတယ်။ အခု Buzz ထွက်လာတော့ profile က ကျွန်တော့် message က နာမည်ကို နှိပ်လိုက်တာနဲ့တန်းပြီး ကြည့်ရုံပဲ ဖုန်းနံပါတ်တွေ Geolocation တွေများ ထည့်ထားသေးရင်ဘယ်နားရောက်နေတယ် ဆိုတာပါသိရမယ်။ အရမ်းကြောက်ဖို့ ကောင်းတယ် နောက် Google ကlive Search လိုမျိုးလုပ်ပြီး လူတိုင်း messages တွေကို ဝင်ရှာနိုင်တဲ့
service မျိုးလုပ်နိုင်သေးတယ်။ မိုဘိုင်းဖုန်းကနေ Nearby Search
အခုလုပ်လိုက်ရင် Buzz ကို မိုဘိုင်းဖုန်းသုံးနေတဲ့ သူတွေ
(မြန်မာနိုင်ငံသားတွေ) အကုန်ရှာလို့ ရနေတယ်။

တော်တော်လေးလန့်သွားတယ် ကျွန်တော်က VIP ပုဂ္ဂိုလ်လဲမဟုတ်ဘူး ကိုယ့်အကြောင်းကို ဖုံးထားမှ ဖြစ်မယ့် လူမျိုးလဲ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့် အကြောင်းကို web ပေါ်မှာ အကုန်ကြည့်လို့ ရနေတာကိုတော့တော်တော်လေးလန့်သွားတယ်။ လောလောဆယ် Buzz ထဲမှာ Mashable လိုမျိုးကို followလုပ်လို့ရတယ်။ သူတို့ ဘာတွေ အသစ်တင်လဲဖတ်လို့ရတယ် comment
ဝင်ရေးလိုက်ပြီဆိုပါစို့ အဲဒီ comment မှာပါတဲ့ ကျွန်တော့် နာမည် profile
ကနေ email ဖြည့်ထားရင် spam mail ပို့လို့ရပြီ။ Geolocation နဲ့ Buzz ကို
update လုပ်ထားရင် ကျွန်တော်ရှိတဲ့ နိုင်ငံကို လိုက်ပြီး location based
Spam ကြော်ငြာတွေ ပို့လို့ရပြီ။ ပြောလို့မရဘူး contact မှာပါတဲ့
ဖုန်းနံပါတ်တွေကို mobile ဖုန်း ကြေငြာလုပ်တဲ့ သူတွေ location based နဲ့
လိုက်ရှာပြီး SMS ကြော်ငြာတွေ ပို့လို့ ရနေမယ်။ အနည်းဆုံး SMS နဲ့
မင်းထီပေါက်ပါတယ် ဆိုပြီး လာတဲ့ အချိန် ထီထိုးထားမိရင် ကျွန်တော်သာဆို
ယုံမိတော့မှာပဲ။

Google Buzz က အမှန်တော့ Twitter + FaceBook’s Like + Geolocation ပေါင်းထားတာပဲ။ Google က အချိန်တို အတွင်းမှာ သူ့ရဲ့ Social Networking ဆိုဒ်ကို အကြီးကြီးဖြစ်လာချင်တော့ အတင်း force လုပ်ပြီး ကျွန်တော် ဘာမှမသိလိုက်ရပဲ ကျွန်တော့် Gtalk list ထဲက သူတွေကို follow
လုပ်ထားပြီးသားဖြစ်နေတာ တွေ့ရတယ်။ မလုပ်ရသေးတဲ့သူများဆိုလဲ Recommanded
ဆိုပြီး လာပြနေသေးတယ်။ Spammer တွေအတွက် အကောင်းဆုံး ဂွင်တစ်ခုလိုဖြစ်နေပြီ
bot များရေးထားပြီး crawl လုပ်လိုက်ရင် Buzz ကနေ နာရီဝက်လောက် အတွင်းမှာ
email contact ပေါင်းသိန်းချီရနိုင်တယ်။ ပြီးရင် အဲဒီကောင်တွေ ကို business
တွေဆီ ဒေါ်လာ ရာဂဏန်းလောက်နဲ့ ရောင်းစား ပိုက်ဆံရှာလို့ရတယ်။

ထွက်တာ ၂ ရက်ပဲရှိသေးတဲ့ Buzz ရဲ့Privacy သတင်းကတော့ web ပေါ်မှာ တော်တော်လေးပြန့်နေတယ်။ အခု ကျွန်တော်ရေးထားတာတောင် personal အမြင်ပဲ ရှိသေးတယ် security professional တွေရဲ့ articles တွေ အခုပဲ “Google Buzz
Privacy” ဆိုပြီး ရှာလိုက်တာတောင် result 66,300,000 အဲဒီလောက်ထွက်နေပြီ။
ကျွမ်းကျင်တဲ့သူတွေ ရေးထားတာကို ရှာဖတ်ကြည့်လေ Buzz က
ကြောက်စရာကောင်းလာလာလေလေ ဖြစ်လာတာနဲ့ ကျွန်တော်ကတော့ Buzz ကို
လုံးဝပိတ်လိုက်ပြီ။ ပိတ်ချင်ရင် Gmail အောက်ဆုံးမှာ turn off buzz ဆိုပြီး
ရှိပါတယ်။ အဲဒီကနေ ပိတ်လို့ရပါတယ်။ ကျွန်တော်ကတော့ Buzz သုံးလိုက်ကတည်းက
online privacy နဲ့ပက်သက်ပြီး shock ရသွားတယ် ပထမဆုံးဘဲ။ Google လိုမျိုးက
သူ့ product အောင်မြင်ဖို့ဆို ကျွန်တော်တို့ privacy ကို ချနင်းဖို့
ဝန်လေးပုံ မရဘူး။ Sad
ref : M51A မှကူးယူဖော်ပြခြင်းဖြစ်ပါသည် 


ကျွန်တော်လည်းပိုသေချာအောင်လိုက်ရှာကြည့်တာ..ဒီဆိုက်မှာဒီလိုရေးထားတယ်ဗျ..နိုပ်ကြည့် ပါခင်ဗျ..။

WARNING: Google Buzz Has A Huge Privacy Flaw

                                        မြန်မာချက်အွန်လိုင်းဖိုရမ်မှ ရေးသားချက်ကို တင်ပြထားခြင်းဖြစ်ပါတယ်....

14 February, 2010

Valentine Day

Valentine Day ၏အစဖြစ်သော အချစ်ပွဲတော်အား ရှေးဟောင်းရောမများက Spiritual Love စိတ်ဝိဥာဉ် အချစ်အား ဖေါ်ထုတ်သော နေ့တစ်နေ့ အဖြစ် ကျင်းပခဲ့သည့် အစဉ်အလာမှ စတင်ခဲ့ပါသည်။ရောမများက ဖေဖေါ်ဝါရီလ၏ အလယ်တစ်ရက်တွင် ယင်းပွဲတော်အား ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ၎င်းပွဲတော်ကျင်းပရသည့် အကြောင်းအရင်းမှာ ရောမမြို့တော်ကိုတည်ထောင်ခဲ့သည့် ရိုမြူလပ်စ်အား မြေခွေးမတစ်ကောင်၏ နို့တိုက်ကျွေးခြင်းခံခဲ့ရပြီး ယင်းနို့မှ ခွန်အားနှင့်ဥာဏ်ပညာ တိုးပွားစေသည်ဟု ယုံကြည်ကာ နောင်တွင် ယင်းနေ့ရောက်တိုင်း ခွေးတစ်ကောင်နှင့် ဆိတ်တစ်ကောင်အား သတ်ကာ ခွန်အားဗလတောင့်တင်းသည့် လူငယ်နှစ်ဦး၏ ခန္ဒာကိုယ်တွင် အဆိုပါသွေးများသုတ်လိမ်း၍ ၎င်းသွေးများကို နို့ဖြင့်ဆေးကြောကာ ယင်းလူငယ်နှစ်ဦး၏ လက်တွင် သားရေပတ်တစ်ချောင်းစီ ကိုင်ဆောင်စေကာ မြို့တွင်းသို့လှည့်လည်စေပြီး ၎င်းတို့၏အရှေ့ဖြတ်သွားသောလူများကို ထိုသားရေပတ်ဖြင့် လှမ်းရိုက်စေပါသည်။ မြို့တွင်းရှိရောမများကလည်း လိုလိုလားလားဖြင့်အရိုက်ခံကြကာ ထိုသို့အရိုက်ခံခြင်းဖြင့် မျိုးမအောင်သူများ မျိုးအောင်စေသည်ဟု ယုံကြည်ခဲ့ကြပါသည်။

St.Valentine နှင့်အဆိုပါပွဲတော်ဆက်စပ်မှု

St.Valentine ဆိုသည်မှာ ခရစ်ယာန်ချတ်ခ်ျ သမိုင်းတွင်ပါရှိခဲ့သည့် ခရစ်ယာန် အာဇာနည်ဘုန်းတော်ကြီး(၂) ပါး၏ အမည်ဖြစ်ပါသည်။ Valentine Day သည် ၎င်း၂ပါးအနက် ၁ပါးနှင့်ပတ်သက်လျက်ရှိပါသည်။ ၂၉၆ စီအီးတွင်ရောမမြို့အား အုပ်ချုပ်ခဲ့သော ဂျာမန်ဘုရင် ဃူကေိငကျ သည် ၎င်းခေတ်တွင် ရောမစစ်သားများအား စစ်တိုက်ရာတွင် အင်အားကုန်ခန်းမည်ကို စိုးသဖြင့် အိမ်ထောင်ပြုခြင်းအမှုကို ခွင့်မပြုခဲ့ပေ။ သို့သော်ရောမစစ်သည်တို့သည် အမျိုးသမီးများနှင့်ခိုးဝှက်၍ ပေါင်းသင်းနေထိုင်ခဲ့ရာ ခရစ်ယာန်ဘုန်းတော်ကြီး St.Valentine က၎င်းတို့အား လက်ထပ်ထိမ်းမြားပေးခဲ့ပါသည်။ အဆိုပါအခြင်းအရာကို Claudius သိသွားသည့် အချိန်တွင် St.Valentine အားသေဒဏ်စီရင်ကွက်မျက်ခဲ့သဖြင့် နောင်တွင်ခရစ်ယာန်များက St.Valentine အားဂုဏ်ပြုသောအားဖြင့် ယင်းနေ့အား Valentine Day ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတော်နှင့် ပက်သက်၍ လွဲမှားသော အယူအဆ တစ်ရပ်အဖြစ် ရောမများသည် ၎င်းဖေဖော်ဝါရီလ (၁၄) ရက်နေ့ရောက်တိုင်း မြို့လယ်ကွင်းပြင်တွင် အိမ်ထောင်ပြုရန် အရွယ်ရောက်သော အမျိုးသမီးများ၏ အမည်ကို ပေရွက်တွင်ရေး၍ ခွက်အတွင်းထည့်ကာ အရွယ်ရောက်သော အမျိုးသားများက မဲနှိုက်၍ ပေါက်သောအမျိုးသမီးနှင့် တစ်နှစ်အတွင်းပေါင်းသင်းနေထိုင်ခွင့်ရှိပြီး နောက်တစ်နှစ် အဆိုပါပွဲတော်ကျင်းပချိန်တွင် ယခင်စုံတွဲများအနက် ဆက်လက်ပေါင်းသင်းရန် ဆန္ဒမရှိသူ အမျိုးသမီးနှင့် အမျိုးသားများသည် အရွယ်ရောက်သူ ၀င်ရောက်ပါဝင်၍ ထပ်မံမဲရွေးချယ်ကာ နောက်တစ်နှစ်အတွက် ပေါင်းသင်းရန် အတွဲများရှာဖွေကြရပြန်ပါသည်။